Warning - MFTA

Warning

Bruce Lee စတင်ခဲ့ တဲ့ Dragon Flagအကြောင်းလေး ပြောရအောင်ဗျာ။ မူလ Bruce Leeလုပ်ခဲ့တဲ့ Dragon Flag မှာဆိုရင် Bench Assisted ယူထားတဲ့အတွက် Fitness သမားတွေ လိုက်လုပ်ဖို့ လွယ်ကူပါတယ်။

အဲ့ဒီကနေ Variation ဖြစ်သွားတဲ့ One Arm Dragon Flag တို့ Reverse Dragon Flag တို့မှာဆိုရင်တော့ တော်ယုံ ကြံ့ခိုင်မှု နဲ့ မရတော့ပါ။

ဒီတော့ Standard Performance ဖြစ်တဲ့ တစ်ခုကိုပဲ နမူနာပြောပြပေးပါမယ်။

Bench Assisted Dragon Flag

Tricep ကြွက်သားရဲ့ Ecentric Tensionကိုအဓိက အားပြုတာ ပိုကောင်းပါတယ်။

လက် မောင်းကွေးထားလို့ Bicep ရဲ့ Concentric Tension ကိုပဲ Focus လုပ်နေလို့ မသင့်တော်ပါဘူး။

—————————————————————

(နောက်ကျောဘက် Back Line အလုပ်လုပ်ပုံ)

-နောက်ကျောဘက် မှာရှိတဲ့ internal Force တွေကို နှစ်ပိုင်းခွဲ ပြီး ပြောရရင်

ကျောအပေါ်ပိုင်း နဲ့ ကျောအောက်ပိုင်း ရှိပါမယ်။

Tricep ကြွက်သား ကတစ်ဆင့်

Lats, Trap , Erector Spinae, Serratus posterior muscle (ကျောဘက် အပေါ်ပိုင်းတစ်ခုလုံး) ကို Force လွှဲ ပြောင်းသယ်ဆောင်နေတာ ဖြစ်တယ်။

အဲ့ဒီအချိန်မှာ လေပေါ် မြောက်တက်နေတဲ့ Posterior Back ,Glute နဲ့ Lower limb တို့ဟာ Concentric Tension ရှိနေတာဖြစ်ပါတယ်။(ကျော အောက်ပိုင်း)

ဒီနေရာမှာ Posterior Back ရဲ့ Lumbar အပိုင်းဟာ Centre of Gravity ဖြစ်တဲ့အတွက် ခါးပျော့လိုက်တာနဲ့ ဒဏ်ဖြစ်ပြီဆိုတာ မှတ်ထားပါ။

………………………………………………………

(အရှေ့ဘက်ခြမ်း Front Line အလုပ်လုပ်ပုံ)

-ခန္ဒာကို ရှေ့ဘက်ခြမ်း (ဝမ်းဗိုက်အခြမ်း) ဟာ Gravity ကို ဆန့်ကျင်ပြီး Body ကို ကြွတက်လာဖို့ တာဝန် ယူရတော့ပါမယ်။

ဲအရှေ့ခြမ်း ဖြစ်တဲ့ Front Line တစ်ခု လုံးဟာ အားပြင်းတဲ့ Internal Force တွေ ကို စိုက်ထုတ်ရတော့မှာဖြစ်ပါတယ်။

Neck Muscle တွေက စလို့ Quad အထိဟာ Concentric Tension ရှိနေမှာ ဖြစ်ပြီး။

Tibialis Anterior (ခွသေလုံးအရှေ့ခြမ်းတစ်လျှောက်)ဟာ Ecentric Tension ရှိနေပါမယ်။

——————————————————————

Torque (ဝင်ရိုးပေါ် မှာ မျှခြေ ရောက်လာပုံ)

-အထက်ကပြောခဲ့တဲ့အတိုင်း…

Back line က ထုတ်ပေးတဲ့

Internal Force တွေ နဲ့

Front Line က ထုတ်ပေးတဲ့

Internal Force တွေ ကို ပေါင်းပြီးတော့ Reactionary Force ခေါ်ပါတယ်။

Reactionary Force ဆိုတာ Gravity ကို ဆန့်ကျင်တဲ့ အားပါပဲ။

အဲ့ဒီ Reactionary Force က အပေါ်ကို မ,တင်နေပြီးတော့ Gravity က အောက်ကို ဆွဲ ချနေတဲ့ အား နှစ်ခု ကြားမှာ Torque ဖြစ်လာပါတယ်။

Standard Dragon Flag မှာတော့ Torque ဟာ Static Torque အမျိုးအစားဖြစ်ပါတယ်။

—————————————————————-

ကျွန်တော် Wai Yan Phyo ပါ။

MFTA ကအသစ်ဖွင့်တဲ့ Perform Max သင်တန်းရဲ့ Course Creator /Educator ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ

Dr.John Rusin ရဲ့အသိမှတ်ပြု

Pain Free Performance Specialist အောင်မြင်ထားပါတယ်။

#PPSC#MFTA

#Registered#Training#System

#Education#Provider

#FixToFit#Myanmar

#PerformMax

#FounderOfPerformanceRack

#LeverArm#PMx

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta