ဝိတ်ချလိုသူများဖြေပါ။ - MFTA

ဝိတ်ချလိုသူများဖြေပါ။

မိတ်ဆွေ

သင့်အိမ်မွေးခွေးလေး အဝလွန်နေမယ်ဆိုရင်

သင့်အနေနဲ့ အဲ့ခွေးလေးအတွက်

-အဆီချ Tea တွေ

-ဖြည့်စွက်စာတွေ

-Detox Shake တွေ

-အဆီကျတဲ့ ဂျယ်တွေ

-အဆီချဗိုက်စည်းတွေ ဝယ်ပီးပိန်သွားအောင်လုပ်ပေးမလား?

ဒါမှမဟုတ်

-အဲ့ခွေး လေးကို အစားလျော့ကျွေးပီးလေ့ကျင့်ခန်းတွေ ပိုလုပ်ခိုင်းမလား?

အကယ်၍ သင်က ဒုတိယအဖြေကိုရွေးချယ်မယ်ဆိုရင် Congratulationsပါ။

ဒါပေမဲ့ ကျွန်တော်ဘဝင်မကျတာလေးတစ်ခုကသင်ကိုယ်တိုင် အဆီချဖို့ အတွက်ကျတော့ ထိရောက်တဲ့ ဒုတိယနည်းကို မသုံးဘဲ ငွေကုန် ရလာဒ်မထူးတဲ့ ပထမအဖြေကို ဘာကြောင့်ရွေးနေကြတာလဲဗျာ။

တွေးစရာတခုခုရမယ်လို့ ထင်ပါတယ်။

အားလုံးပဲကျန်းမာကြပါစေဗျ။

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#MFTA#muscle_professor#FitMyanmarProject#MakeMyanmarFit

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta