"Fitness Trainer " တိုင်းရဲ့ဘဝမှာ ကြားဖူးခဲ့သမျှ Client တွေရဲ့ Request တွေကို ခန့်မှန်းကြည့်မယ်ဗျာ။ - MFTA

“Fitness Trainer ” တိုင်းရဲ့ဘဝမှာ ကြားဖူးခဲ့သမျှ Client တွေရဲ့ Request တွေကို ခန့်မှန်းကြည့်မယ်ဗျာ။

“Fitness Trainer ” တိုင်းရဲ့ဘဝမှာ ကြားဖူးခဲ့သမျှ Client တွေရဲ့ Request တွေကို ခန့်မှန်းကြည့်မယ်ဗျာ။

လူလတ်ပိုင်း များ

1 :ယောကျ်ား/မိန်းမ ကို ကျန်းမာရေး လိုက်စားစေချင်လို့ ဆရာ့ဆီလာအပ်တာ ။ သူက ကလေးမွေးပြီးတည်းက ဘလိုဖြစ်သွားလို့ ၊ ဒါမှမဟုတ် ဆေးရုံ တစ်ခါတက်ခွဲ ပြီးကတည်းက ညာ ဖြစ်လာလို့ စသဖြင့်

2 :အလုပ်ကလည်း Stress များ ၊ လှုပ်ရှားမှုနည်း ၊ စားချိန်တွေကမမှန် ၊ အစာအိမ်သို့မဟုတ် ကျန်းမာရေးပြဿနာတစ်ခုခု တွဲပါလာနေတယ်၊ ဒါကြောင့် မအားတဲ့ ကြားက ကျန်းမာရေးလေးလည်းကောင်းအောင် ပေါ့ ၊ အလုပ်ကမိတ်ဆွေတွေနဲ့ဆုံရင် အသောက်အစားလေးကရှိတတ်တော့ ကာမိအောင်ပါပေါ့

3 :Gym မှာလေ့ကျင့်ခန်းလုပ်ရတာ ကြိုက်တတ်သူ ၊ ကစားသက်လည်း အတန်သင့်ရှိသူ ၊ ဖြစ်ချင်တဲ့ Goal ရေရာမှုမရှိသလို ၊ ကာယဗလ ပြိုင်ပွဲဝင်မယ့်သူလည်းမဟုတ်သလို ၊ ကျန်းမာသော ကစားသက်ရင့် လူပျိုကြီး ဝက် ပေါက်

4 :အရင်က Gym တစ်ခုမှာ ကစားဖူးတယ်

အဲ့ကဆရာက လည်းဂရုစိုက်ပါတယ်၊ သေချာလည်း Train တယ် ။ ဒါပေမယ့် အစပိုင်း ၂ ရက်လောက် ဆော့အပြီး လက်တွေမြှောက်မရ ၊ နာကျင်ပြီူအိပ်မရ ၊ နောက်နေ့ အလုပ်ဆင်းတော့ အိပ်ယာထ နောက်ကျ ၊ အလုပ်မှာတောင် ကောင်းကောင်း မလုပ်နိုင် ၊ အဲ့လိုနဲ့ Gym ဆော့ရတာ လန့်နေတာ ( Pain /Gain Training တွေမလိုချင်ကြောင်း သွယ်ဝိုက်၍ Request လုပ်​နေ ခြင်း ဖြစ်ပါတယ်)

——————————

လူငယ်ပိုင်း Client (ကျား/မ)

1 : အရင်တုန်းက ဘောလုံးကန်တယ် (အားကစားတစ်ခုခု လုပ်တယ်) အခုတော့ အလုပ်ဝင်နေပြီ /သင်တန်းတက်နေ ရပြီဆိုတော့ လူက နေရထိုင်ရတာ အရင်ကလိုမဟုတ်တော့ဘူး ၊ လေးလံလာတယ် ဘာမှ လှုပ်လှုပ်ရှား မလုပ်ဖြစ်လို့

2 : ခန္ဓာကိုယ် ပြောင်းလဲ ချင်တယ်။ ဘယ် Model ရဲ့Body လိုဖြစ်ချင်တယ်။

(Broken ဖြစ်လာသူ ၊ ​Life Style ကြီး ချက်ချင်း Change တော့မယ် ဆိုတဲ့သူတွေ ပါဝင် )

4 : Media အမျိုးမျိုးက အားကျရသော sport man များ ၊ Actor များ နှင့် Highly performance Athlete များကို အားကျ၍ ၎င်း Idol များနှင့် အမြဲနှိုင်းယှဥ် လေ့ကျင့်လိုသူများ။

5 : ခန္ဓာကိုယ်အရမ်းအကြီးကြီးမဖြစ်ချင်ဘူး ။

Fit ဖြစ်ယုံလေးပဲ (Fit ဖြစ်တယ်ဆိုတာ ဘာလဲမသိ) ဆိုတဲ့တောင်းဆိုမှုတွေ

——————————–

——————————–

ဒီ လူတန်းစား နှစ်ရပ်ကိုပဲ ပြောဦးမယ်ဗျာ……

ဖွံ့ဖြိုး မှုအားကောင်းတဲ့ ကလေးအရွယ် တွေနဲ့ ကြံ့ခိုင်မှု ကျဆင်းနေတဲ့ အသက်ကြီး Elderly Client တွေကို ထည့်မပြောသေးဘူး။

ဘာလို့ ထည့်မပြောလည်းဆိုရင် ဒီလို Special Population မှာ Physical Education ကောင်းကောင်းမရသေးဘူး ။

ဒီအပြင် ဒီက Gym/Fitness နယ်ပယ်မှာ အဲ့ဒီသူတွေ လာရောက်အပ်နှံ ဖို့ “Trust” အရမ်းအားမကောင်းသေးဘူး။

ဘာလို့အားမကောင်းလဲဆိုရင် Trainer အများစုက

“Client ပြောတဲ့ Wants တွေကို ပဲ Direct Method နဲ့ ဖြေရှင်းပေးနေတုန်း မလို့ပဲ။ ”

“Client တိုင်းက ခန္ဓာ အချိုးစားလှပ ကျစ်လစ် ပြီး ကျန်းမာ ချင်ကြသူချည်းပဲ”

ဒါက သူတို့ ” Wants”

Fitness Coach က သူတို့ရဲ့ သွားရမယ့်

Fitness ခရီးမှာ အဲ့ဒီလိုချင်မှု တွေကိုရောက်အောင်

ဘာတွေလိုနေသေးလဲ ဆိုတဲ့ “Needs” ကို

မြင်ရမယ် ၊ စစ်ထုတ်ပြရမယ် ၊ ဟောပြော ပေးနိုင်ရမယ်။

အဲ့ဒီလို ကိုယ်တိုင်က မြင်ဖို့ ၊ စစ်ထုတ်ပေးဖို့ ၊ ဟောပြောပေးဖို့ နဲ့ ကိုက်ညီတဲ့ Pain Free Methods တွေ လက်တွေ့ ချသုံးနိုင်ဖို့ ” Training System” လိုတယ်။

အဲ့ဒီ လို တိုးတက်ချင်တယ် ၊ တိုးတက်ရမယ်လို့

စိတ်ဓာတ်ရှိတဲ့ Trainer တွေကို

Elite Coach ဖြစ်အောင်လုပ်ပေးဖို့

“Perform-Max Training System” ကို

Online သင်တန်း (Full Material)

နောက်လ ၉ ရက်နေ့မှာ စဖွင့်ပါမယ်။

#WaiYanPhyo

#Performance

#Fitness#TrainingSystem

#MFTA#Educator

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta