စိတ်ကူးဖြင့်လေ့ကျင့်ခြင်းနှင့်သန်စွမ်းမှု - MFTA

စိတ်ကူးဖြင့်လေ့ကျင့်ခြင်းနှင့်သန်စွမ်းမှု

စိတ်

လောကမှာ အစွမ်းအထက်ဆုံးသောအရာyou are what you repeatedly think ဆိုတဲ့အတိုင်းပဲ လူတယောက်ရဲ့ ဘဝအပေါ် စိတ်စွမ်းအားရဲ့ ပဲ့ကိုင် လွှမ်းမိုးမှု့ က အရမ်းအရေးကြီးပါတယ်။

ကျွန်တော်တို့ နှစ်သက်တဲ့ ရုပ်ခန္ဓာကို တည်ဆောက်တဲ့ အားကစားမှာလည်း စိတ်ရဲ့ ပါဝင်ပါတ်သတ်မှုနဲ့ ၎င်းရဲ့ အရေးပါပုံကို ရှင်းပြချင်ပါတယ်။

ကာယဗလရဲ့ ဖခင်လို့ တင်စားလို့ ရတဲ့ ကမ႓ာကျော် ကာယဗလမောင် ရုပ်ရှင်သရုပ်ဆောင် အာနိုးက ပြောဖူးတယ်။ သူGym ထဲမှာ လေ့ကျင့်ခန်း မပြုလုပ်ခင် စိတ်ကူး ထဲမှာ ပုံဖော်လေ့ကျင့်ခြင်းကို အရင်ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ သူ့ ရဲ့ bicep ကြွက်သားတွေဟာ တောင် တွေလို မို့ မောက်လာတယ်လို့ ခံစားမိတဲ့အထိစိတိကူးပုံဖော်ပြီး လေ့ကျင့်တယ်လို့ ကြားဖူးပါတယ်။

Visualization စိတ်ကူးဖြင့် ရုပ်လုံးဖော်ခြင်းကိုဘဝရဲ ့နယ်ပယ် အသီးသီးမှာ သုံးနိုင်သလို အာနိုးကလည်း သူ့ ရဲ့ ကြွက်သားတွေကို တည်ဆောက်ရာမှာသုံးခဲ့ပါတယ်။ အဲ့ဒီ visualization က strengthလို့ ခေါ်တဲ့ ခွန်အားသန်စွမ်းရေးမှာလည်းအထောက်အကူပြုပါသတဲ့ဗျာ။visualization ချည်းသက်သက်ဖြင့် စိတ်ကူး ပုံဖော်ခြင်းသည်လည်း ခွန်အားကို တိုးတက်စေနိုင်တဲ့လို့ သုတေသနများက ဆိုပါတယ်။

visualization ကို တကဲ့လက်တွေ့ လေ့ကျင့်ခြင်း Actual training နဲ့ ပေါင်းစပ်လေ့ကျင့် မယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲဗျာ။

ကမ႓ာကျော် အားကစားသမားတိုင်းနယ်ပယ်အသီးသီးမှ အောင်မြင်သူတိုင်း Visualization ကို အသုံးပြုကြတဲ့အတွက်အောင်မြင်ကြသလို ဝါသနာတူ ညီအကို မောင်နှမ အားလုံးလည်း Body goal ရော ဘဝရဲ့ လိုအပ်ချက်များအတွက် သုံးသင့်ကြောင်း လက်တို့ လိုက်ခြင်းပါ။

ယခုလို quarantines ကာလ Gym တွေပိတ်ထားလို့ limited equipment များနှင့်၎င်း bodyweightသက်သက်ဖြင့်၎င်း လေ့ကျင့်နေရချိန်တွင် visualization ပေါင်းစပ်ခြင်းဖြင့် အကျိုးထူးနိုင်ပါကြောင်း။

ကိုးကား-www.ncbi.nih.gov/pubmed/29541965

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉#naing_oo_119

#naing_oo_119#muscle_professor#MFTA#FitMyanmarProject#MakeMyanmarFit

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta