ခင်ဗျားလေးတို့ ကြားချင်တာက ဒီဆေးလေးသောက် Apple Cider Vinegar လေးသောက်၊ဗိုက်စည်းလေးဝတ် ကော်ဖီထဲသံပုရာသီးညှစ်သောက်၊ အရမ်းလှသွားမယ်ဆ်ိုတာမျိုး ဒါပေမဲ့ ကျန်းမာစွာဝိတ်ကျဖို့က
ပုံမှန် ကယ်လိုရီလျော့စားရမယ်။
လေ့ကျင့်ခန်း ပုံမှန် လုပ်ရမယ်။
ညစဉ် ပုံမှန် အိပ်ချိန်မှန်ရမယ်။
ဒီအချက်တွေကိုထပ်ချဲ့လို့ ရပေမဲ့အနှစ်ချုပ်ကဒါပဲ။
၁၀-ရက်လောက် ဟိုသောက် ဒီသောက် လုပ်ရုံနဲ့ကျသွားတာဝိတ် အဆီမဟုတ်။ ၂-ပြန်တိုးနဲ့ပြန်လာလိမ့်မယ်။
နားခါးသွားရင်ဆောတီး။ ဦးမြင့်မောင်မဟုတ်တဲ့ အောင်မြင်မှုမှာ ဖြတ်လမ်းမရှိဘူး။
ဒါပေမဲ့ နည်းလမ်းတကျ ကူညီမဲ့ဆရာရှိရင် အမြန်လမ်း အချို့တော့ရှိပါရဲ့။
#ဝိတ်ချခြင်းအနုပညာ#ကာယဗလသော့ချက်များ