လေ့ကျင့်ခန်း နှင့်အရွယ်တင်နုပျိုခြင်း - MFTA

လေ့ကျင့်ခန်း နှင့်အရွယ်တင်နုပျိုခြင်း

ကျွန်တော့် client အများစုက လူလတ်ပိုင်းအရွယ်၊ စီးပွားရေးသမားတွေ များကြပါတယ်။မအားလပ်မှုကြောင့်၎င်း ဘဝရည်မှန်းချက်များကြောင့်သော်၎င်း အားကစားရုံကိုသွားဖို့ လေ့ကျင့်ခန်း လုပ်ဖို့ အာဟာရကို ဂရုပြုစားဖို့ အာရုံမရှိတတ်ကြပါဘူး။ သူတို့ ရဲ့ မိသားစုဝင်တွေ ချစ်ရ ခင်ရသူတွေနဲ့ ဆရာဝန် တွေ အတင်းအကျပ် လမ်းညွှန်လို့ သာ အားကစားရုံကို ရောက်လာကြတယ်။

အများစု မေးတတ်ကြတာက ကျွန်တ်တို့ ဒီအရွယ်မှ ကစားရင် ထူးပါ့မလားတဲ့???? အိုခေ ဖြေပေးပါ့မယ်။

Gym ကစားမယ် လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင်၊

ခန္ဓာကိုယ် အချိုးအစားကျလာမယ်

ခွန်အားတိုးလာမယ်

ဟိုမုန်းကောင်းပီး အိမ်ထောင်ရေးသုခပြည့်မယ်။

အသက်အရွယ်ကြောင့် ကြွက်သားများဆုံးရှုံးခြင်း sarcopenia ကိုလျော့ချနိုင်မယ်။

Insulin sensitivity တိုးတက်လာမယ်။

ရောဂါတွေအများကြီးကနေ အကာအကွယ်ရမယ်။

အိုမင်းရင့်ရော်မှု့ ကို လျော့ချနိုင်မယ် နောက်ပီး ဘာတဲ့ ကြွက်သားထွက်နိုင်သေးလားတဲ့

ဟုတ်ကဲ့ အသက်ခြောက်ဆယ်ကျော်လောက်အထိကို ကြွက်သားနဲ့ ခွန်အားတိုးတက်စေနိုင်ကြောင်း သုတေသန အထောက်အထား တွေတပုံကြီးရှိပါ့ဗျာ။

ကြွက်သားနဲ့ပါတ်သက်ပီး ဒါလေးတွေတော့မှတ်ထားဦးဗျ

ခန္ဓာကိုယ်ကြွက်သားတည်ဆောက်ပုံသည်

Genetic shape

၎င်းရဲ့ ကြီးထွားနိုင်စွမ်းနဲ့ ကိုယ်တွင်းအဆီပမာဏ အနည်းအများအပေါ်မူတည်ပီး ရုပ်ထွက်အမျိုးမျိုးဖြစ်လာတာဗျ။

ဒါကြောင့်ခင်ဗျား Gym ဆော့ဖို့ စုံစမ်းတဲ့အခါမှာ ဘယ်နှလနဲ့ ကြွက်သားကို ဘယ်လိုပုံသွင်းပေးမယ်ဆိုတဲ့

အသံကြားရင်-ဝမ်း တူး သရီး ——– အဝေးဆုံးသာပြေး ပါဗျာ

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#OnlineCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta