လေ့ကျင့်မှုဒိုင်ယာရီ - MFTA

လေ့ကျင့်မှုဒိုင်ယာရီ

ကာယဗလလေ့ကျင့်မှုမှာ အခြေခံစည်းကမ်းချက်တွေ အများကြီးရှိပါတယ်။ အဲဒီ စည်းကမ်းချက်တွေထဲမှာ အခြေခံအကျဆုံးတစ်ခုကတော့ “ကောင်းရင်ဆက်ကစား မကောင်းရင်ပြောင်းကစား´´ ဆိုတဲ့ နိယာမဖြစ်ပါတယ်။ ကိုယ့်အတွက် အကျိုးပြုနေတဲ့၊ ကောင်းနေတဲ့လေ့ကျင့်ရေး အစီအစဉ်တစ်ခုကို ဘယ်တော့မှ မပြောင်းလဲပါနဲ့။ ကိုယ့်အတွက် အကျိုးမပြုဘဲ အရှုံးပေါ်နေတဲ့ အစီအစဉ်တစ်ခုကိုလည်း ဘယ်တော့မှ ဆက်မကစားပါနဲ့။လေ့ကျင့်မှုကိုလည်း ကြိုးစားအားထုတ်ပြီး လုပ်တယ်။ အစားအသောက် အာဟာရကိုလည်း ကောင်းကောင်း ဂရုစိုက်စားတယ်။ ဒါပေမယ့် တိုးတက်မှုရှိမလာဘူးဆိုရင်တော့ “တစ်ခုခုတော့ မှားနေလို့ပဲ´´ဆိုတာကို နားလည်ရမယ်။ ဘာမှားနေသလဲဆိုတာကို အဖြေထုတ်ကြည့်ရမှာ ကိုယ့်အလုပ်ဖြစ်ပါတယ်။

ကိုယ့်မှာ တိုးတက်မှု ရှိ/မရှိကိုသိနိုင်အောင် ဆန်းစစ်သုံးသပ်ကြည့်နိုင်ရေးအတွက် လေ့ကျင့်ရေးဒိုင်ယာရီမှတ်တမ်းတစ်ခု ထားရှိဖို့လိုပါ တယ်။ လေ့ကျင့်မှုရဲ့တိုးတက်မှုအခြေအနေ ကောင်း၊ မကောင်းကို တန်ဖိုးဖြတ်သုံးသပ်ကြည့်ဖို့လိုပါတယ်။ ဒီလို အကဲဖြတ်သုံးသပ်မှုကို အပါတ်စဉ် ပြုလုပ်သွားရပါမယ်။ကာယဗလသမားတစ်ချို့ဟာ လနဲ့ချီပြီးကစားခဲ့ပေမယ့် တိုးတက်မှု မရရှိခဲ့ကြဘူး။ သူတို့တစ်တွေမှာ ကိုယ့်ရဲ့ လေ့ကျင့်မှုမှတ်တမ်းလည်း မရှိကြဘူး။ လေ့ကျင့်မှုနဲ့ အာဟာရစားသောက်မှုတွေကိုလည်း လုံး၀ ပြန်လည်သုံးသပ်အကဲဖြတ်မှု မလုပ်ခဲ့ကြဘူး။ အဲဒီလို မလုပ်တဲ့အတွက် တိုးတက်မှုလည်း မရှိကြဘူး။ အပါတ်စဉ် ပြန်လည်သုံးသပ် အကဲဖြတ်ကြည့်မှု လုပ်သွားမယ်ဆိုရင် ဘာတွေ ပြောင်းလဲဖို့ လိုမလဲဆိုတာ ချင့်ချိန်တတ်လာကြနိုင်မယ်။

1️⃣ လေ့ကျင့်မှုအစီအစဉ်ပြောင်းဖို့လိုသလား ?

2️⃣အစားအသောက် ပြောင်းလဲသင့်သလား ?

3️⃣ ကြွက်သားတက်ဖို့ ပိုစားသင့်သလား?

4️⃣ လေ့ကျင့်မှုမလွန်ကဲအောင် အကျော့တွေ လျှော့ကစားရမလား?

5️⃣အနားပိုယူဖို့လိုသလား?

6️⃣𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 သုံးစွဲသင့်သလား?

7️⃣ပရိုတိန်း အသားဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ် ကဆီဓာတ် ဘယ်မှာပိုစားဖို့လိုမလဲ?

8️⃣တစ်ခါကစားပြီးတိုင်း အားပြန်ပြည့်ရဲ့လား?

အဲဒီမေးခွန်းတွေကို လေ့ကျင့်မှုဒိုင်ယာရီမှတ်တမ်းမရှိရင် တိတိကျကျ ဘယ်လိုဖြေဆိုလို့ ရနိုင်ပါ့မလဲ။ ကိုယ်အလေးချိန်၊ ကြွက်သားများအတိုင်း အထွာ မှတ်တမ်းနဲ့ နေ့စဉ် ကစားတဲ့ လေ့ကျင့်ခန်း/အလေး၀န်/အကြိမ်/ အကျော့ လေ့ကျင့်ရေး မှတ်တမ်း ဇယားတွေ ရှိမှသာ ဖြေဆိုနိုင် မှာဖြစ်ပါတယ်။ ဖြစ်နိုင်မယ် ဆိုရင် နေ့စဉ် စားသောက်တဲ့ အာဟာရမှီဝဲမှုမှတ်တမ်းပါ ထားသင့်ပါတယ်။ မြန်မာ့အားကစားသမားတွေဟာ လိုအပ်တဲ့ ကယ်လိုရီ ပြည့်ဝအောင် အဟာရကို တွက်ချက် စားသောက်တတ်တဲ့ အလေ့ အ ကျင့် အများကြီး လိုနေပါသေးတယ်။ ဒီနေရာမှာ နည်းပြဆရာ တွေလည်း ဗဟုသုတပိုပြည့်၀ဖို့လိုနေပါတယ်။

အားကစားကို ဝါသနာပါပြီးအားပေတဲ့ နီးစပ်ရာ ဆရာ၀န်များထံမှာ အာဟာရဗေဒ ဗဟုသုတကို ဆည်းပူးလေ့လာသွားကြဖို့လိုပါတယ်။အထူးသဖြင့် ကြွက်သားတွေကြီးထွားမှုအတွက် ရည်မှန်းချက်ထားကစားတဲ့ ကာယဗလအားကစားသမား တွေဟာ နေ့စဉ်စားသောက်တဲ့ အာဟာရဓာတ်တွေထဲမှာ ယေဘူယျအားဖြင့် အဆီ၊ ပရိုတိန်းအသား ဓာတ် ကာဘိုဟိုက်ဒရိတ် ကဆီဓာတ် ၁း၂း၃ ချိုးစားသောက်ဖို့လိုတာကိုသိထားဖို့လိုပါတယ်။ကာယဗလသမားတွေအဖို့ ပုံမှန်တိုးတက်မှုရရှိရေးအတွက် လေ့ကျင့်ရေးနဲ့ စားသောက်မှုတို့ကို ပြန်လည်သုံးသပ် အကဲဖြတ် လေ့လာပြုပြင်မှုကျင့်စဉ်ဟာ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကပြောပြနေတဲ့ တိုးတက်မှုနဲ့ လိုအပ်ချက်တွေကို သတိပြုပြီး လုပ်ကိုင်ဆောင်ရွက်သွားတတ်ရပါမယ်။

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/profile.php?id=100012464049943#အောင်အောင်_လှိုင်#diarybook. #Training#Focus#Reps#Sets#Exercise#Nutrition#Recovery#Concentration#Discuss

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta