ကြွက်သားကြီးထွားဖို့ အရေးအကြီးဆုံးအချက်က ဘာလဲ - MFTA

ကြွက်သားကြီးထွားဖို့ အရေးအကြီးဆုံးအချက်က ဘာလဲ

ကြွက်သားကြီးထွားဖို့ အရေးအကြီးဆုံးအချက်က ဘာလဲ၊ Training only ပါ။ Diet+ Lifestyle မပါသေးပါ။ ကြွက်သားကြီးထွားဖို့ လေ့ကျင့်ရေးနဲ့ ပါတ်သက်လာရင် အရေးအကြီးဆုံးအချက်က-

Intensity

Tempo

Rest Period

Rep Ranges

အဖြေမှန်က၊ Intensity ပါခင်ဗျာ။

အထက်ပါအချက် အားလုံးဟာ အရေးကြီးသော်လည်း၊ Intensity ဟာအရေးအကြီးဆုံးအချက် တစ်ခုပါ။

intensity ဆိုတာ သင်ဘယ်လောက် အလေးများများနဲ့ လေ့ကျင့်သလဲဆိုတဲ့အချက်မဟုတ်ဘဲ လေ့ကျင့်တဲ့အကျော့တစ်ကျော့ကို Failure ဖြစ်လုနီးပါး ဘယ်လိုလေ့ကျင့်သလဲ ဆိုတာကို ပြောတာပါ။

ကိုယ့်ရဲ့ Training program အပေါ်မူတည်ပီး Intensity ကိုသတ်မှတ်ရမှာပါခင်ဗျာ။ Intensity ကကြွက်သားကြီးထွားဖို့ အထောက်အကူအဖြစ်ဆုံးဆိုပီး လောဘကြီးလွန်းရင် Over training တွေ၊ injuries တွေနဲ့ ၂ပါးသွားရနိုင်ချေများပါတယ်။

လူတယောက်နဲ့ တယောက် ခံနိုင်ရည်၊ ကစားသက်နဲ့ Lifestyle မတူတာကြောင့် လှေနံဒါးထစ်သတ်မှတ်၍မရပါ။ မိမိနဲ့ သင့်လျော်တဲ့ Training intensity ကိုသတ်မှတ်နိုင်ဖို့ အတွက်နည်းပြ အကူအညီရယူသင့်ပါသည်။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119

#muscle_professor

#MFTA#GuruNaing

#Myanmar_Fitness_Trainer_Academy

#FitMyanmarProject#YourCoach

#MakeMyanmarFit#MyanmarFitnessPioneer#issacertified

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta