Body transformation အတွက် ဒီ ၁၀ချက် - MFTA

Body transformation အတွက် ဒီ ၁၀ချက်

မိမိရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ ဆုံးဖြတ်ထား တယ်ဆိုရင် အောက်ဖော်ပြပါ အချက်ငယ် ၁၀- ချက်ကို လိုက်နာဖို့ လိုအပ်ပါတယ်။

1-Training program တခုကိုစွဲမြဲစွာ လေ့ကျင့်ဖို့နဲ့ အစားအသောက် Plan တခုကို စွဲစွဲမြဲမြဲ လိုက်နာဖို့ လိုအပ်ပါတယ်။ အပြောင်းအလဲ သိပ်မများပါနဲ့ ။

2- ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ ဆိုရင် strength Training မဖြစ်မနေ လိုအပ်ပါတယ်။

3-ကာဒီရို လို့ ခေါ်တဲ့ ပြေးခြင်း လမ်းလျောက်ခြင်း ရေကူး ဘောကန် တင်းနစ် အစရှိတဲ့လေ့ကျင့်ခန်းတွေမှာ ကျန်းမာရေး

ကောင်းကျိုးတွေ အများကြီးရှိနေတာ မှန်သော်လည်း ခန္ဓာကိုယ် ပြောင်းလဲဖို့ အတွက်ဆိုရင်တော့ အဲ့ဒီလေ့ကျင့်ခန်း တွေကို နံပါတ်တစ် ဦးစားပေး အနေနဲ့ မသတ်မှတ်သင့်ပါဘူး။

4-လေ့ကျင့်ရေး ပရိုဂရမ်တွေ အာဟာရပလန်တွေက တခါလာလည်း မွဲပြာပုဆိုးမဖြစ်သင့်ပါဘူး။ မိမိနဲ့ သင့်လျော်တဲ့ program ဖြစ်ဖို့ကအရမ်းအရေးကြီးပါတယ်။

5-ယေဘူယျ အဆီချလိုသူအများစုက အလေးတွေနဲ့လေ့ကျင့်ရမှာ အလွန်ပဲ ဝန်လေးတတ်ကြပါတယ်။ တကယ်တော့ ခွန်အား strength တိုးတက်ဖို့ နဲ့ ကြွက်သားတည်ဆောက်ဖို့အတွက် အလေးတွေနဲ့ ကစားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

6-လေ့ကျင့်ရေး ပရိုဂရမ်တစ်ခုဟာ ဘယ်လောက်ပဲကောင်းမွန်နေပါစေ ကစားသမားအနေနဲ့ အအိပ် အစား ကိုဂရုမပြုဘူးဆိုရင်ရလဒ်က no good ပါ။

7-လူအတော်များများက Gym ထဲမှာ ချွေး တွေထွက်အောင်ဆော့မှ နုံးချိနေအောင်ဆော့မှ နောက်နေ့ ကြွက်သားတွေ နာကျင် ကိုက်ခဲနေမှ ထိရောက်တယ်လို့ ထင်နေတဲ့ အယူအဆဟာ လုံးဝမှားပါတယ်။

8-အခုပြောမဲ့ အချက်က အတော်လေး အရေးကြီးပါတယ်။ လူအတော်များများက လေ့ကျင့်ခနိး ပြုလုပ်ချိန်မှာ ကယ်လိုရီတွေ အများကြီး လောင်ကျွမ်းတယ်လို့ ထင်ကြပေမဲ့ တကယ်တော့ လေ့ကျင့်ခန်း မလုပ်တဲ့ အချိန် တနေ့တာလှုပ်ရှားသွားလာမှုတွေက ကယ်လိုရီတွေကိုပိုမို လောင်ကျွမ်းစေပါတယ်။

NEAT Non Exercise Activity Thermogenesis ဟာ TDEE ရဲ့ ၁၅% အထိသော ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပီး လေ့ကျင့်ခန်း ပြုလုပ်ချိန် Exercise Activity Thermogenesis ကတော့ TDEE ရဲ့ ၅% ခန့် ကိုသာ လောင်ကျွမ်းစေနိုင်ပါတယ်။

TDEE = Total Daily Energy Expenditure

9-အဆီလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်း ရယ်လို့ မရှိပါ။ အလေးနဲ့ လေ့ကျင့်ခြင်းသည် ကြွက်သားတည်ဆောက်ရန် ကိုယ်တွင်းဇီဝဖြစ်စဉ် တိုးတက်မြန်ဆန်စေရန် ဖြစ်ပီး အဆီလောင်ကျွမ်းစေရန် အာဟာရကို ချိန်ညှိရမှာ ဖြစ်ပါတယ်။

10-ကိုယ့်ခန္ဓာကိုယ်က ထူးခြားမှုမရှိသလို ခံစားရင် အစားလျော့ရမလား လေ့ကျင့်ခန်းတွေ တိုးရမလား ဝါဒီမများဘဲ အလွယ်ဆုံး လုပ်နိုင်တာက လမ်းပိုလျောက်ပါ။

အထက်ပါအချက်တွေမှာ အချို့ အချက်တွေကို သိသလိုလို ရှိနေပီး အချို့ အချက်တွေက သင့်အတွက် လုံးဝ အစိမ်းသက်သက် ဖြစ်နေတယ်ဆိုရင် ကျွန်တော့်သင်တန်းတွေ၊content တွေ၊စာအုပ်တွေကနေ လေ့လာပါ။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta