𝗝𝗮𝘆 𝗖𝘂𝗹𝘁𝗲𝗿 ၏အာဟာရအတွက်အကြံပေးချက် - MFTA

𝗝𝗮𝘆 𝗖𝘂𝗹𝘁𝗲𝗿 ၏အာဟာရအတွက်အကြံပေးချက်

ပြိုင်ပွဲဝေး ကာလတွင် ကြွက်သားထုကြီးထွားရေးအတွက် လေ့ကျင့်ချိန်၌ အစားအသောက်အဟာရဖြည့်တင်းစားသောက်မှု အရေးကြီးပုံကို မောင်အိုလံပီယာ ၄ ထပ်ကွမ်း ချန်ပီယံ Jay cutler ကလိုတိုရှင်းတင်ပြခဲ့သည်။ ပြိုင်ပွဲဝေးကာလမှာ ကြွက်သားထုကြီးထွားအောင် ကစားချိန်မှာ အာဝာရပိုင်းကို ​ဂရုတစိုက် တွက်ချက်စား သောက်ဖို့ အလွန်ကိုအရေးကြီးပါတယ်။ ကျွန်တော်ဆိုရင် ကျွန်တော့်ရဲ့ ကိုယ်တွင်း ဇီ၀ဖြစ်ပျက်မှု (Metabolism) နှုန်းမြင့်လွန်းတော့အစောပိုင်းကာလ နှစ်ပေါင်းများစွာ ကြွက်သားထုမတက်တဲ့ အတွေ့အကြုံကိုရရှိခဲ့ပါ တယ်။ ကျွန်တော်ဟာ မောင်အိုလံပီယာပြိုင်ပွဲဝင်စဥ်ကာလမှာ.. တစ်နေ့တာအတွက် (7000) ကယ်လိုရီအထိတိုးပြီး ပုံမှန်စားခဲ့ရပါတယ်။ အဲဒီလို ပိုစားခဲ့တဲ့အတွက် ကျွန်တော့်ကြွက်သားထုထည်တွေ ကြီးမားလာတယ်ဆိုတာ ကျွန်တော် အခိုင် အမာ ယုံကြည်မိပါတယ်။

ဖြည့်စွက်​ဆေးများအနေဖြင့်𝗔𝗺𝗶𝗻𝗼 𝗔𝗰𝗶𝗱𝘀 & 𝗠𝘂𝗹𝘁𝗶𝘃𝗶𝘁𝗮𝗺𝗶𝗻 ဆေးလုံးများ ကိုလည်း ငွေကြေးအကုန်ခံစားခဲ့ရပါတယ်။ ကိုယ်ခန္ဓာထဲမှာ မအောင်းဘဲ ပိုရင်ဆီးနဲ့ ပါသွားသည့် ဗီတာမင်၊ ဘီ-ကွန်ပလက်လိုဘဗီတာမင်မျိုး​တွေလည်း သောက်သုံးခဲ့ကပါတယ်။တစ်ခြားဖြည့်စွက်အနေနှင့် 𝗪𝗵𝗲𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 & 𝗕𝗰𝗮𝗮 တို့လည်းသုံးရပါတယ်။ဗီတာမင်-ဘီကွန်ပလက်ဟာ ကိုယ်အလေး ချိန်တက်ရေးအတွက် အခြေခံလိုအပ်မှုဖြစ်ပါတယ်။အဲ့ဒီလို အသေးစိတ်ဂရုတစိုက်ကြိုးစားအားထုတ်မှု တွေကမှမောင်အိုလံပီယာစင်မြင့်ပေါ်သိုတဖြည်း ဖြည်းတက်လှမ်းပြီး ၈ထပ်ကွမ်း ရွန်နီကိုးမင်းလ်ကိုအနိုင်ရယူခဲ့နိုင်ပါတယ်။ဒါကြောင့်ကျွန်တော့်လို လေ့ကျင့်ခန်းချည်းကိုပဲအာရုံများနေကျပြီး အာဟာရပိုင်းကိုဂရုမစိုက်မိရင်တိုးတက်မှုနှောင့်နှေးနိုင်ကြောင်းကို သတိပေးဖော်ပြပေးလိုက်ပါတယ်။

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါ သည်။

https://www.facebook.com/aung.aungoo.7798#အောင်အောင်_လှိုင်#Nutrition#Jaycutler#Olympia#Contest#Eat#Protein#Amino#Bcaa#Supplement

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta