Calisthenics Skill ​တွေမှာ Level တွေ တကယ်ရှိသလား - MFTA

Calisthenics Skill ​တွေမှာ Level တွေ တကယ်ရှိသလား

Calisthenics Skill ​တွေမှာ Level တွေ တကယ်ရှိသလား ဆိုတဲ့မေးခွန်း ။ ဆိုလိုတာက Handstand ,Human Flag, Planche စတာတွေက အခက်ဆုံး Skill တွေလို့ အများစုသတ်မှတ်တယ်။

Muscle Up က ပိုခက်တယ် ဆိုသူတွေလည်းရှိပြန်တယ်။

အနှစ် နှစ် လ လ လေ့ကျင့်သူတွေကြားမှာတောင် Unlock စဖြစ်ခဲ့တဲ့ Skill တစ်ယောက်နဲ့တစ်ယောက်မတူဘူး။

ကာလအတော်ကြာသည်အထိ လေ့ကျင့်တာတောင် အချို့တွေအတွက် လွယ်ကူတဲ့ Skill ကို ကိုယ့်ကျမှ မရနိုင်သေးတာမျိုးလည်း ကြုံဖူးကြလိမ့်မယ်။

ဒါတွေက Biomechanical Factor တွေ ၊ ကစားသမားတွေရဲ့ ကြားက မတူညီတဲ့ Body Composition, Kinanthropometric Fact တွေ ၊ ကစားသမားရဲ့ Spatial Awareness တွေ စတာတွေအပေါ်မူတည်နိုင်သေးတဲ့အတွက်ပထမဆုံး Unlock ဖြစ်ခဲ့တဲ့ Skill ချင်း ကွာဟ နေမှာဖြစ်ပါတယ်။

ထို့အတူပဲ ကာလ အတော်ကြာထိ မရနိုင်ကြသေးတဲ့ Skill တွေလည်း မတူညီကြတာတွေ့ရမယ်။

ဥပမာ Calisthenics လောကမှာ YT Influencer ဖြစ်တဲ့ Chris Heria က “Baki Pose Challenge ” ကို သူမလုပ်နိုင်ခဲ့ဘူး ၊ရိုးသားစွာဖော်ပြတယ်။

အဲ့ဒီအချိန်မှာ Asian လူငယ် လေးတွေ ၊ လုပ်ပြနိုင်တာတွေရတယ်။

Movement Training လောက, Pakour, Calisthenics နယ်ပယ်တွေမှာ “Zen Mind ” က အရမ်းအရေးကြီးတယ်။

တစ်ခြားသူနဲ့ နှိုင်းယှဥ်လို့မရဘူး။

အမြဲ Open Minded ထားပြီး Beginner လို မျိုး အဆုံးသတ်မရှိသော လေ့လာမှု မျိုးထားမှသာ အချို့ Barrier တွေကို ကျော်နိုင်တယ်။

ဆိုတော့ Calisthenics မှာ Level တွေရှိသလားဆိုရင် …..ရှိပါတယ်….

ဒါပေမယ့် တစ်ခုတည်းပါ။

အဲ့တာက…. ” Zero Level /Beginner’s Level ” ပါပဲ။

Skill တစ်ခုဆီကို ဘယ် Skill က ဒီနယ်ပယ်မှာပိုအရေးကြီးတယ်ဆိုတာမျိုး ၊ ဘယ် Skill ကိုမရပဲ ၊ ရှေ့ဆက်လို့မရနိုင်ဘူး ဆိုတာမျိုး မရှိပါဘူး၊ အတွေးတွေကို လုံးဝ ပိတ်မထားပါနဲ့။

ဒါအရေးကြီးဆုံးပဲ။

ကျွန်တော် Wai Yan Phyo ပါ။

MFTA ကအသစ်ဖွင့်တဲ့ Perform Max သင်တန်းရဲ့ Course Creator /Educator ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ Dr.John Rusin ရဲ့အသိမှတ်ပြု Pain Free Performance Specialist အောင်မြင်ထားပါတယ်။

#PPSC#MFTA

#Registered#Training#System

#Education#Provider

#FixToFit#Myanmar

#PerformMax

#FounderOfPerformanceRack

#LeverArm#PMx

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta