ကိုယ်ခံစွမ်းအားနှင့်အစာခြေစနစ် ကျန်းမာရေး ကပ်ရောဂါတွေဖြစ်နေချိန်မှာ ကိုယ်ခံအားစနစ်တိုးတက်ဖို့ - MFTA

ကိုယ်ခံစွမ်းအားနှင့်အစာခြေစနစ် ကျန်းမာရေး ကပ်ရောဂါတွေဖြစ်နေချိန်မှာ ကိုယ်ခံအားစနစ်တိုးတက်ဖို့

ကိုယ်ခံစွမ်းအားနှင့်အစာခြေစနစ် ကျန်းမာရေး ကပ်ရောဂါတွေဖြစ်နေချိန်မှာ ကိုယ်ခံအားစနစ်တိုးတက်ဖို့ ကျွန်တော်တို့ကြိုးစားကြပေမဲ့ ကိုယ်ခံစွမ်းအားတိုးတက်ဖို ့ဆိုရင် အစာခြေ စနစ်ကအရမ်းကိုအရေးကြီးပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ သတိမထားဘဲအစာချေစနစ်နဲ့ အူလမ်းကြောင်းကို ပြသနာဖြစ်စေတဲ့မှားယွင်းတဲ့ စားသောက်ပုံတွေအကြောင်းကို မျှဝေပေးထားပါတယ်။

1️⃣ အစားကိုမြန်မြန်စားခြင်း အစာကိုကြေညက်စွာဝါးစားဖို့ လိုပါတယ်။ Mindful eating ကအရေးကြီးပါတယ်။ ဖုန်းလေးပွတ်ရင်း အစားစားတဲ့အခါ ကျေညက်အောင် မဝါးမိတော့တာဖြစ်တတ်ပါတယ်။

ကိုယ်က သေချာကြေညက်အောင် မဝါးထားဘူးဆိုရင် အစာချေစနစ် ပိုအလုပ်လုပ်ရပါတယ်။ ရေရှည်မှာဝန်ပိစေမှာပါ။

2️⃣ အချိုဓါတ်စားသုံးမှုလွန်ကဲခြင်း အချိုဓါတ်များသောအစားအစာများနှင့် GI မြင့်သောအာဟာရများကို စားသုံးခြင်းသည်၊

ခန္ဓာကိုယ်က အာဟာရများကို ကောင်းမွန်စွာ စုပ်ယူအသုံးပြုရေးတွင် အဟန့် အတားပြုသည့် ဘက်တီးရီးယားများကို ကြီးထွားမှု မြန်ဆန်စေသည့်အတွက် ခန္ဓာကိုယ်သည် အာဟာရများကို အပြည့်အဝရယူနိုင်ခြင်းမရှိသောကြောင့် ကိုယ်ခံစွမ်းအားအတွက် မကောင်းပါ။

3️⃣ Stress များလွန်းခြင်းသည်၊ အစာချေစနစ်၏စွမ်းဆောင်ရည်ကို လျော့ကျစေသည့်အပြင် အစာချေလမ်းကြောင်းကို Inflammation ဖြစ်နိုင်ခြေတိုးလာစေပါသည်။

4️⃣ GMO – Genetically Modified Organisms ဟုခေါ်သောဓါတ်ခွဲခန်းတွင်း ဗီဇပြောင်းနည်းပညာအသုံးပြုထုတ်လုပ်ထားသော အာဟာရများ (organic မဟုတ်သော)ကိုစားသုံးခြင်းသည်၊ ကိုယ်ခံအားစနစ်အတွက် အထောက်အကူပြုသော အူအတွင်းရှိ အကျိုးပြူဘက်တီးရီးယားများဖျက်စီးနိုင်ပါသည်။

5️⃣ Antibiotics ဆေးများသောက်သုံးမှုလွန်ကဲခြင်းသည်၊ ၊ ကိုယ်ခံအားစနစ်အတွက် အထောက်အကူပြုသော အူအတွင်းရှိအကျိုးပြု ဘက်တီးရီးယားများသေစေနိုင်ပါသည်။

ထို့ကြောင့် အသီး ကိုပြင်လိုလျင် အမြစ်ပြင်ရပါမည်။ ကိုယ်ခံအားကောင်းစေရန်အတွက်ဆိုလျင် အိပ်ရုံ ၊ လေ့ကျင့်ခန်းပြုလုပ်ရုံမျှဖြင့်မလူံလောက်ပဲ စားသောက်သည့် အာဟာရအပိုင်းကိုလည်း ဂရုပြုရန်လိုအပ်ပါသည်။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119

#muscle_professor

#MFTA

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta