ချန်ပီယံ နှင့် 𝐒 ခုနှစ်လုံး - MFTA

ချန်ပီယံ နှင့် 𝐒 ခုနှစ်လုံး

ယနေ. ကာယဗလပြိုင်ပွဲတွေမှာ အနိုင်ရရှိဖို. ဆိုတာ မိမိတို. တတ်စွမ်းသလောက် လေ.ကျင်. ကြိုးစားကြတာ သင်တို.လည်းသိမှာပါ။ ချန်ပီယံဖြစ်ကြဖို. ဆောင်ရန် ရှောင်ရန်တွေကိုလည်း ကိုယ်.ထက်ဝါရင်.တဲ. အတွေ.အကြုံရှိ မောင်တွေဆီမှာ မေးမြန်းလေ.လာ ကြတာလည်း အစဉ်အလာတစ်ခုဆိုရင် မမှားပါဘူး။ ကျွန်တော် အခုတင်ပြမယ့် ချန်ပီယံအတွက်(s)ခုနှစ်လုံး ဆိုတဲ. ပို.စ်လေးဟာ ပြိုင်ပွဲဝင်ဖို. ရည်မှန်းချက်ရှိတဲ. သူတွေ လေ.လာရင် အကျိုးရှိနိုင်သလို ၀ါသနာပါတဲ. လူငယ်တွေအနေနဲ.လည်း ကာယဗလနဲ. ပတ်သက်တဲ. ဗဟုသုတရရှိနိုင်မယ်လို့မျှော်လင်.ရင်း တင်ပြပေးလိုက်ပါတယ်။ မှတ်သားရတာလည်း လွယ်ကူပါတယ်။

1️⃣Size – ကြွက်သားကြီးထွား

2️⃣Shape – ပုံသဏ္ဌာန်ကောင်းခြင်း

3️⃣Structure – အရိုးအဆစ် အနေအထား ကောင်းခြင်း

4️⃣Separation – ကြွက်သားများ ပေါ်လွင်ခြင်း

5️⃣Symmetry – အချိုးအစား ပြေပြစ်ခြင်း

6️⃣Showing ability – ကိုယ်ဟန်ပြ ကောင်းမွန်ခြင်း

7️⃣Spirit -စိတ်ဓာတ်ကောင်းမွန်ခြင်းတို. ဖြစ်ပါတယ်။

အကျယ်တ၀င်. ရှင်းပြရရင်တော. အောက်ပါအတိုင်းပါပဲ

1️⃣Size -ကြွက်သားကြီးထွားမှုတစ်နည်းအားဖြင်. ကြွက်သားထုထည်ကောင်းမှုကို ဆိုလိုတာပါ (muscle size)ပေါ.ဗျာ ကြွက်သားကြီးထွားပြီး တင်းတင်းရင်းရင်း ဖွံဖွံထွားထွား ဖြစ်နေရပါမယ်။ လျှော.တိလျှော.ရဲမဖြစ်စေရပါ။

2️⃣Shape -ပုံသဏ္ဌာန်ကောင်းခြင်းကာယဗလမောင်တစ်ဦးဧ။်ပုံသဏ္ဌာန်လှပ ပြေပြစ်မှုကို ဆိုလိုတာပါ။ အခြေခံပုံသဏ္ဌာန် ကောင်းပါမှလည်း အဆင်မြင်. ကာယဗလသမား ဘ၀ကို တက်လှမ်းနိုင်မှာပါ။

3️⃣Structure-အရိုးအဆစ်အနေအထားကောင်းခြင်းကာယဗလမောင်တစ်ဦးရဲ. အရိုးတည်ဆောက်မှု အနေအထားဟာ ကောင်းမွန်ဖို. လိုပါတယ်။ တစ်ချို.မှာ ပခုံးနှင်. ညှပ်ရိုးများ ငေါထွက်နေခြင်း ခြေခွင်လက်ခွင်ဖြစ်ခြင်း တင်ပဆုံရိုးကြီးခြင်း၊သိမ်ခြင်း၊ ဒူးဆစ်၊ တံတောင်ဆစ်ကြီးနေခြင်းတို. မဖြစ်ဖို.လိုပါတယ်။

4️⃣Separation-ကြွက်သားများပေါ်လွင်ခြင်းMuscular Definitionပဲ ဖြစ်ပါတယ်။ အဓိကကြွက်သား Major Muscle များပေါ်လွင်ဖို. အရေးကြီးပါတယ်။ ပြီးမှ ကျန်ကြွက်သားငယ်များ ပေါ်လွင်ရန်ဖြစ်ပါတယ်။

5️⃣Symmetry-အချိုးအစားပြေပြစ်ခြင်းဆိုလိုရင်းကတော.ဗျာ သိပြီးသားလည်းဖြစ်မှာပါ။ ခါးအပေါ်ပိုင်း၊ ခါးအောက်ပိုင်း၊ အချိုးအစားကျဖို. လက်မောင်းလက်ဖျံ၊ ပေါင်၊ ခြေသလုံး၊ အနေအထား အချိုးအစား မှန်ကန်ဖို.တစ်ချို.မှာ လက်မောင်း တိုနေခြင်း၊ လက်ဖျံတိုနေခြင်း၊ ခါးတိုနေခြင်း၊ ပေါင်ဆစ်တိုနေခြင်း၊ ကုတ်တိုနေခြင်းများ၊ ပခုံးကျဉ်းနေခြင်းများကို တွေ.ရပါတယ်။ အဲဒီအချက်တွေကနေ ကင်းစင်ရင်တော. အကောင်းဆုံးပေါ.ဗျာ။

6️⃣Showing ability-ကိုယ်ဟန်ပြကောင်းမွန်ခြင်းကိုယ်ဟန်ပြ စွမ်းရည်ကောင်းမှုကို ဆိုလိုတာပါ။ ကာယဗလမောင် တစ်ဦးသည် ပြိုင်ပွဲတွင် သက်တောင် သက်သာ အနေအထားရှိရပါမယ်။ အံကြိတ်ခြင်း၊ မျက်နှာရှုံမဲ.ခြင်း၊ တစ်ကိုယ်လုံး တုန်ခါနေအောင် ကြွက်သားများ ညှစ်ပြခြင်း မဖြစ်စေရပါ။ သတ်မှတ်ထားသော အချိန်အတွင်း ရှေ.နောက် ဘေးကိုယ်ဟန်ပြကွက် စုံပြီး မိမိနှင်. လိုက်လျှောညီထွေ ရှိစေရန် လိုပါတယ်။ Pose that made the Champion Famous ဆိုတဲ.စကားအတိုင်း ကိုယ်ဟန်ပြ အတတ်ပညာသည် ချန်ပီယံများအား ကျော်ကြားစေသည် ဆိုသောစကားနှင်.အညီ ကိုယ်ဟန်ပြကောင်းဖိုလည်း လိုပါတယ်။

7️⃣Spirit -စိတ်ဓာတ်ကောင်းမွန်ခြင်းပြိုင်ပွဲမှာ အရှုံးအနိုင်သည် ပဓာန၊ ယှဉ်ပြိုင်ခြင်းသည် အဓိက ဆိုသောအချက်ကို လက်ကိုင်ထားကာ ရှုံးလည်း ပြုံးပြုံးနိုင်လည်း ပြုံးပြုံးဖြင်. ပြိုင်ဖက်များ အပေါ်လေးစား ချစ်ခင်မှုရှိခြင်း၊ ဒိုင်လူကြီးများဧ။် ဆုံးဖြတ်ချက်နှင်. ပရိတ်သတ်အပေါ် အမြင်ကြည်လင်မှုရှိဖို.တိုပါပဲ အထက်ပါ 7-S For Champions ချန်ပီယံများအတွက် sခုနှစ်လုံးကို လက်ကိုင်ထားခဲ.ရင် ကာယဗလခရီးလမ်းမှာအထောက်အကူပြုနိုင်မယ်လို့ထင်မိပါကြောင်း..

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/profile.php?id=100012464049943.#အောင်အောင်_လှိုင်#𝐒𝐞𝐯𝐞𝐧#𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧#𝐖𝐢𝐧𝐧𝐞𝐫#𝐒𝐩𝐢𝐫𝐢𝐭#𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞#𝐒𝐲𝐦𝐦𝐞𝐭𝐫𝐲#𝐒𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧#𝐒𝐡𝐚𝐩𝐞#𝐁𝐨𝐝𝐲𝐛𝐮𝐢𝐥𝐝𝐢𝐧𝐠

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta