Young's Modulus - MFTA

Young’s Modulus

အရေပြားကစလို့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်း ဟာ သက်ရောက်အားအပေါ် ခုခံ တုန့်ပြန် နိုင်စွမ်းအသီးသီးရှိကြတယ်။

Fitness ရှုထောင့်နဲ့ပြောရင်တော့ အလေးဝန်တွေ ၊ သက်ရောက်အား တွေ အမျိုးမျိုး က Body အတွက် Stress တွေဆိုပါတော့။

အဲ့ဒီ Stress တွေကို အစွမ်းကုန်ကျိုးပျက်လုအခြေအနေ အထိ ခံနိုင်တဲ့ ကြံ့ခိုင်မှုဆိုတာ Mechanical Strength ဖြစ်တယ်။

Stress ပမာဏ အလိုက် မူတည်ပြီး ခန္ဓာအစိတ်ပိုင်းတွေ ပုံပြောင်းနိုင်စွမ်း ၊ တုန့်​ပြန်နိုင်စွမ်း ကို Elastic Properties ၊ Plastic Properties ၊ Deformation ၊ Strain စသဖြင့် ခေါ်လို့ရပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးအနေ နဲ့ ငြိမ်နေစဉ်မှာရော ၊ လှုပ်ရှားစဉ်မှာရော Load အမျိုးမျိုး ကြုံရတယ်။ ကြုံရတဲ့ Load အမျိုးအစားအလိုက် ခန္ဓာကိုယ်က Tissue တွေ ပုံပြောင်းကြတယ် ၊ တုန့်ပြန်ကြတယ်။

ခန္ဓာကိုယ်မျက်နှာပြင် ဖြစ်တဲ့ အရေးပြား နဲ့ ပြင်ပ အားတစ်ခုနဲ့ ထိတွေပြီဆိုကတည်းက Mechanotransduction လို့ခေါ်တဲ့ ဖြစ်စဉ် စဖြစ်တယ်။ Mechanic လှုံ့ဆော်မှုကို ဦးနှောက်ဆီ Electrochemical လှုံဆော်မှုအဖြစ် အသွင်ပြောင်း ပြီးသတင်းပို့တဲ့ ဖြစ်စဉ် ဖြစ်တယ်။

Mechanic ရှူထောင့်နဲ့ အရာဝတ္ထုတွေလို စံထားကြည့်ရင် လူ့ခန္ဓာကိုယ် Tissue အစုအဖွဲ့​ကြီးရဲ့ Rigidity ဟာ Elastic ဂုဏ်သတ္တိရဲ့ အဆုံးသတ်ဖြစ်တယ်။

Strength နဲ့ Rigidity ဟာ လုံးဝမတူပါ။

ဆေးပညာ အရ ကြည့်ရင်တော့ Muscle Rigidity ဟာ Abnormal အခြေအနေဖြစ်ပါတယ်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119

#muscle_professor

#MFTA#GuruNaing

#Myanmar_Fitness_Trainer_Academy

www.myanmarfitnesstraineracademy.com

#FitMyanmarProject#YourCoach

#MakeMyanmarFit

#WeightManagementGuru

#MyanmarFitnessPioneer#issacertified

#ISSAMasterTrainer#PNCoach

#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta