Body Transformation အတွက် မရှိမဖြစ်အချက်များ - MFTA

Body Transformation အတွက် မရှိမဖြစ်အချက်များ

Body Transformation အတွက် မရှိမဖြစ်အချက်များခန္ဓာကိုယ်ပြောင်းလဲတော့မည်ဆိုလျင်အောက်ဖော်ပြပါ အကြံပြုချက်များကိုဂရုပြုလိုက်နာသင့်ပါသည်။

-စွဲမြဲခြင်း consistency ကအဓိကသော့ချက် ဖြစ်သည်။

-လေ့ကျင့်ခန်း ကို အကြောင်းမဲ့ မပျက်ကွက်ပါနဲ ့။ လုံးဝပျက်ကွက်သည်ထက် အနည်းငယ် လေ့ကျင့်နိုင်သည်က ပိုကောင်းပါသည်။

-body transformation အတွက် Strength training ကအကောင်းဆုံးဖြစ်ပါသည်။

-ကာဒီရိုလေ့ကျင့်ခန်းတွေမှာ ကောင်းကျိုးများစွာရှိသော်လည်း ၎င်းသည် ဦးစားပေးမဖြစ်သင့်ပါ။

-တိုးတက်မှု ပုံမှန်ရဖို ့ဆိုရင် စနစ်တကျတည်ဆောက်ထားတဲ့ လေ့ကျင့်ရေး ပရိုဂရမ်နဲ ့လေ့ကျင့်ရပါမယ်။

-ပရိုဂရမ် ဘယ်လောက်ကောင်းနေပါစေWorkout တခုနဲ ့တခုကြား recover ဖြစ်မနေရင်အလကားပါပဲ။ဆိုလိုတာ အအိပ် အစားမှန်ကန်ကောင်းမွန်နေဖို ့ လိုပါတယ်။

-ချွေးများများထွက်ခြင်း နာကျင်ကိုက်ခဲခြင်းနဲ့နုံးချိသွားခြင်းက workout effectiveness ကိုတိုင်းတာတဲ့ ပေတံမဟုတ်ပါဘူး။

-ကျွန်တော်တို ့ထင်ထားသလို လေ့ကျင့်ခန်းလုပ်နေစဉ် ကယ်လိုရီအများကြီး မလောင်ကျွမ်းပါဘူး။ တကယ်တော့ non exercise activity တွေကကယ်လိုရီ ပိုလောင်ကျွမ်းစေပါတယ်။ ဒါကြောင့်လှုပ်ရှားတက်ကြွစွာနေဖို ့မမေ့ပါနဲ ့။

-အဆီတိုက်ရိုက် ကျစေတဲ့လေ့ကျင့်ခန်းရယ်လို ့မရှိပါဘူး။ သင်စားတဲ့ အာဟာရကသာ အဆီကျ/မကျ ဆိုတာကို သက်ရောက်မှု ရှိတာပါ။ strength Training exercises တွေကို ကြွက်သားနဲ့ခွန်အားတည်ဆောက်ဖို ့အားကိုးပါ။

-လမ်းများများလျောက်ပါ။လိုချင်တဲ့ body goals အလွယ်တကူ ရောက်ကြပါစေဗျာ။ကျွန်တော်သင်တဲ့သင်တန်းလေးတွေLink ချပေးထားပါတယ်။

Cpt https://www.facebook.com/885104638183061/posts/5588907347802743/?d=n

Perform maxhttps://www.facebook.com/885104638183061/posts/5612394355454042/

FLS https://www.facebook.com/885104638183061/posts/5617340538292757/

FNS https://www.facebook.com/885104638183061/posts/5622449894448488/?d=n

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ် မလုပ်ဘဲအပြည့်အဝ credits ပေးပါရန် လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#FitMyanmarProject#MakeMyanmarFit

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta