လူပိန်တို့ရဲ့ Gym ထဲကအမှားများ - MFTA

လူပိန်တို့ရဲ့ Gym ထဲကအမှားများ

ခန္ဓာကိုယ်ကြီးထွားလိုသူတိုင်း မှားမှန်းမသိဘဲမှားမြဲ မှားနေဆဲသော အမှားအချို့ ကို တင်ပြပေးပါမည်။သို့မှသာ Gym ထဲအချိန်ကုန် ငွေကုန်နေသော လူပိန်များ လျော့နည်းသွားမှာ အသေအချာဖြစ်ပါသည်။

ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲရေးအတွက်အမြဲတမ်းအမှန်တရားမှာ–မှန်ကန်ကောင်းမွန်သော အာဟာရ နှင့်-စနစ်ကျသေချာတိကျသော လေ့ကျင့်ရေးနည်းစနစ်များ ကို အကောင်းဆုံး ပေါင်းစပ်ရန်မဖြစ်မနေလိုအပ်သည်ဆိုသော အချက်ဖြစ်ပါသည်။

ယခုဆောင်းပါးတွင် လေ့ကျင့်ခန်းနှင့် ပါတ်သက်သောအမှား များကို ထောက်ပြဆွေးနွေးပါမည်။အာဟာရအတွက် သီးသန့်ဆောင်းပါးရေးပေးပါမည်။လိုရင်းဆက်ရလျင်–exercises form မမှန်ခြင်းဤပြသနာသည် ယနေ့ခေတ် လူငယ်များ အများဆုံးကြုံရသည့် ပြသနာဖြစ်သည်။ ကျွန်တော်တို့ခေတ်က ဆရာများသည် exercise formကိုမမှန်မခြင်း ပြုပြင်ပေးသည့် အလေ့အထရှိခဲ့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ယနေ့ ခေတ်နည်းပြငယ် အချို့ သည်ပင်လျင် Formမမှန်နိုင်သည့် ပြသနာကို ကြုံနေရခြင်းပင်ဖြစ်သည်။

ဘယ်လိုဆော့ဆော့ ကြီးတယ် ဆိုသော်လည်းစနစ်တကျဆော့ရင် လှလှပပကြီးမယ်ဆော့ချင်သလိုဆော့ရင် ကြီးချင်သလို (သောက်တလွဲတွေ)ကြီးလာလိမ့်မယ် ဆိုတာမှတ်ထားပါ။-အရေးအကြီးသောအမှား သည် လေ့ကျင့်ရေပရိုဂရမ်နှင့် ရက်ခွဲကစားသည့်အမှားးးးးးးးဖြစ်သည်။ ဒါဆို ဘာတွေမှန်သလဲ?-လူသစ်များသည် တစ်ပါတ်လျင် သုံးရက်ထက်ပိုမကစားသင့်ပါ။ဒါပေမဲ့ ချာတိတ်တွေက GymFees သွင်းရတာတန်အောင် တပါတ်ကို ခြောက်ရက်လောက် ကစားနေကြတယ်

-ကစားချိန် တစ်ချိန်မှာ Full body ပဲကစားသင့်ပါတယ်။ -ရုပ်အဆိုးဆုံးသောအမှားက တစ်နေ့မှာ Body part တစ်ခုသာ ကစားတဲ့ သောက်တလွဲSplit ပဲဖြစ်တယ်။ ဥပမာ တနင်္လာနေ့မှာရင်အုပ် အင်္ဂါနေ့မှာ နောက်ကျော အဲ့လိုကစားလိုကမှတ်ထား မင်းနာမည်ငဖောင်ရိုး ဖြစ်နေဦးမှာပဲ

-Full-body ကစားတယ်ဆိုပီး chest ၂မျိုးအောက်ပိုင်း ၃ မျိုးလုပ်နေရင်လည်း စောစောစီးစီးဂိသွားမယ် ငါ့ညီရဲ့ ။ဒီတော့

-Major lift သုံးလေးခုနဲ့တင် Full body Workout sessionတခုက လုံလောက်နေပါပီ။-အာ့လေးနဲ့ တက်မလား မမေးနဲ့လူသစ်Natural စစ်စစ် ကိုယ်ပြောသလို ကစားကိုယ်ပြောသလို စားလို့ ပထမသုံးလမှာပေါင် ၂၀ တက်ခဲ့သူတွေအများကြီးနော်။ ဒါဆိုဆရာနဲ့ ခြောက်လဆော့မယ် ပေါင်လေးဆယ်တက်မလားဆိုပီး ကပ်မမေးနဲ့ အားတီအဲ့လို့ non stop တက်ကြစတမ်းဆိုလူတွေ body weight လည်း ပေါင်ငါးရာဒေဘာဒေဖြစ်ကုန်မပေါ့ဟ ကိုယ်ပြောတာက လူသစ်တွေ ပထမစစခြင်းသုံးလေးလ သိပ်အရေးကြီးတယ်။

လူအတော်များများ နှစ်ပေါက်အောင်ဆော့လည်း ငါးပေါင်ဆယ်ပေါင်ထက် ပိုမတက် ဒီကြားထဲ ချီးပန်းရင်အဲ့ဒါတွေအကုန် ကုန်ရော အချိန်တွေကုန် လူတွေပမ်းမဖြစ်ဘူးလား ဖြစ်တယ် ပြောင်းလဲချင်တယ်ဆိုရင် ဒီပို့စ်မှာလမ်းညွှန်တဲ့အတိုင်း လုပ်ကြည့်စမ်းပါ။လိုသလောက်မရပေမဲ့ လုပ်သလောက်တော့ရကိုရစေရမယ် အားတီတို့။ I dare you guys ဖတ်လို့ဖီးလ်ဖြစ်ရင် share ကွာ။

Copy ယူလည်း ဖြတ်ညှပ်ကပ်မလုပ်ပဲ Credit အပြည့်ပေးပါနော့ လေးစားလျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#FitMyanmarProject#MakeMyanmarFit

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta