အဆီချချင်ရင် ဒါတွေလုပ်စရာမလိုပါ - MFTA

အဆီချချင်ရင် ဒါတွေလုပ်စရာမလိုပါ

အားကစားလုပ်ကြသူတွေထဲမှ အများစုကတော့၊ အဆီကျလိုသူတွေ ကိုယ်အလေးချိန်လျော့ချလိုသူတွေဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်များအတွက်ဆောင်ရန် / ရှောင်ရန်တွေ များစွာတင်ဆက်ထားပီးဖြစ်ပါတယ်။ ဒီပို့စ်မှာ၊ လိုတိုရှင်း ထိထိမိမိစွာတင်ပြလိုတာကတော့ အဆီချနေသူတွေ အမှတ်မှားပီး၊ စွဲမြဲစွာပြုလုပ်နေကြတဲ့ အမှား တွေပါ။

အဆီချဖို့အတွက် ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ကစီဓါတ်တွေကိုဖြတ်စရာ လုံးဝမလိုပါ။ တပါတ်ကို ခြောက်ရက် ခုနှစ်ရက် လေ့ကျင့်ခန်း ပြုလုပ်ရန်မလိုအပ်ပါ။ အငတ်ခံရန်မလိုသလို အမြဲဆာလောင်အားနည်းနေလောက်အောင် အစားမလျော့သင့်ပါ။ Gym ကစားတဲ့အခါမှာ အလေးပေါ့ပေါ့၊အကြိမ်များများ ကစားခြင်း တစ်ကျော့နဲ့တကျော့ကြားနားချိန်အရမ်းလျော့ခြင်းတို့ပြုလုပ်ရန်မလိုပါ။ ပြေး၊ ရေကူး ကြိုးခုန် ဘောကန် လမ်းလျောက် အစရှိတဲ့ ကာဒီရို လေ့ကျင့်ခန်းတွေအလွန်အကျူးလုပ်ရန် မလိုပါ။ တကယ်တော့ အဆီချဖို့က အရမ်းမခက်ပါဘူး။စွဲမြဲဖို့ပဲ လိုပါတယ်။

1️⃣ strength training ကောင်းကောင်းလုပ်ရမယ်။

2️⃣ အိပ်ရေးဝဝအိပ်ပါ။

3️⃣ အရည်အသွေးမြင့်တဲ့အာဟာရတွေကို စနစ်တကျရွေးချယ်ပီး၊ တနေ ့တာလိုအပ်တဲ့ ကယ်လိုရီထက်လျော့စားရင် အိုခေပါတယ်ဗျ။ဟုတ်ပီ အထက်ပါ အရေးပါတဲ့သုံးချက်ကို တိတိကျကျ try ကြည့်ချင်တယ်ဆိုရင်၊ ကျွန်တော်သင်ပေးပါ ့မယ်။အသေးစိတ်ကို ဒီလင့်ခ်ကနေ လေ့လာပေးပါ။

https://www.facebook.com/885104638183061/posts/5588907347802743/?d=n

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ ့Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta