You get what you tolerate - MFTA

You get what you tolerate

လူအတော်များများက –

-အိမ်ထောင်ရေး

-အချစ်ရေး

-လူမှုရေး

-ကျနိးမာရေး

-ပညာရေး

စတာတွေနဲ့ ပါတ်သက်ပီး၊အဆင်မပြေမှုတွေကို ငြီးတွားဝေဖန်နေတတ်ကြတယ်။(ကျွန်တော်အပါအဝင်ပေါ့) ။ နေ့ စဉ်မြည်တွန်တောက်တီးနေပေမဲ့ ဘာမှထူးမလာတာတွေ့ ရပါမယ်။You get what you tolerate ဆိုတဲ့ စကားလေးနဲ့ Coach တယောက်ရဲ့ မျှဝေချက်လေးကိုမတွေ့ ခင်အချိန်အထိပေါ့။

-စာရွက် အလွတ်တရွက်ယူပီးတော့ အလယ်မှာမျဉ်းဖြောင့် တကြောင်းဒေါင်လိုက်ဆွဲလိုက်ပါ။မျဉ်းရဲ့ ဘယ်ဖက်မှာ၊ ကိုယ်မနှစ်သက်တဲ့ လူတွေအကြောင်းအရာတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေကို ချရေး လိုက်ပါ။

-မျဉ်းရဲ့ ညာဖက်မှာတော့ ဘယ်ဖက်မှာရေးခဲ့တဲ့အရာတွေထဲက အပီးတိုင် စွန့် ပစ်နိုင်တဲ့၊ သင့်ဘဝထဲက အပီးထုတ်နိုင်တဲ့အရာတွေ၊ လူတွေ အခြေအနေတွေကို ချရေးပါ။

-ဥပမာ မျဉ်းရဲ့ ဘယ်ဖက်မှာ သင်မနှစ်သက်တာချရေးတာ ၁၅-ခုရှိတယ်ဆိုပါစို့။ အဲ့ထဲက အပီးစွန့် ပစ်နိုင်မဲ့ စာရင်းညာဖက်မှာချရေးနိုင်တာ ရ-ခုပဲရှိတယ်ဆိုရင် အဲ့ရ-ခုကို ယခုပဲ သင့်ဘဝထဲက အပီးထုတ်ပစ်လိုက်ပါတော့။ဒါဆိုရင်

-သင့်ပေါ်မကောင်းတဲ့ ချစ်သူ

-မိတ်ဆွေ

-အခြေအနေ

-အရာဝတ္ထုတွေ ကြောင့်သင်ခံစားနေရတဲ့ဖိစီးမှုတွေ အနိမ့်ဆုံးတဝက်လျော့သွားပီး နေရထိုင်ရ အရမ်းအဆင်ပြေလာပါလိမ့်မယ်။

-ဒါဆိုမျဉ်းရဲ့ ဘယ်ဖက်မှာ ရေးထားပီး ညာဖက်မပို့ နိုင်သေးတဲ့အရာတွေ နဲ့ပါတ်သက်ပီး ပြောချင်တာက ****မကောင်းရင်ကင်းအောင်နေလိုက်ပါ။ မကင်းနိုင်ရင်မကောင်းမပြောပါနဲ့ ။****ကိုယ့်ကစွန့် ပစ်နိုင်စွမ်းမရှိရင် တန်ဖိုးထားလိုက်ပါ။ အပိုတွေလျောက်ပြောပီး ကိုယ့်ရဲ့ အချိန်၊ စွမ်းအားတွေနဲ့ တခြားသူတွေရဲ့ အချိန်တွေ စွမ်းအားတွေကို လိုက်မဖြုန်းပါနဲ့ ။ထပ်ပြောပါမယ်။You get what you tolerate ပါ။

#Copyယူမည့်သူများဖြတ်ညှပ်ကပ်မလုပ်ဘဲအပြည့်အဝcreditပေးပါ

လေးစားလျက်-နိုင်ဦး-၁၁၉

#နိုင်ဦး၁၁၉#NaingOo119#MuscleProfessor#MFTA#MyanmarFitnessTrainerAcademy

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta