"Neuroplascity " - MFTA

“Neuroplascity “

လူ့ဦးနှောက်က အသစ်တစ်ခုခုကို သင်ယူတိုင်း Functional ပြောင်းလဲမှုတွေဖြစ်တယ် ၊ Adaptation ဖြစ်တယ်.. Neurocircuit တွေတိုးလာတယ်…..

ဆေးပညာနယ်ပယ်က မဟုတ်တဲ့ လူတွေ နားလည်အောင်ပြောရရင်….

အမြင်အာရုံ (မျက်စိ) နဲ့ ကင်မရာ ဟာ ပုံရိပ်တွေ ဖမ်းယူရာမှာဆင်တူတယ်။

ဒီတော့ Film ဓာတ်ပုံတစ်ခုကို ဥပမာ ဆိုပါဆို့။

အဲ့ဒီ Camera Film ကို မိတ်ဆွေရဲ့ ဦးနှောက်လို့ သဘောထားကြည့်ပါ။

ဘာပုံမှ မရိုက်ရသေးတဲ့ Camera Film တစ်ခုဟာ သစ်ပင်တစ်ပင်ကို Focus လုပ်ပြီး ချိန်လိုက်မယ်။

သစ်ပင်ဆီက အရောင် ၊ အလင်း တန်းတွေ နဲ့ တန်ပြန်သက်ရောက်မှုတွေကြောင့် ဓာတ်ပုံ ရိုက်ချလိုက်တဲ့အခါ မူလ Film ပြောင်ကြီးဟာ သစ်ပင်ပုံ ထင်ကျန်သွားတယ်။

ခန္ဓာကိုယ်မှာ က အရောင် ၊ အနံ့ ၊ အဆင်း ၊ အသံ ၊ ထိတွေ့မှု တွေကိုသိရှိလက်ခံ တဲ့ ဖြစ်စဥ် (Perception) တွေတောက်လျှောက် ဖြစ်နေတယ်။

အဲ့ဒီနောက် ဘဝ နေထိုင်မှု ဟန်ချက် မပျက်ယွင်းအောင် ပြန်လည် တုန့်ပြန်တယ်။ လမ်းလျှောက်ရင်တောင်Joint by joint approach နဲ့ အရိုးဆစ်တွေ ၊ ကြွက်သားတွေ အချင်းချင်း Coordinate လုပ်သွားတယ်။

တစ်ခါလမ်းလျှောက်နိုင်ခဲ့ချိန်ကအစ ပြင်ပ အန္တရာယ်ကြောင့် Disability မရမချင်း တသက်လုံးလျှောက်နိုင်တယ်။

ဒါပေမယ့် လမ်းလျှောက်တာကို အသုံးပြုမှုနည်းလာတဲ့ ဘဝနေထိုင်မှု ပုံစံ က လွှမ်းမိုးလာရင်တော့ တစ်ချို့သော Function တွေဟာ စံရည်မပြည့်တော့ဘူး။

မွေးရာပါ လူတစ်ယောက်ရဲ့ လှုပ်ရှားနိုင်စွမ်း ၊ Natural Movement တွေကိုတောင် ဟန်မကျတော့တဲ့ လူတစ်ယောက်ကို Skill Acquisition ပေးဖို့ဆိုတာ ဒီနေ့ခေတ်မှာ ခက်သွားပြီ။

ခြွင်းချက်အနေနဲ့ ပြောစရာ ဖြစ်လာတာက အမြဲ လှုပ်ရှားသွားလာနေတဲ့ တောနေ လူတန်းစား ၊ တောင်သူ လယ်သမားတွေမှာ Intermittent Movement တွေ နေ့စဥ် ရှိတဲ့အတွက် သူတို့တွေမှာ ဒူပေဒါပေ ခံနိုင်ပြီး စနစ်မကျသည့်တိုင်အောင် Hard Skill ကို ရယူနိုင်တဲ့ Competence ရှိနေတတ်ပြန်တယ်။

အန္တရာယ်အကင်းဆုံးနဲ့ Optimal Result ကို လိုချင်ရင်တော့ “System” ရှိမှ ဖြစ်နိုင်မယ်။

#WaiYanPhyo

#Performance

#Fitness#TrainingSystem

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta