အဆီချလိုသူတွေဂရုပြုရမဲ့တလွဲအယူအဆများ - MFTA

အဆီချလိုသူတွေဂရုပြုရမဲ့တလွဲအယူအဆများ

အဆီချဖို့ ကြိုးစားတေသူအများစုဟာ လွဲမှားတဲ့အယူအဆ False Hope တွေကြောင့် လက်လျော့ရပ်တံ့ခဲ့ရသူတွေ တပုံကြီးပါ။ ဒီတော့ ဂရုပြုဆင်ခြင်နိုင်အောင် အယူအဆအလွဲ အချို့ ကို တင်ပြပေးပါ့မယ်။

-ဗယ်လီများများရိုက် ဗိုက်များများ ကစားလို့ ဗိုက်အဆီမကျပါဘူး။

-အဆီကျစေတဲ့ လေ့ကျင့်ခန်းရယ်လို့ လည်း တိုက်ရိုက်မရှိပါ။

-ပြေးခြင်း၊ လမ်းလျောက်ခြင်း ကဲ့သို့ သော ကာဒီရိုလေ့ကျင့်ခန်း တွေကိူတိုးတိုးလုပ်တိုင်း အဆီကျနှုန်း မြန်တာမဟုတ်ပါ။

-ရုတ်တရက် အစားတွေ အများကြီး လျော့စားခြင်းက ကြွက်သားမျှင်တွေကိုပါ လောင်ကျွမ်းပျက်စီးစေပါတယ်။

-ကိုယ်တွင်းမှာ အဆီပမာဏ နည်းလာလေလေအဆီထပ်ကျဖို့ ခက်လာလေလေပါပဲ။

-အဆီချရာမှာ စွဲမြဲလေလေ ရလာဒ်ကောင်းလေလေပါပဲ။

-အဆီချတဲ့ဖြစ်စဉ် ကအချိန်ယူရပါတယ်။

-လောကကြီးမှာ ပီးပြည့်စုံတဲ့ Training + Diet Plan ဆိုတာမရှိပါ။ကိုယ့်လိုအပ်ချက်၊ လုပ်နိုင်စွမ်းနဲ့Adjust လုပ်ပီး စွဲစွဲမြဲမြဲ လိုက်လုပ်နိုင်တဲ့ program သာအကောင်းဆုံးပါ။

Resistance Training + ကယ်လိုရီ လျော့ချခြင်းက အဆီချဖို့ အကောင်းဆုံးနည်းလမ်းပါ။

ကာဒီရို + ကယ်လိုရီ လျော့ချခြင်းက ကြွက်သားတွေပါ လောင်ကျွမ်းသွာမဲ့ နည်းလမ်းဆိုတာဂရုပြုပါ။

Resistance Training + Cardio+ Calorie Reduction သုံးမျိုးပေါင်းစပ်ခြင်းကတော့ အစားပိုစားပီး အဆီကျရန် အကောင်းဆုံးသောနည်းလမိး ဖြစ်တယ်ဆိုတာပါပဲ။

ကဲ !သင်ဘယ်နည်းလမ်းကို အသုံးပြုနေသလဲ???ဒီဆောင်းပါးက သင့်အတွက် တခုခုရမယ်လို့ မျှော်လင့်ပါတယ်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#ResistanceTraining#gurunaing#cardio#Calories#Key#Consistency#OnlinePersonalTraining#ProgramSelling#YourCoach#Myanmar#Mandalay#Yangon#FatLoss#WeightLoss#HIIT#Functional

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta