Body Transform လုပ်လိုသူများသိသင့်သောအဓိကကျသည့် ဟိုမုန်းများ - MFTA

Body Transform လုပ်လိုသူများသိသင့်သောအဓိကကျသည့် ဟိုမုန်းများ

ယေဘူယျ ကျွန်တော်တို့ တွေGym ကစားရာမှာအဆီကျလို၍ပဲဖြစ်ဖြစ်၊ ကျန်းမာသန်စွမိးလို၍ပဲဖြစ်ဖြစ် ရည်ရွယ်ကိုယ်စီနဲ့ Iron Jungle ထဲလျောက်လှမ်းခဲ့ကြတာပဲလေ။ ဒီတော့သိသင့်သိထိုက်တာလေးတွေ သိထားမှ ပိုပီးအချိန်ကုန်သက်သာ အကျိုးရှိမယ်မဟုတ်ပါလား? ဒီဆောင်းပါးမှာ၊ Gym ကစားသူတွေ သိသင့်တဲ့လိင်မှုဆိုင်ရာ ဟိုမုန်းအချို့ အကြောင်းကို မျှဝေပေးပါ့မယ်။

အစားစားလိုစိတ်၊ အအိပ် နှင့် ခန္ဓာကိုယ်သန်စွမ်းကြီးထွားဖို့ အတွက် အဓိကကျသောဟိုမုန်းများမှာ၊

-အမျိုးသမီး ဟိုမုန်းများဟုလူသိများသော၊

-Estrogen and Progesterone ကျားဟိုမုန်းဟု လူသိများသော

-Testosterone (အမျိုးသမီးများ ကိုယ်တွင်းတွင်လည်း အနည်းငယ် ထုတ်လုပ်နိုင်ပါသည်။)

Estrogen -မျိုးပွားခြင်းနှင့် လိင်မှုကိစ္စများတွင် အဓိကဇာတ်ဆောင်ဖြစ်သည်။

Progesterone – ဓမ္မတာစက်ဝန်း ကိုမှန်ကန်စေပီး၊ ကိုယ်ဝန် ဆောင်နိုင်ရန် ပြင်ဆင်ပေးသည်။

Testosterone – အမျိုးသမီးများတွင် ဓမ္မတာ၊ လိင်ဆန္ဒ၊ ကိုယ်တွင်း တစ်သျှူးနှင့်အရိုး သိပ်သည်းဆ တို့ ကိုတိုးပွားစေပီးသွေးနီဥ ထုတ်လုပ်ရေးတို့ တွင် အကူအညီပေးပါသည်။ အမျိုးသားများတွင်၊ လိင်အင်္ဂါများထွားကျိုင်းခြင်း၊ ကြွက်သားကြီးထွားခြင်းနှင့်ခွန်အားတိုးတက်သန်စွမ်းခြင်း၊ အရိုးများကျန်းမာသန်စွမ်းခြင်းနှင့် သုတ်ရည်ထုတ်လုပ်ခြင်းတို့ တွင်အဓိက ဇာတ်ကောင်ဖြစ်သည်။

Over training နှင့် Dieting အလွဲများကြောင့်အထက်ပါဟိုမုန်းများ၏ Balance ပျက်ယွင်းသွားတတ်ပါသည်။ ထို Balance ပျက်/ မပျက်ကိုသိလိုလျင် ကစားသမားသည် ခံတွင်းပျက်ခြင်း၊ ခွန်အားကုန်ခမ်းခြင်း၊ စိတ်ဆန္ဒလျော့နည်းခြင်း ဓမ္မတာမမှန်တော့ခြင်း၊ အိပ်မပျော်ခြင်းတို့ ကို ကြုံ/မကြုံ သိရုံဖြင့် အဖြေထွက်ပါသည်။

ထို့ ကြောင့် လေ့ကျင့်နေသော Training Program ၊ စားသောက်နေသော Diet သည်၊ဟိုမုန်းကျန်းမာရေးအပေါ် များစွာသက်ရောက်မှုရှိသည်ကို ဂရုပြုစေချင်ပါသည်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#GuruNaing#HormoneHealth#Testosterone#Estrogen#Progesterone#Diet#Training#Fertility#Libido#BoneMass#Muscle#OnlineCoach#PersonalTrainingProgram#Myanmar

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta