MFTA သင်တန်းရဲ့ ၆-နှစ်ပြည့် anniversary - MFTA

MFTA သင်တန်းရဲ့ ၆-နှစ်ပြည့် anniversary

မနက်ဖြန်၂၃.၃.၂၀၂၃ဟာကျွန်တော်တို့ MFTA သင်တန်းကျောင်းလေး စတင်ဖွင့်လှစ်တာ ၆-နှစ်ပြည့်တဲ့ မင်္ဂလာနေ့ လေးဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ပထမဆုံးသော Online Fitness Trainer Academyသင်တန်းကျောင်းလေးကို စတင်ဖွင့်လှစ်မယ် မြန်မာဘာသာနဲ့ သင်မယ် အွန်လိုင်းကသင်မယ် ကိုယ်ပိုင် private သင်တန်းလေး အဖြစ်ရပ်တည်မယ်ဆိုပီး ကြေငြာတော့ ဝေဖန်သူတွေ၊ မယုံကြည်သူတွေ၊ စိတ်အနှောင့်အယှက် ဖြစ်အောင်ပြုလုပ်သူတွေ များစွာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ကျွန်တော့်ကို ယုံကြည်သူတွေ ထောက်ခံအားပေးသူတွေ လက်တွဲတဲ့သူတွေဟာ အနှောင့်အယှက်တွေထက်ပိုများခဲ့လို့ MFTA သင်တန်းဟာ အမေရိကန်၊ သြစတေးလျ၊တောင်ကိုရီးယား မကာအိုမလေးရှား၊ စင်္ကာပူ၊ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ပြည်တွင်းမှ တိုင်းနှင့်ပြည်နယ်အသီးသီးက Gym owner တွေ Gym Trainer တွေနဲ့ Fitness ၀ါသနာရှင် သင်တန်းသား စုစုပေါင်း သုံးထောင်လောက်ကိုမွေးထုတ်နိုင်ခဲ့ပီဖြစ်ပါတယ်။

Fitness Business coach သင်တန်းအပါအဝင် ဝင်ငွေလမ်းကြောင်း တည်ဆောက်လိုသူများအတွက်လည်းသင်တန်းတွေဖွင့်နိုင်ခဲ့ပီ ဖြစ်ပါတယ်။ ခုလည်း ၆-နှစ်ပြည့်အထိမ်းအမှတ် Discounts များစီစဉ်ပေးပါမယ်။

ကျွန်တော့်အနေနှင့် ကိုယ်ချစ်မြတ်နိုးတဲ့ အားကစားနယ်ပယ် အတွက် ၀ါသနာတူ ညီအကိုများအတွက်တစ်ထောင့်တစ်နေရာမှ အကျိုးပြုနိုင်လို့ အထူးအားရကျေနပ်မိပါတယ်။

Course လေးခုလုံးမှသင်တန်းသား အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ သင်တန်းသားတွေဟာ MFTA ရဲ့ အသက်MFTA ရဲ့ ပုံရိပ်ဖြစ်ပါတယ်။ကျွန်တော်နဲ့ MFTA ကိုရွေးချယ်လက်တွဲတဲ့အတွက် မှတ်မှတ်ရရကျေးဇူးတင်ပါရစေ။

ကိုယ့်လမ်းကိုယ်လျာက်ရင်း လူငယ်များစွာရဲ့ ဘဝ/ဝင်ငွေLifestyle တွေအပေါ်ကောင်းမွန်တဲ့တိုးတက်ပြောင်းလဲမှုတွေ တည်ဆောက်ပေးနိုင်ခဲ့ခြင်းက ကျွန်တော့်ကို ဆက်ရုန်းဖို့ motivate ဖြစ်စေခဲ့တာ့ပါ။

Muscle Professor ကိုဖတ်ရှုအားပေးခဲ့တဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးအထူးပါ။

သန်မာလာပီဖြစ်တဲ့ MFTA အနေနဲ့ ရှေ့ ဆက် ကြိုးစားရင်း အဆင့်မြင့်သင်တန်းများကိုလည်းဖွင့်လှစ်နိုင်အောင် ကြိုးစားပါ့မယ်လို့ ကတိပြုရင်း MFTA နှင့် Muscle professor page fans များကို အထူးကျေးဇူးတင်လျက်- နိုင်ဦး-၁၁၉

Master Trainer and Educator

Founder of Myanmar Fitness Trainer Academy (MFTA) and Founder of Muscle professor Page

#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta