Body Transformation အတွက် မရှိမဖြစ်အချက်များ - MFTA

Body Transformation အတွက် မရှိမဖြစ်အချက်များ

ခန္ဓာကိုယ်ပြောင်းလဲတော့မည်ဆိုလျင်အောက်ဖော်ပြပါ အကြံပြုချက်များကိုဂရုပြုလိုက်နာသင့်ပါသည်။

-စွဲမြဲခြင်း consistency ကအဓိကသော့ချက်ဖြစ်သည်။

-လေ့ကျင့်ခန်းကို အကြောင်းမဲ့ မပျက်ကွက်ပါနဲ့ ။ လုံးဝပျက်ကွက်သည်ထက် အနည်းငယ် လေ့ကျင့်နိုင်သည်က ပိုကောင်းပါသည်။

-body transformation အတွက် Strength training ကအကောင်းဆုံးဖြစ်ပါသည်။

-ကာဒီရိုလေ့ကျင့်ခန်းတွေမှာ ကောင်းကျိုးများစွာရှိသော်လည်း ၎င်းသည် ဦးစားပေးမဖြစ်သင့်ပါ။

-တိုးတက်မှု ပုံမှန်ရဖို့ ဆိုရင် စနစ်တကျတည်ဆောက်ထားတဲ့ လေ့ကျင့်ရေး ပရိုဂရမ်နဲ့ လေ့ကျင့်ရပါမယ်။

-ပရိုဂရမ် ဘယ်လောက်ကောင်းနေပါစေWorkout တခုနဲ့ တခုကြား recover ဖြစ်မနေရင်အလကားပါပဲ။ဆိုလိုတာ အအိပ် အစားမှန်ကန်ကောင်းမွန်နေဖို့ လိုပါတယ်။

-ချွေးများများထွက်ခြင်း နာကျင်ကိုက်ခဲခြင်းနဲ့နုံးချိသွားခြင်းက workout effectiveness ကိုတိုင်းတာတဲ့ ပေတံမဟုတ်ပါဘူး။

-ကျွန်တော်တို့ ထင်ထားသလို လေ့ကျင့်ခန်းလုပ်နေစဉ် ကယ်လိုရီအများကြီး မလောင်ကျွမ်းပါဘူး။ တကယ်တော့ non exercise activity တွေကကယ်လိုရီ ပိုလောင်ကျွမ်းစေပါတယ်။ ဒါကြောင့်လှုပ်ရှားတက်ကြွစွာနေဖို့ မမေ့ပါနဲ့ ။

-အဆီတိုက်ရိုက် ကျစေတဲ့လေ့ကျင့်ခန်းရယ်လို့ မရှိပါဘူး။ သင်စားတဲ့ အာဟာရကသာ အဆီကျ/မကျ ဆိုတာကို သက်ရောက်မှု ရှိတာပါ။ strength Training exercises တွေကို ကြွက်သားနဲ့ခွန်အားတည်ဆောက်ဖို့ အားကိုးပါ။

-လမ်းများများလျောက်ပါ။လိုချင်တဲ့ body goals အလွယ်တကူ ရောက်ကြပါစေဗျာ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ် မလုပ်ဘဲအပြည့်အဝ credits ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#FitMyanmarProject#MakeMyanmarFir

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta