ကြွက်သားထုထည်တက်ဖို့ အလွယ်ဆုံးနည်းလမ်းများ - MFTA

ကြွက်သားထုထည်တက်ဖို့ အလွယ်ဆုံးနည်းလမ်းများ

ခုနောက်ပိုင်း အဆီချဆောင်းပါးတွေပဲ အရေးများတော့ ခန္ဓာကိုယ်ကြီးထွားချင်တဲ့လူငယ်တွေရဲ့တောင်းဆိုချက်တွေအရဤ Topic ကိုလည်းဆက်လက်မျှဝေပါ့မယ်။

ရုပ်ခန္ဓာသည် အာဟာရအပေါ်အဓိကတည်မှီ ရသည့်အတွက် ခန္ဓာကိုယ်ကြီးထွားလိုသည်ဖြစ်စေ၊ ကိုယ်အလေးချိန်လျော့ချလိုသည်ဖြစ်စေ၊ အာဟာရကိုနံပါတ်တစ်ဦးစားပေး

စဉ်းစားရမှာပါ။ တစ်နေ့တာ လိုအပ်တဲ့ကယ်လိုရီထက် ကယ်လိုရိီ 500 လောက်တိုးစားရပါမယ်။

ဒီနေရာမှာ လူငယ်အတော်များများက အလောတကြီး ကယ်လိုရီများများ ပိုစားလိုကြပါတယ်။

အဲ့ဒီအယူအဆသည် အနည်းငယ်လွဲနေပါတယ်။ ကယ်လိုရီအများကြီးတိုးစားခြင်းက၊ တက်လာတဲ့ဝိတ်မှာ အဆီတွေများများပါစေမဲ့အဓိက တရားခံအချက်ပါ။

တနေ့တာ လိုအပ်တဲ့ ကယ်လိုရီရဲ့၆0% လောက်ကို ကာဗိုဟိုက်ဒရိတ်ခေါ် ကစီဓါတ်ကိုစားပါ။လူအတော်များများက ပရိုတိန်းကိုသာ အသားကုန်တိုးစားဖို့ အားသန်နေပေမဲ့ ကာဗိုဟိုက်ဒရိတ်ရဲ့ အရေးပါမှုကို သတိမပြုမိကြတာများပါတယ်။

နောက်တစ်ချက်က အဆီ (ကောင်းသောအဆီ) များကိုတနေ့တာ လိုအပ်တဲ့ကယ်လိုရီီရဲ့ 20% လောက်အနိမ့်ဆုံးမဖြစ်မနေစားရပါမယ်။

ကျွန်တော်သတိထားမိနေတဲ့အချက်တစ်ခုက လူအတော်များများက အဆီနဲ့ ပါတ်သက်ရင်အစွန်းရောက်ကြပါတယ်။ အဆီဆိုရင် လုံးဝရှောင်တဲ့အုပ်စုရယ်၊ နောက်အုပ်စုက အဆီဆိုရင် ကြက်၊ဘဲ အရေခွံတွေ၊ အမဲ၊၀က်တွေကရတဲ့ ပြည့်ဝဆီတွေကို အပီဖြုတ်တဲ့အုပ်စုရယ်ဆိုပီး၊ အစွန်းနှစ်ဖက်ထွက်နေကြတာများပါတယ်။ ထိုသူတွေအားလုံးလွဲနေပါတယ်။

Unsaturated Fat တွေကို အထက်ပါတင်ပြခဲ့တဲ့ အဆီပမာဏရဲ့ အတော်များများကိုစားနိုင်ပီး၊ပြည့်ဝဆီတွေကိုတော့ လျော့နိုင်လေကောင်းလေပါ။

Resistance Training-အလွယ်ပြောရယင် ၀ိတ်မပါ။ ဂျင်မ်ကစားပါ။ ခွန်အားသန်စွမ်းဖို့ နဲ့ ခန္ဓာကိုယ်အချိုးအစားကျနလှပဖို့ အတွက်အဓိက လိုအပ်ချက်က အလေးဝန်သုံးပီးလေ့ကျင့်ခန်းပြုလုပ်ခြင်းပါ။

မိမိရဲ့ ကစားသက်နဲ့ လိုက်ဖက်တဲ့ လေ့ကျင့်ခန်း၊intensity/volume ကစားရက်/နားရက်ကိုသတ်မှတ်နိုင်ရပါမယ်။

အိပ်ရေးဝဝအိပ်ပါ။ ဒါဆိုအိုခေပါပီ။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#ကာယဗလသော့ချက်များ#ဝိတ်ချခြင်းအနုပညာ

#argazar

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta