Body Transformation Truth - MFTA

Body Transformation Truth

သင်အရမ်းနှစ်သက်တဲ့ proကစားသမားရဲ့ Body ဖြစ်စေ၊Fitness Model တစ်ယောက်ရဲ့ Body ဖြစ်စေ၊သင်သိထားရမှာက သူတို့ ဟာသင်နှစ်သက်တဲ့ ခန္ဓာကိုယ်ရဖို့ နှစ်ပေါင်းများစွာ၊ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတယ်။ဆိုတာပါပဲ။ ဒါကြောင့် အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ 16-weeks ,12-weeks,10-weeks , 6- weeks Transformation results တွေကြည့်ပီး၊ သူလည်း အဲ့လောက်အချိန်တိုနဲ့ အဲ့လိုခန္ဓာကိုယ်ရမယ်လို့ ထင်ရင်မှားပါပီ။ သင့်ဘာသာ ဘာဆေးသုံးသုံး သင်သိထားရမှာက သင်လိုသလောက်မရနိုင်ဘူး။ ဒါပေမဲ့သင်အချိန်ပေးထားသလောက် သင်လုပ်သလောက်တော့ရမှာပါ။

နည်းပြအများစုရဲ့ client transformation Results တွေတင်ရတဲ့ main reason သည်Client ရဲ့ ကြိုးစားမှုကို celebrate လုပ်ပေးပီးအခြားသူများကို motivate လုပ်ပေးခြင်းသာဖြစ်ပါသည်။ အကယ်၍ Transformation ကို marketing အတွက် သုံးတယ်ထင်ရင်တော့ လွဲနေပီလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပြောပြောပါ။ Transformation ပုံတင်ပေးပီးရင်၊ ကျွနိတော့်မက်ဆင်ဂျာထဲ့ Program ဝယ်လိုသူတွေပြည့်နေတာကအမှန်တရား။ အဲ့လိုလိုလူတိုင်းကို program မရောင်းခဲ့တာ ကျွန်တော့်သစ္စာတရား။ (CB မှာမေးဖူးသူတိုင်းသက်သေပါ)ဒါဆိုကျွန်တော်ဘယ်လိုလူတွေကို ပရိုဂရမ်ရောင်းလဲ? လူတိုင်းကို မရောင်းဘူးဗျ။

အချိန်တို Transformation ပုံကိုင်ပီးလာဝယ်သူတွေ မရောင်းပါ။

ပြိုင်ပွဲဝင်မဲ့သူတွေ၊ ကိုမရောင်းပါ။(Free ကူညီပေးခဲ့တာတွေတော့ရှိတယ်)

လေ့ကျင့်ခန်း ခုမှစလုပ်မဲ့သူကိုမရောင်းပါ။

အကုန်သိ အကုန်တတ် လမ်းညွှန်ချက်တိုင်းကို how to execute ဆိုတာမရှိဘဲ Why ဘာကြောင့်ဆိုပီးအားနေ reason တောင်းနေသူတွေကို မရောင်းပါ။ ဘာလို့ လဲဆိုတော့ program တစ်ခုဝယ်ပီး Fitness trainer တယောက်လောက်သိချင်နေလို့ မရပါ။ education လိုချင်ရင် သင်တန်းတက်ပါ။ တလဘယ်နှပေါင် တက်မယ်/ကျမယ်False hope ပေးပီးမရောင်းပါ။ Depend on youဆိုတာအမြဲပြောပါတယ်။ ဘာလို့ လဲဆိုတော့System က results proven ပါ။

ဒါဆို ဘယ်လိုလူကိုရောင်းလဲ?

-ကျန်းမာလိုသူတွေ

-ကျန်းမာစွာ ဝိတ်ချလိုသူတွေ

-ကျန်းမာစွာ ဖွံံ့ဖြိုးထွားကျိုင်းလိုသူတွေ

-lifestyle change လုပ်လိုသူတွေ

-အချိန်များများ မပေးနိုင်လို့ ဝိတ်မကျတော့ဘူးဆိုပီး အကူအညီမဲ့နေသူတွေ

-အကင်၊ အပြုတ်၊ အသား ငါး ဒါတွေပဲစားနေရလို့ Diet ကိုလက်လျော့လိုက်ရသူတွေအတွက် Dietary coaching ကိုရောင်းပါတယ်။

Program ရေးပေးခြင်းသာဖြစ်သည်။ တစ်လစာ မဟုတ်ပါ။ home workout Program 3-4 ခု , Gym workout 3-4ခုရေးပေးပါမည်။ Dietary advice 3-မျိုးပေးပါမည်။ (သေချာတာကတော့ ၆-လစာလောက်အဆင်ပြေပါမည်။ ) Program ထပ်ပြောင်းလိုပါက အဲ့ဒီအချိန်ရဲ့ ပေါက်စျေးနဲ့ ထပ်မံ fees သွင်းရမည်ဖြစ်သည်။ ရာသက်ပန် အတွက် ပရိုဂရမ်ရောင်းခြင်းမဟုတ်ပါ။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

#DietaryCoaching#TrainingPlan

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta