အဆီချသူတွေ ဝါဒီများရသော ယုံတမ်းစကားများနှင့် fitness အတွေးစုတချို့ - MFTA

အဆီချသူတွေ ဝါဒီများရသော ယုံတမ်းစကားများနှင့် fitness အတွေးစုတချို့

Gym ကစားပီဆိုရင် gymခန်းထဲက ယုံတမ်းစကားတွေကြားကြရမှာအမှန်ပဲ။ ဒီပို့ စ်မှာတော့ အဆီချလိုသူတွေ confuse ဖြစ်ရတဲ့ အချက်အချို့ ကို ရှင်းပြပါ့မယ်။

အဆီချဖို့ Intermittent Fasting လုပ်သည်ဖြစ်စေ/ မလုပ်သည်ဖြစ်စေ

လေ့ကျင့်ခန်း ပြုလုပ်ချိန် ဝမ်းဗိုက်ထဲ အစာမရှိဘဲ fasted cardio ပြလုပ်သည်ဖြစ်စေFeed cardio ပြုလုပ်သည်ဖြစ်စေ

သင်စားတဲ့ Diet plan တွေမှာ ပါဝင်တဲ့ Carb to fat ratio မည်သို့ ပင်ရှိသည်ဖြစ်စေ

သင်စားတဲ့ အာဟာရတွေက organic ဖြစ်ချင်ဖြစ် /မဖြစ်ချင်နေမနက်ပိုင်း ကစားသည်ဖြစ်စေ ညနေပိုင်းကစားသည် ဖြစ်စေ

ဝါဒီမများရဘဲ ထိထိရောက်ရောက်ဖြစ်ဖို့ ဆိုရင်

သင်စားသုံးသော ကယ်လိုရီ နှင့် သင်လောင်ကျွမ်းအသုံးပြုသော ကယ်လိုရီ ကွာဟချက်သည် ပင်မ main point ဖြစ်ပါသည်။လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် ပါတ်သက်၍လမ်းညွှန်ရမည်ဆိုလျင်၊ လောဘ မကြီးပါနဲ့ ။လိုအပ်သလောက် ပဲလုပ်ပါ။ လုပ်နိုင်သလောက်မလုပ်ပါနဲ့

အကယ်၍ သင်ဟာ gym ကစားသက် ၃နှစ်လောက် ရှိခဲ့ပီဆိုရင် ဒီလို quarantines ကာလHome workout ကစားချိန်မှာ ဒိုက်ထိုးတာတကျော့ကို အကြိမ် ၄၀-၅၀ လောက်မရဘူးဆိုရင်သင့်ရဲ့ခွန်အားနဲ့ သင်ကစားခဲ့တဲ့အချိန် တွေကိုပြန်သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။

social distancing က တစ်ယောက်ကို သုံးပေ သတ်မှတ်သည် ဖြစ်စေ ၆ ပေသတ်မှတ်သည်ဖြစ်စေ အရေးမကြီးပါ။ အရေးကြီးတာက

-gym ကစားပြီး ပြန်နားလိုက်ရင် ဝလာတယ်တို့

-ဝိတ်ကျချင်ရင် ညစာမစားနဲ့တို့

-ဝိတ်ကျချင် ပျား သံပုရာ စားတို့ ပြောတဲ့ကောင်တွေနဲ့ ပေ ၃၀၀ လောက်ခွာနေဖို့ ပါပဲ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#FitMyanmarProject#MakeMyanmarFit#gurunaing#quarantine#socialdistancing#fruit#fat#calories#weightloss#pushup#diet#fastedcardio#Myanmar#yangon

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta