ဝိတ်အကျမြန်တာကောင်းလား? - MFTA

ဝိတ်အကျမြန်တာကောင်းလား?

လိုရင်းဖြေရရင် No ပါ။ အချိန် တိုအတွင်း၊ကိုယ်အလေးချိန်တွေ အများကြီးကျသွားရင်လုံးဝမကောင်းပါ။ခင်ဗျားတို့ Trainer တွေကလည်းဗျာ၊ ခန္ဓာကိုယ်ထဲက အဆီပိုတွေလျော့ချနိုင်လေကောင်းလေဆိုပီး တယောက်ကပြောတယ်။ ခုကျတော့ဝိတ်တွေအများကြီးမြန်မြန်ကျတာ မကောင်းဘူးပြောပြန်တယ်။ ဘယ်ဟာအမှန်လဲ???

ဝါဒီတွေမများပါနဲ့ မိတ်ဆွေ၊ အဆိုပြုချက် ၂-ခုလုံးမှန်တယ်။ ပထမအဆိုပြုချက်မှာ အဆီဆိုတဲ့ စကားလုံးသုံးထားတာ သတိပြုပါ။ ဒုတိယစကားရပ်ထဲမှာက ဝိတ် လို့ သုံးထားတာနော်မတူဘူးကိုယ့်ဆရာ

Post ခေါင်းစဉ်အရ ဝိတ်(ကိုယ်အလေးချိန်)အများကြီးကျတာ လုံးဝမကောင်းပါ။ဘာလို့ မကောင်းလဲဆိုရင်၊ အချိန်တိုအတွင်းဝိတ်တွေ အမြန်ကျတာကခန္ဓာကိုယ်ထဲက ရေဝိတ်နဲ့ ကြွက်သားမျှင်တွေပါလောင်ကျွမ်းသွားတာပါ။

ကြွက်သားတွေ လောင်ကျွမ်းသွားပီဆိုရင်ကိုယ်တွင်းဇီဝဖြစ်စဉ်နှေးသွားမယ်။ ရုပ်ကျမြန်မယ်။စွမ်းအင်လျော့ကျမယ်။ injuries ဖြစ်နိုင်ချေမြင့်လာမယ်။

အမြန်ကျသွားတဲ့ဝိတ်က အချိန်တိုအတွင်းပြန်တက်လာမှာနော် ဒါကြောင့် ဝိတ်တွေအများကြီး အမြန်ချထားတယ်ဆိုရင်တော့ အန်ကယ်က NO ပါ။ ဒါဆိုအချိန်တိုအတွင်း ဝိတ်အမြန်မကျအောင်ဘာလုပ်ရမလဲ????

ကယ်လိုရီကို အနည်းငယ်စီသာလျော့ပါ။

အသား ၊ ငါး ၊ ပဲ၊ဥ စတဲ့ ပရိုတိန်းဓါတ်တွေ တိုးစားမယ်။

အိပ်ရေးဝဝအိပ်မယ်။

resistance workout တွေထည့်ကစားမယ်။

ဒါဆိုအိုခေပီလေ

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta