(Best Buddy Workout Collection) - MFTA

(Best Buddy Workout Collection)

အဖော်နဲ့ နှစ်ယောက်အတူ လုပ်ရတဲ့ လေ့ကျင့်ခန်းတွေထဲမှာ Performance ရှုထောင့်က ကြည့်ရင် အခုဖော်ပြမယ့် Workout တွေက အကောင်းဆုံးတွေထဲက အကြမ်းဆုံးတွေ ပဲ။

General Population နဲ့ Fitness အတွက် တစ်ခြားသော Fun and Effective ဖြစ်တာတွေအများကြီးရှိပေမယ့် အခုဖော်ပြမှာက Strength သမားတွေအတွက်ဖြစ်ပါတယ်။

  1. Ranger Roll /Rescue Roll

ကိုယ်နဲ့ ရွယ်တူ Dead Body တစ်ခုကို အရေးပေါ်အခြေအနေတွေမှာ ၊ အန္တရာယ် ဇုံ မှ အမြန်ရွှေ့ပြောင်း စွန့်စားဖို့ ဖန်တီးထားတဲ့ Movement တစ်ခုဖြစ်တယ်။

သာမန်လူတစ်ယောက်အတွက် အတော့်ကိုမလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။

ကိုယ့်ရဲ့ Buddy ကို Roll လုပ်ပြီး သယ်တာကတော့ အခြေအနေဆိုးတွေမှာသာ သုံးပါတယ်။

မီးဘေး ၊ စစ်ဘေး အခြေအနေတွေမှာ Adrenaline Hormone ​ကြောင့် ရအောင် သယ်နိုင်ကြတယ်။

ဥပမာ အိမ် မီးလောင်တဲ့အခါ တစ်ခါမှ မနိုင်ခဲ့တဲ့ သေတ္တာ တစ်ယောက်ထဲ ထမ်းပြေးနိုင်တာမျိုး။

ဒီ Workout ကို Sandbag ဖြစ်စေ၊ Bulgarian Bag နဲ့ဖြစ်စေ Agile Strength အတွက် လေ့ကျင့်နိုင်တယ်။

Workout တစ်ခုအနေနဲ့ ကြည့်ရင် Roll to get up လှုပ်ရှားမှုကို Load ထည့်ပြီး လေ့ကျင့်တာဖြစ်တယ်။

2. Pistol Belt Drag

ဒါလည်း Rescue Case တွေမှာ သုံးတာဖြစ်ပါတယ်။

Dragging Movement ဟာဆိုရင် Fitness Training တွေမှာ တွေ့ရနည်းတယ်။

Parachute Running တွေ ၊ Sledge ဆွဲတာတွေ ၊ Tier Drag workout တွေနဲ့ Crawling Pattern ကိုတွဲပြီး အစားထိုးလေ့ကျင့်နိုင်ပါတယ်။

Buddy Workout အနေနဲ့ဆိုရင် ပိုပြီး Challenge ဖြစ်တယ်။

3. Firearms Carry

ဒါလည်း Rescue Case တွေမှာသုံးတဲ့ Body Carry pattern တွေဖြစ်ပါတယ်။ သူလည်း ပုံစံကွဲတွေအများကြီးရှိပါတယ်။

ဒါကိုတော့ Sandbag တွေ ၊ Weight တွေ နဲ့ အသုံးပြု လေ့ကျင့်နိုင်ပါတယ်။

ဒီ Workout ၃ မျိုးကို Buddy Workout ပီပီ Partner နဲ့ လုပ်နိုင်ပြီဆိုရင် Real Life Strength ကို ရနေပြီလို့ ဆိုနိုင်ပါတယ်။

နိုင်ငံတကာက အချို့သော မီးသတ် ၊ သစ်တော ၊ ကယ်ဆယ်ရေး ၊ ကာကွယ်ရေး ကဏ္ဍတွေမှာ ဒီ Movement Strength တွေနဲ့ Work Capacity ကို Train ပါတယ်။

ကျွန်တော် Wai Yan Phyo ပါ။

MFTA ကအသစ်ဖွင့်တဲ့

Perform Max သင်တန်းရဲ့

Course Creator /Educator ဖြစ်ပါတယ်။

#PPSC#MFTA

#Globally#Registered#Training#System

#Education#Provider

#FixToFit#Myanmar

#PerformMaxSystem

#founderofperformancerack

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta