Planche အရှုပ်တော်ပုံ - MFTA

Planche အရှုပ်တော်ပုံ

(Planche အရှုပ်တော်ပုံ) Calisthenics နှင့် Gymnastic နယ်ပယ်မှာ Planche Hold Position ဟာ Risk အရမ်းများတဲ့ Skill တစ်ခုပဲဗျ။

ဒီ Skill ကိုလုပ်နေစဥ်မှာ Torso (ကိုယ်ထည်) ကြီးကို မဖို့ အားစိုက်ပေးရတာဟာ ဂုတ် နဲ့ Anterior Delts တွေလို ပုခုံးကြွက်သား အတိုလေးတွေက လုပ်ပေးရတာဖြစ်တယ်။

ပိုဆိုးတာက Max Torque (အားအမြင့်ဆုံး) ထုတ်နိုင်ဖို့နဲ့ တံတောင် နဲ့ လက်ကောက်ဝတ် တွေကို Joint Pressure နည်းနိုင်သမျှ နည်းအောင် အထားအသို တတ်ဖို့လိုတာပါပဲ။

Planche Hold အတွက် Global Technique ကတော့ Arm Pit ကို ရှေ့တည့်တည့်ထားပြီး Elbow ကို Lock လုပ်တတ်ဖို့ပဲ။

နောက်ပြဿနာတစ်ခုက Kinanthropometry နဲ့ Biomechanic ကို နားလည် ဖို့လိုတယ်။

Body Composition အရ ဝိတ်များနေရင်ခက်လိမ့်မယ်။

Ape Index အရ လက်နှစ်ဖက်ဆန့်အလျားက ကိုယ့် အရပ်ထက် ပိုရှည်တဲ့သူတွေမှာ Planche Hold ကို ပိုလွယ်ကူစေတယ်။

Arm Span များတဲ့အတွက် ကိုယ်ထည်ကြီးကို မ,တင် တဲ့အခါ ကိုယ်ထည်နဲ့ လက်တံ ကြားက Angle ကို နည်းစေပြီး Center of Gravity (COG) ကို ထိန်းထားရပိုလွယ်တယ်။

Position လည်း ပိုလှတယ် ၊ Smart ဖြစ်တယ်။

ကိုယ်တွေလို Arm Span တိုပြီး Bodyweight များတဲ့ Mr.Stout တွေ ၊ Barbarian တွေအတွက်ကျတော့ Planche Hold လုပ်တဲ့အခါ COG ကိုထိန်းဖို့ ခက်လေတော့ ကိုယ်ထည်ကြီးကို လိပ်ခုံးလို မရ,မက Lean လုပ်နေရတတ်ပါတယ်။

အလကားရှင်းပြနေလို့ အလကားရတဲ့ Google က စာတွေတော့မဟုတ်ဘူးဗျ။

Theory တစ်ခုကို Critical Thinking နဲ့တွဲ ပြီး Apply လုပ်နိုင်ဖို့အတွက် ရှင်းပြပေးခြင်းသာ ဖြစ်ပါတယ်။

ကျွန်တော် Wai Yan Phyo ပါ။

ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်ပြီး MFTA ကအသစ်ဖွင့်တဲ့ Perform Max သင်တန်းရဲ့ Course Creator /Educator ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ

Dr.John Rusin ရဲ့အသိမှတ်ပြု

Pain Free Performance Specialist အောင်မြင်ထားပါတယ်။

ကျွန်တော်က Human Performance ကို လေ့လာ ၊ မျှဝေနေသူဖြစ်ပါတယ်။

#PPSC#MFTA

#Registered#Training#System

#Education#Provider

#FixToFit#Myanmar

#PerformMax

#FounderOfPerformanceRack

#LeverArm#PMx

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta