ညေးတို့စော်ကြည်ဖို့အတွက် - MFTA

ညေးတို့စော်ကြည်ဖို့အတွက်

ကဲစပါပြီ။ ကွီးနိုင်ဘောင်ချာပို့စ်တွေစရေးပါတော့မယ်။ အားပေးကြမယ်ဟုတ်။ ဟုတ်ပြီ။ FA ဖြစ်နေတဲ့ ကောင်တွေကိုမေးကြည့်..စော်လိုချင်လား..လိုချင်တာတစ်ပိုင်းမဟုတ်ဘူး အကုန်သေနေတယ်လို့ပြောလိမ့်မယ်။ ဒါပေမယ့်လုပ်နေတာတွေအားလုံးကသောက်တလွဲ။ လွဲမှာပေါ့ ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်ထားတဲ့အတွေးတွေကြောင့် လက်တွေ့လုပ်ဆောင်မှုမှာနောက်ကောက်ကျကျန်ခဲ့တာ။ဟုတ်ပြီ ကွီးမြင်တာတွေပြောပြမယ်။ လူတစ်ယောက်နဲ့တစ်ယောက်အမျိုးသမီးတွေအပေါ်မြင်တဲ့အမြင်ခံယူချက်စတာတွေမတူနိုင်ပါဘူး။ ဒါပေမယ့်လေးစားဖို့တော့လိုပါတယ်။

  • တစ်ချို့ချာတိတ်တွေလို ကိုယ်လိုချင်တာကိုမရနိုင်လောက်ပါဘူးတွေးတဲ့သူမျိုးတွေ။
    (လက်တွေတော့ဖြင့်မကြိုးစားကြည့်သေးဘဲအရှုံးပေးသူများ)

 

  • တစ်ချို့ကြတော့လည်းစိတ်ကြီးကဇွတ်ဝင်နေတာ။ ဘယ်စော်ဖြစ်ဖြစ် ငါ့အတွက်အေးဆေးဆိုတဲ့အထာမျိုး။
    (မှတ်ထားညေး မင်းကကွီးစိုင်းလောက်နာမည်ကြီးနေလည်းမင်းကိုမကြိုက်တဲ့စော်ဆိုတာရှိနေမှာပဲ)

 

  • တစ်ချို့ကြတော့လည်းရအောင်မဖန်ရဲပြန်ဘူး။ ဘာလို့လဲဆိုတော့ ရပြီးရင်နောက်ဆုံးတော့ ထားသွားခံရတာပဲဆိုတဲ့ဖီးလ်မျိုးကြောင့်။
    (ဒါကတော့မင်းအပေါ်ပဲမူတည်ပါတယ်။ လုပ်နေကြအလုပ်တွေကိုလုပ်နေရင် ရနေကြအရာတွေပဲရမယ် ညီ။ ဒီတော့ဒီတစ်ယောက်မှာမင်းပြုပြင်သင့်တာတွေပြုပြင်ရမယ်)

 

  • တစ်ချို့ကြတော့လည်း မနာလိုစိတ်တယ်များသကိုး။ ငါတောင်အလွယ်ဖန်လို့ရရင်ငါ့အရင်မှာ ဘယ်နှစ်ကောင်တောင်သူနဲ တွဲပြီးပြီးလဲဆိုတဲ့အတွေးမျိုး။
    (ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိခြင်းကလာပါတယ်။ ပြင်သင့်ပါတယ်အဲ့လိုစိတ်မျိုး)

 

အားလုံးစော်ကြည်ထီပေါက်ကြပါစေဗျာ။

လေးစားလျက်
နိုင်ဦး-၁၁၉
Muscle Professor

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta