ကြွက်သားကို အလုပ်ပေးပါ။ - MFTA

ကြွက်သားကို အလုပ်ပေးပါ။

အလေးဖြင့်လေ့ကျင့်ခန်းပြလုပ်ခြင်းဟာကျွန်တော်တို့ခန္ဓာကိုယ်ရှိကြွက်သားတွေကိုဘယ်လိုအကျိုးပြုသလဲ။လေ့ကျင့်မှုမရှိသောကြွက်သားအသုံးပြုခြင်းနည်းတဲ့ကြွက်သားနှင့် ကြွက်သားကိုအသုံးပြုပြီး လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်ပြုလုပ်ထားသူရဲ့ကြွက်သားဘာ တွေကွာခြားသလဲဆိုတာ အကျဉ်းချုပ် ရေးသားပေးပါရစေ။

ကြွက်သားတစ်ခုကိုအသုံးပြုခြင်းနည်းတဲ့အတွက်ကြွက်သားရှုံ့သွားခြင်းကို ကြွက်သားသိမ်ခြင်း(Atrophy) ဟုခေါ်သည်။

ကြွက်သားကိုအလုပ်မပေးပဲ စားလိုက်အိပ်လိုက်လုပ်နေကြတဲ့ လူသားတွေ သတိထားပါ။

ကြွက်သားကြီးထွားခြင်း ကျွန်တော်တို့ Gymကစားသူတွေကိုဆိုလိုတာဆိုရင်မမှားပါဘူး။ဘာကြောင့်လဲ ကျွန်တော်တို့တစ်တွေ ဟာ တစ်နေ့ တစ်နေ့ Gymထဲမှာ အလေးပြားတွေနဲ့ ကြွက်သားက်ု ပင်ပင်ပန်းပန်း အလုပ်လုပ်ခိုင်းပြီး လုပ်ခြင်းဖြင့် ကြွက်သားကြီးထွာကြွက်သားဖွံ့ဖြိုးတိုးတက်အောင်းလာခြင်းကို Hypertrophy ဟုခေါ်သည်။

ကြွက်သားတစ်ခုမှာအလွန်သေးငယ်တဲ့ဖိုင်ဘာအမျှင်ငယ်လေးမှသည်ပိုကြီးတဲ့ကြွက်သားတစ်သျှူးအမျှင်ငယ်တွေစုစည်းထားပါတယ်။လူတစ်ယောက်နှင့်တစ်ယောက်မွေးရာပါ ကြွက်သားအမျှင်နုအရေအတွက်မတူညီကြပါ ဘူး။

အဆိုပါမွေးရာပါကြွက်သားအမျှင်နုအရေအတွက်များပြာလာသူတစ်ယောက်ဟာကြွက်သားကြီးထွားပြီး ခွန်အားပိုရှိပါတယ်။ကြွက်သားမျှင်လေးတွေအရွယ်အစားကြီးထွားလာအောင်တော့ ကျွန်တော်တို့ လုပ်ယူလို့ရနိုင်ပါတယ်။ကြွက့်သားခွန်အားတိုးရေးအတွက်ွအထောက်အကူပြုနိုင်တဲ့အချက်တစ်ချို့ကတော့

(၁)ကြွက်သားတစ်ခုမှာပါတဲ့ဖိုင်ဘာအမျှင်များရဲ့အရေအတွက်

(၂)ကြွက်သားတစ်ခုညှစ်ပြီးအလုပ်လုပ်ချိန်မှာပါ၀င်တဲ့ဖိုင်ဘာအမျှင်များရဲ့အရေအတွက်

(၃)ကြွက်သားဖိုင်ဘာတစ်ခုချင်းရဲ့ခွန်အားနဲ့ကြီးထွားနိုင်မှု

ကြွက်သားတစ်ခုကိုအားစိုက်ပြီးအလုပ်လုပ်တဲ့အခါမှာအဲဒီကြွက်သားရဲ့ဖိုင်ဘာအမျှင်ရာခိုင်နှုန်းအတိုင်းအတာတစ်ခုထိသာပါ၀င်ပါတယ်။အကုန်မပါပါဘူး။အလုပ်လုပ်ထို့လိုအပ်တဲ့ဖိုင်ဘာအမျှင်အရေအတွက်လောက်သာပါ၀င်ပါတယ်။

ပေါ့ပေါ့အလုပ်ဆိုရင်ကြွက်သားမျှင်နည်းနည်းပဲအလုပ်လုပ်ဖို့လိုအပ်ပါတယ်။သူ့ရဲ့ ဆန့်ကျင်ဘက် အလေးအပင်ကြီးကြီးမားမား ခုခံအားကိုကျော်လွန်ပြီး လုပ်ရမဲ့အရာမျိုးဆိုရင်တော့ တစ်ကိုယ်လုံးကကြွက်သား မျှင်တွေ အများကြီးအလုပ်လုပ်ရအောင်ကိုယ်ခန္ဓာကြီးကအလိုက်သင့်လုပ်ပေးရပါတယ်။

ချက်ချင်းတော့မရပါဘူး အားကြီးတဲ့ခုခံအားကိုကျော်နီုင်ို့အချိန်တော့ယူရပါမယ်။ဒါကြောင့်လည်းကြွက်သားမျှင်တွေကြီးထွားအောင်အ လုပ်လုပ်တဲ့နေရာမှာဇီ၀ကမ္မဗေဒသဘောတရားတွေအများကြီးပါ၀င်နေပါတယ်။ဇီ၀ကမ္မဗေဒသဘောတရားအရ အတိုင်းအတာအကန့်အသတ်ရှိနေပါတယ်။

ဒီနေရာမှာလူတွေရဲ့ခန္ဓာကိုယ်ဟာ စက်နဲ့မတူတော့ပါဘူး ဥပမာမြင်းကောင်ရေ ၁၀ကောင်အားသာရှိတဲ့ မော်တာတစ်လုံးကိ်ု မြင်းကောင်ရေ၁၂ ကောင်အားရှိတဲ့ ၀န် တစ်ခုကို ဆွဲခိုင်းလိုက်ရင် မော်တာလောင်သွားဖို့ပဲရှိပါတယ်။သူရဲ့ဆန့်ကျင့်ဘက် မြင်းကောင်ရေ ၁၀ကောင်အားရှိတဲ့ခန္ဓာကိုယ်ကြီးကိုမြင်းကောင်ရေ၁၂ကောင်ရှိတဲ့၀န်ကိုလုပ်ခိုင်းလိုက်ရင်ခန္ဓာကိုယ်ဟာတဇြည်းဖြည်းနဲ့၁၂ကောင်အားရှိလာလိမ့်မယ်။

ကြွက်သားတွေကိုကြံ့ခိုင်အောင်လေ့ကျင့်တဲ့နေရာမှာတစ်ခြားပြောင်းလဲမှုတွေအများကြီးရှိပါသေးတယ်။ကြွက်သားမျှင်တွေပိုပြီးကြီးထွားလာတယ်။ဖိုင်ဘာအမျှင်တွေကိုစုပတ်ပြီးထုတ် ထားတဲ့ အဖုံးအပိတ်ဟာပိုပြီးခိုင်မာလာတယ်။ကြွက်သားထဲကိုသွေးရောက်အောင်ပို့ပေးတဲ့အငယ်ဆုံးသွေး ကြောမျှင်တွေရဲ့အရည်အတွက်များလာမယ်။ကြွက်သားထဲကိုသွေးလှည့်ပတ်မှုပိုကောင်းလာမယ်။

ခုခံအား၀န်တိုး လေ့ကျင့်ခြင်းဆိုတာကိုနည်းနည်းရှင်းပြရရင် ပြေးခြင်း သို့မဟုတ် ရေကူးခြင်းနဲ့ ပစ္စည်းမပါပဲပြုလုပ်ရတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေဟာ ပုံသေခုခံအားကိုရင်ဆိုင်ရတဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။အဆိုပါကစားနည်း တွေဟာ ဘယ်လောက်ကြာကြာကစားနေပါစေ ကြွက်သားတွေဟာ ပုံသေခုခံအားကိုပဲရင်ဆိုင်နေကြပါတယ်။

အကြိမ်ပေါင်းဘယ်လောက်လုပ်လုပ်ခွန်အလှုပ်ရှားမှုတွေကိုအချိန်အကြာကြီးပိုလုပ်နိုင်ရင်လည်းအမောခံနိုင်မှုသက်လုံပိုကောင်းလာတာကလွဲပြီားးတိုးလာမှာမဟုတ်ပါဘူး။ ခွန်အားတိုးဖို့ ဘာလိုသလဲဆိုရင် ခုခံအား ကိုတိုးတိုးသွားဖို့လိုပါတယ်။ဒါမှလည်းပိုမိုတိုးလာတဲ့ခွန်အားကိုကြွက်သားတွေကအလိုက်သင့်လိုက်လျောညီ ထွေဆက်ပြီးရင်ဆိုင်လာနိုင်ပါတယ်။

ယအဲ့ဒါကိုမှ ခုခံအား၀န်တိုးလေ့ကျင့်ခြင်းကိုလို့ခေါ်ပါတယ်။ကျွန်တော်တို့ အလေးနဲ့ကာယဗလလေ့ကျင့်မှုပြုလုပ်နေတာဒီသဘောတရားပါပဲ။ခုခံအား၀န်တိုးလေ့ကျင့်ခြင်းဟာ လူတိုင်းကိုသာတူညီမျှအကျိုးရှိအောင်ဆောင်ရွှက်ပေးနိုင်ပါတယ်။သက်သက်သာသာမရှိတာတော့ အလေးနဲပလေ့ကျင့်ခန်းလုပ်သူတိုင်းသိပါတယ်။ဆိုကြပါစို့ဗျာ ကျွန်တော်က လက်မောင်းရှေ့သားကို ပေါင် ၈၀လောက်နဲ့ ရှိသမျှအားကုန်ထုတ်သုံးပြီးလေ့ကျင့်မယ်။မိတ်ဆွေကျတော့ အဆိုပါလေ့ကျင့်ခန်းကိုပဲ မိတ်ဆွေ ရဲ့ ရှိသမျှအားကုန်သုံးပြီး ပေါင်၅၀ လောက်နဲ့ လေ့ကျင့်မယ်။

ကျွန်တော်တို့ ၂ယောက်ကြားမှာ ကွာခြားတာ အလေးချိန်ပဲရှိမယ် နှစ်ယောက်စလုံးရဲ့ အစွမ်းကုန်အားထုတ်သုံးပြီး လေ့ကျင့်သာခြင်းကအတူတူပါပဲ။ ဆိုလိုတာက ကိုယ်အားနဲ့ကိုယ် အနိုင်ဆုံးအလေးနဲ့လေ့ကျင့်ခြင်းသာဖြစ်တယ်။အရေးကြီးတာက ကွှန်တော်တို့ ၂ယောက်စလုံးကြွက်သားတွေကိုအစွမ်းကုန်ညှစ်ထုတ်ပြီး အားထုတ်ကစားဖို့သာလိုရင်းဖြစ်တယ်။ဒါကြောင့် ကျွန်တော်တို့ကြွက်သားတွေကြီးထွားသန်မာဖို့ဆိုတာ ခုခံအား၀န်တိုးလေ့ကျင့်မှုတွေနဲ့ ကြွက်သားကိုလှုံဆော် ပေးနိုင်စွမ်းရှိရပါမယ်။လှုပ်ရှားမှုမရှိတဲ့ ကြွက်သားမျှင်တွေဟာ ရှုံသွားတယ် သိမ်သွားတယ်ဆိုတာဟာ ပါးစပ်ပြောမဟုတ်ပါဘူး။

နောက်ထပ်ထင်ရှားတဲ့ သာဓက တစ်ခုပြောရရင်ဟိုအရင်တုန်းက စကိုင်းနက် အာကာသယဉ်မှုးတွေဟာလှုပ်ရှားမှုမရှိပဲ အာကာသထဲမှာ အကြာကြီးနေခဲ့ရပါတယ်။ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားမရှီတဲ့ အာကာသထဲမှာဆိုတော့ သူတို့တွေရဲ့ကြွက်သားတွေဟာ အလုပ်လုပ်စရာမလိုတဲ့ အကျင့်ကိုရသွားကြတယ်။

အဆိုပါအာကာသယဉ်မှုးတွေမြေပြင်ပြန်ေ၇ာက်လာတော့ သူတို့ကြွက်သားတွေကို လမ်းလျောက်တတ်အောင် မနည်းပြန်ကျင့်ယူရတဲ့အထိ ေ၇ာက်သွားခဲ့ကြတယ်။ဒါကြောင့်ကြွက်သားကို အနားပေးတာကြာသွားရင် အားယုတ်တဲ့အပြင် ရှုံသွားတတ်ပါတယ်။ကြွက်သားကို ထိုက်သင့်တဲ့ လှုပ်ရှားမှုမျိုးပေးမှ ဖွံ့ဖြိုးကြီးထွားပါတယ်။ဒါဟာကြွက်သားရဲ့အလိုက်သင့်လုပ်ဆောင်တတ်တဲ့သဘာဝြဖစ်ပါ တယ်။

ကြွက်သားတစ်ခုကိုအသုံးပြုရင်ကြီးထွားမယ် အသုံးနည်းတယ် လှုပ်ရှားမှုမရှိရင် သေးသိမ်မယ်။ မိတ်ဆွေ ရော ဘယ်လိုလဲ ကစားမှာလား နားမှာလား။

#အောင်အောင်_လှိုင်

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta