AIDS AND SPORT TRAINING - MFTA

AIDS AND SPORT TRAINING

ကမ္ဘာတွင်ကြောက်စရာအကောင်းဆုံး ရောဂါကြီးများတွင်တစ်ခုအပါအဝင်မှာ “အေ-အိုင်-ဒီ-အက်စ် (ခေါ်) ကိုယ်ခံအားကျဆင်းမှုရောဂါ” (AIDS = Acquired Immune Deficiency Syndrome) ဖြစ်သည်။ အေအိုင်ဒီအက်စ် ရောဂါကို ကုသနိုင်မည့် အကောင်းဆုံးဆေးဝါးများ တွေ့ရှိရေးကို ကမ္ဘာ့ဆေးပညာ လောက တစ်ခုလုံးကြိုးစားရှာဖွေလျက်ရှိပါသည်။ ယခုအခါတွင် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအတွက် အားကစားသည် ဆေးဝါးများကဲ့သို့ အကျိုး သက်ရောက်မှုရှိနိုင်၊ မရှိနိုင်ကို သုတေသန ပြုလုပ်ခဲ့ကြသူများရှိခဲ့ပါသည်။

အဲရိုးဗစ်အားကစားလေ့ကျင့်မှုများသည် အေအိုင်ဒီအက်စ်ရောဂါသည်များအား မည်သို့ကူညီကုသ ပေးနိုင်ကြောင်းကို သိရှိနိုင်ရန် အမေရိကန်ပြည် ထောင် စုရှိ မီယာမီတက္ကသိုလ်မှ စိတ်ပညာရှင် “မေရီအဲန်း- ဖလက်ရှာ”(Mary Ann Flecther)ကလက်တွေ့ သုတေသနပြုလုပ်ခဲ့သည်။

သူမသည် အေအိုင်ဒီအက်စ် ဝေဒနာသည်များကို နှစ်လခွဲကြာ (ရက်သတ္တ ၆-ပတ်) အဲရိုးဗစ်အားကစား လေ့ကျင့်မှုများကို ပြုလုပ်စေခဲ့ပါသည်။ ထိုသို့အားကစားလေ့ကျင့်မှုများပြုလုပ်အပြီးတွင် အေအိုင်ဒီအက်စ် ရောဂါသည်များ၏ စိတ်ဓာတ် ကျဆင်းမှုနှင့် သောကဖိစီးမှုဓာတ်များ လျော့ပါးလာခဲ့ရုံသာမက ကိုယ်ခန္ဓာတွင်း ခုခံအားကျဆင်းမှု သိသိ သာသာ သက်သာလာခဲ့ကြောင်း တွေ့ရှိရသည်ဟုဆိုပါသည်။

အားကစားပြုလုပ်ခြင်းကြောင့် အေအိုင် ဒီအက်စ် လူနာများရရှိခဲ့သော တိုးတက်မှုများမှာ အေအိုင်ဒီအက်စ် ရောဂေါတိုက်ဖျက်ရေးအတွက် သုတေ သနပြုလုပ်ခဲ့ပြီးဖြစ်သည့် “အေ-ဇက်-တီ(AZT) ဆေးဝါး ၏ အကျိုးအာနိသင်နှင့် နှိုင်းယှဉ်၍ ရနိုင်သည်ဟု သုတေသနပြုလုပ်ခဲ့သူ မေရီအန်း-ဖက်ရှာက ပြောခဲ့ကြောင်း “သိပ္ပံ”သတင်းစဉ်” (Science News) ဖော်ပြ ခဲ့ပါသည်။

#အောင်အောင်_လှိုင်#AIDS#Sport#Training#AZT#Medicine#Exercise#Science#News#Stress#Immunity

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta