လည်ပင်းကျီးပေါင်း ရောဂါရှိသူ ၊ Vertigo ရှိသူနဲ့ လက်၊ကျော၊လည်ပင်း ဒဏ်ရှိသူကလွဲပြီး - MFTA

လည်ပင်းကျီးပေါင်း ရောဂါရှိသူ ၊ Vertigo ရှိသူနဲ့ လက်၊ကျော၊လည်ပင်း ဒဏ်ရှိသူကလွဲပြီး

လည်ပင်းကျီးပေါင်း ရောဂါရှိသူ ၊ Vertigo ရှိသူနဲ့ လက်၊ကျော၊လည်ပင်း ဒဏ်ရှိသူကလွဲ ပြီး…

လူတိုင်း ဇောက်ထိုးထောင်သင့်တဲ့အချက်– (Google နဲ့ AI ကမပြောပြနိုင်တဲ့ ၅ ချက်)

၁။Spatial ability – ပုံမှန်မဟုတ်တဲ့ ကိုယ်နေဟန်ထားတစ်ခုမှာ ခွန်အားတွေကို မျှချေဖြစ်အောင် စိုက်ထုတ်ရင်း

မမြင်ကွယ်ဘက်ခြမ်း၏ ခန္ဓာကို အစိတ်အပိုင်းများကို ပုံဖော်ထိန်းသိမ်းခြင်း၊

(Cognitive Demend အလွန်များစွာ သုံးရခြင်း ကြောင့် Brain Training အကြီးစား ဖြစ်တယ်)

၂။Axial on Shoulder Performance – လူရဲ့ နံရိုးအုံ နဲ့ ကျောလည်တိုင် ဆိုတာ တင်ပဆုံပေါ်မှာပဲ တစ်သက်လုံး နေလာတာ ၊ Headstand + Handstand မှာက ပြောင်းပြန် ပုခုံးပေါ် အနားယူရချိန်ဖြစ်တယ်၊

၃။Blood and lymph Circulation- ဇောက်ထိုးနေခြင်းကြောင့် ဦးခေါင်း နှင့် ခန္ဓာအပေါ်ပိုင်း သွေးလည့်ပတ်မှုကောင်း

တယ်။ ဒါကရိုးရှင်းတယ်။ ပိုတိတိကျကျပြောရင် Cerebrovascular Elasticity ကောင်းတယ် ၊

၄။Spine Health – တိတိကျကျ ပြောရရင် အသက်ကြီးရင် ဖြစ်လာနိုင်တဲ့ (လည်ပင်းကျီးပေါင်း)

Cervical Spondylosis ကို မကြောက်ရတော့ဘူး။ လည်ပင်းနောက်ရိုးဆစ်တွေဆိုတာ တစ်သက်လုံး ခေါင်းကို

ထမ်းထားရတဲ့ အတွက် ဖိအားအရမ်းကြီးတဲ့အပြင် ၊ ဒီနေ့ခေတ်လို Forward Head Office Work တွေများတော့

ဖိအားက အဆ များစွာပိုတယ်။

၅။Diaphragm Health- လူ့ဘဝမှာ အကြီးမားဆုံးသော ကာယ လှုပ်ရှားမှုက အသက်ရှုခြင်းပဲ ၊ လမ်းလျှောက်တာတောင်

အဲ့လောက်မများဘူး။ Diaphragm က အသက်ရှူခြင်းအလုပ် ရဲ့ပင်မ ကြွက်သားပဲ။

Handstand + Headstand မှာ Diaphragm ကို အကြောလျှော့ ပေးနိုင်တယ်။

ဒါကြောင့် Quality Breathing ကိုရစေတယ်။

#SirWaiYanPhyo

#MFTA#FitnessEducator

#HPS#HumanPerformance#Specialist

#PPSC#PainFree#Performance#Specialist

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta