BMI ကမပြောပြနိုင်တဲ့ ကျန်းမာရေးအန္တရာယ် - MFTA

BMI ကမပြောပြနိုင်တဲ့ ကျန်းမာရေးအန္တရာယ်

BMI ကမပြောနိုင်တဲ့ ကျန်းမာရေး အန္တရာယ်က ဘာဖြစ်မလဲလို့ တွေးနေကြပီထင်ပါတယ်။ ကိုယ်အလေးချိန်လွန်ခြင်းရဲ့ ဆိုးကျိုးတွေကို ပိုမိုတိုးပွားစေတာကတော့ ကိုယ်တွင်းအင်္ဂါတွေရဲ့ ပါတ်လည်မှာရှိနေတဲ့ visceral Fat ပဲဖြစ်ပါတယ်။ကိုယ်အလေးချိန် လွန်နေသူအချို့ မှာ နောက်ဆက်တွဲကျနိးမာရေး ပြသနာတွေ မမြင်ရသေးတာက၊ သူတို့ ရဲ့ ကိုယ်တွင်းမှာ visceral fatပမာဏနည်းနေသေးလို့ ပဲဖြစ်ပါတယ်။ ထိုသို့ သောသူများကို ပညာရှင်များက၊ Metabolically healthy obesity လို့သတ်မှတ်ပါတယ်။ ဒါပေမဲ့ BMI အရရှိသင့်သော ကိုယ်အလေးချိန်မှာပဲ ရှိနေတဲ့ တချို့ သောသူတွေရဲ့ကိုယ်တွင်းမှာ visceral fat ပမာဏအရမ်းများနေတာမျိုးတွေရှိတတ်ပါတယ်။ ထိုသူများကိုသိပ္ပံပညာရှင်များက၊ Metabolically Unhealthy Normal Weight (MUNW) လို့ ခေါ်ပါတယ်။

ထိုသို့ သော သူတွေရဲ့ လက္ခဏာကတော့ လူကခပ်သွယ်သွယ် ဗိုက်/ခါးပါတ်လည်အဆီစုနေတတ်တဲ့ သူမျိုးတွေပါ။ Fitness professionals တွေကတော့ skinnyFat လို ့ခေါ်ပါတယ်။ ကိုယ်တွင်းမှာ visceral fat တွေများလာပီဆိုရင်၊ အသည်းက Triglycerides တွေအများကြီးထုတ်လာတာမျိုး၊ ပန်ကရိယကအင်ဆူလင်ကောင်းကောင်း မထုတ်တော့တာမျိုးစတဲ့ ကိုယ်တွင်း အင်္ဂါတွေရဲ့ လုပ်ဆောင်ချက်တွေ ပုံမှန်မဟုတ်တော့တာမျိုးတွေဖြစ်လာပါတယ်။ဒါကြောင့် visceral fat များလာရင်၊

-နှလုံးရောဂါ

-ဆီးချိုရောဂါ

-သွေးတိုး

-ကိုယ်တွင်းမှ ကြွက်သားတွေလျော့နည်းလာခြင်းနှင့် အဆုံးသတ်တွင်

-အသက်ဆုံးရှုံးခြင်းသို့ တိုင်သည်အထိ ကျန်းမာရေး ပြသနာများဖြစ်စေနိုင်ပါသည်။

ဘာကြောင့် visceral fat တွေတက်လာရသလဲဆိုရင် ယေဘူယျတော့ ကယ်လိုရီများများစားလို့ ၊ ဆိုပေမဲ့ လေ့ကျင့်ခန်း မလုပ်ခြင်းနှင့် ပြည့်ဝဆီများနှင့် simpleCarbs များစားသုံးမှုများခြင်းတို့ ကြောင့်ဖြစ်ပါသည်။Visceral Fat တွေလျော့ချဖို့ ဆိုရင်၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်း နှင့် စားသုံးရာတွင် မပြည့်ဝဆီများကို အစားထိုးအသုံးပြုခြင်း၊ slow Digesting carbs များနှင့် အမျှင်ဓါတ်များကိုစားသုံးခြင်းတို့ ဖြင့်၊ အကျိုးထူးနိုင်ပါသည်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့်ကိုယ်အလေးချိန် မကျခဲ့ရင်တောင် VisceralFat ပမာဏ ကတော့ ကျသွားနိုင်ပါသည် BMI သည် ယေဘူယျ အသုံးပြုနိုင်သောလွယ်ကူသော Tool တစ်ခုဖြစ်ပေမဲ့ IndividualLevel မှာတော့၊ ကျန်းမာရေးကို ဖော်ပြနိုင်တဲ့နည်းလမ်းကောင်းမဟုတ်ဆိုတာ သတိပြုပါ။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#VisceralFat#HealthTips#Diabetes#HeartHealth#Sarcopenia#MetabolicDamage#Exercise#workouts#GymTraining

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta