၀ိတ်ချိန်နေတုန်းလား - MFTA

၀ိတ်ချိန်နေတုန်းလား

ဒါဆိုဝိတ်ချိန်တာနဲ့ ပါတ်သက်ပီး ဒါလေးတွေမှတ်ထားပါ။၀ိတ်ချိန်တဲ့အခါမှာ

၁- Lean body mass (သူ့ မှာကိုယ်ထဲမှာရှိတဲ့ရေအလေးချိန်+ကိုယ်တွင်းအင်္ဂါတွေ+ အရိုး+အရေပြား+ကြွက်သားထုထည်ပဲဖြစ်ပါတယ်)

၂-Fat Mass (ကျွန်တော်တို့လျော့ချလိုတဲ့အဆီတွေအကုန် အရေပြားအောက်+ကလီဇာတွေကြားကအဆီ)

၀ိတ်ချိန်တဲ့အခါမှာ၊ကိုယ်အလေးချိန်အပြောင်းအလဲအတက်အကျကိုသိရတယ်။

တစ်ခါတလေကျွန်တော်တို့ ကိုယ်အလေးချိန်မကျဘဲ၊ခန္ဓာကိုယ်အတိုင်းအတာတွေလျော့ကျသွားတာက ကျွန်တော်တို့ သတိမထားမိတဲ့၊ကလီဇာတွေကြားထဲကအဆီတွေ၊အများစုရယ်တခြားသော အစိတ်အပိုင်းအချို့ လက်၊ခြေသလုံးရိုးပါတ်ချာလည်အစရှိသဖြင့် ဒီလိုအကျိုးကျေးဇူးလေးတွေရှိသလို တစ်ခါတစ်လေကျပြန်တော့ ၀ိတ်ချိန်တာကဒီလိုအလွဲလေးတွေနဲ့ ကြံုံရပြန်သေးတယ်။

ကျသွားတဲ့အဆီပမာဏနဲ့ တက်လာတဲ့ကြွက်သားပမာဏ ယေဘူယျမျှနေတာမျိုး (Body Recomposition လို့ ခေါ်တယ်ပေါ့ဗျာ) နောက်တစ်ချက်က ကိုယ်တွင်းကရေဝိတ်အပြောင်းအလဲကြောင့် တိုးတက်မှုကိုပေါင်ချိန်စက်ပေါ်ကကိန်းဂဏာန်းတွေနဲ့ တိုင်းတာမယ်ဆိုရင်လွဲတာပဲ။

တစ်ခါတလေမှာ၊ ဆား (အငန်ပိုစားမိလို့) ကာဗိုဟိုက်ဒရိတ်ပိုစားမိလို့ ၊မနက်အစောကြီးချိန်မိလို့ ၊Stress များနေလို့ ၊ပေါင်ချိန်စက်မတူလို့ ၊အမျိုးသမီးတွေရာသီစက်ဝန်းကြောင့်၊ ၀ိတ်တက်နေတာမျိုးတွေရှိတတ်တယ်။ ဒါကြောင့် ကျွန်တော်ပေးချင်တဲ့ အကြံကတော့၊ ပေါင်ချိန်စက်သည် Tool တစ်ခုသာဖြစ်သည်။ သင့်ရဲ့ ဝိတ်အတက်အကျ နှုန်းသည်၊ သူများနှင့် နှိုင်းယှဉ်ရမည့်အရာမဟုတ်။

ကျွန်တော်တို့ ကိုယ်အလေးချိန်ကို အရမ်းကြီးထိန်းချုပ်ဖို့ ကြိုးစားတာထက်၊ ကိုယ်အလေးချိန်အပေါ်ထားတဲ့ကျွန်တော်တို့ ရဲ့ အမြင်၊ခံယူချက်တွေနဲ့ တုံ့ပြန်ပုံတွေကိုပြင် နိုင်ပါတယ်။

သင့်ကိုသေချာလမ်းညွှန်ပေးနိုင်တဲ့ Mindset ကို strong ဖြစ်စေနိုင်တဲ့၊ ခန္ဓာဗေဒနားလည်တဲ့ ရလာဒ်ထွက်ထားတဲ့စနစ်ကောင်းတွေရှိတဲ့၊စျေးသက်သာတဲ့ ပရိုဂရမ်ကို Join ချင်ရင်ကူညီနိုင်တဲ့နည်းပြတွေအများကြီးရှိပါတယ်။

ကျွန်တော်ရဲ့ အကြီးကျယ်ဆုံးသော Online Camp ဖြစ်တဲ့ (lean Fit ၂-လငါးသောင်း )FatLoss Camp ကိုလမ်းညွှန်ပါရစေ။

လေးစားလျက်- နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ#ကာယဗလသော့ချက်များ

#argazar#Lifestyle#healthylife

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta