Body Transformation အတွက် Goal Settingနဲ့ Mindset - MFTA

Body Transformation အတွက် Goal Settingနဲ့ Mindset

ခန္ဓာကိုယ်ပြောင်းလဲချင်တဲ့ သူတွေအတွက် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံ/ကိုယ်အလေးချိန်သတ်မှတ်ချက် Goal Setting ရှိသင့်ပါတယ်။ဒါပေမဲ့ Realistic Goal ဖြစ်ရပါမယ်။

Online ကနေ Transformation Programတွေ Training Plan တွေ Diet လမ်းညွှန်ချက်တွေရောင်းနေတဲ့ ကျွန်တော့်အတွက် အများဆုံးကြုံရတာက

-Goal setting တိတိကျကျ မရှိသူနဲ့

-Unrealistic Goal သတ်မှတ်ထားတဲ့ သူတွေပါပဲ။

ကျွနိတော်ကတော့ ကျွန်တော့်ဆီက Plan ဝယ်တဲ့သူတွေကို သူတို့ ရဲ့ Body Goal ကို ချရေးခိုင်းပါတယ်။ တနည်းအားဖြင့် သူတို့ ဘာလိုချင်တယ်၊ ဘယ်လောက်အချိန်ပေးနိုင်သလဲ၊ သူတို့ လက်ရှိ life style နဲ့ ကွာဟနေတဲ့ Gap ကို ကျွန်တော်နဲ့ Consult လုပ်တာနဲ့ သဘောပေါက်သွားကြတယ်။

သာမန်ထက်ပိုတဲ့ မျှော်လင့်ချက်တွေ Goal တွေသတ်မှတ်ထားတဲ့ Clients တွေကိုတော့ သူတို့ ပေးနိုင်တဲ့အချိန် ၊ ကျွန်တော်လမ်းညွှန်တာကို ၁၀၀% effort လုပ်နိုင်မယ်ဆိုရင် သူတို့ ရနိုင်မဲ့ Result ကို estimate ပြောပြလိုက်တယ်။ False Hope တွေနဲ့ တော့ Program မရောင်းချင်တာပါ။

နည်းပြတယောက်အနေနဲ့ ကိုယ့် Client အတွက် Outcome Goals ဆိုတဲ့ ရလာဒ်ကိုအခြေခံတဲ့ Goal အပြင် ကိုယ့်နည်းစနစ်နဲ့ လေ့ကျင့်နေစဉ်ကာလတလျောက်လုံးမှာ တိုးတက်စေရေး အတွက်Process goal ကိုပါသေချာ သတ်မှတ်ပေးရပါတယ်။

ရလာဒ်ကိုပဲ အာသာငမ်းငမ်းတက်နေပီး Step by step သွားနေတဲ့ Daily workout တွေ Diet တွေရဲ့ process မှာ လစ်ဟာနေမယ်ဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ဒါကြောင့် ရလာဒ်ကောင်းလိုပါက Process ကောင်းရပါမယ်။ workout တစ်ချိန်ပီးတိုင်းStrength တွေ power တွေ neuro muscular Efficiency တွေ movement တွေမှာ တိုးတက်လာရမှာဖြစ်သလို Food choice နဲ့ understanding importance of nutrientsတွေ ဖြစ်လာရပါမယ်။

ဒါကြောင့် ရလာဒ်ကောင်းဖို ့ဆိုရင် process goal တွေ ကောင်းနေဖို့ လိုကြောင်းကို Trainer ညီငယ်များအတွက်သာမက ကစားသမား လူငယ်များအတွက်ပါမျှဝေပေးလိုက်ပါတယ်။ ကစားသမားများ သတိပြုရန် အထက်ပါအတိုင်း အစစ အရာရာ ဂရုစိုက်ဝန်ဆောင်မှုပေးနေသော Trainer များကို PT ကြေးပေးရန် လက်မတွန့် သင့်ပါကြောင်း

Mindset

ဘဝရဲ့ အစိတ်အပိုင်းတိုင်းရဲ့ အပြောင်းအလဲကအတွေးတွေကနေစတင်တယ်။ အဲ့ဒီကနေတဆင့်ခံစားချက်တွေဖြစ်လာတယ်။ ခံစားချက်တွေကနေတဆင့် လုပ်ဆောင်ချက်တွေ ဖြစ်ပေါ်လာပီးအဲ့ဒီကနေတဆင့် ရလာဒ်တွေထွက်ပေါ်လာတာဖြစ်တယ်။ ဒီတော့ ဘဝမှာ ဘာပဲ အပြောင်းအလဲလုပ်ချင် လုပ်ချင် ပထမဆုံး အတွေး တွေကိုစတင် ပြောင်းလဲရပါမယ်။ ဒီတော့ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ် စတင်ကန့် သတ်လိုက်ပီဆိုရင်ရလာဒ်တွေဟာလည်း နိဂုံးချုပ်သွားပါလိမ့်မယ်။

အခုကျွန်တော်တို့ Team က အသက် ၂၇ ပေါင် ၄၀၀ နီးပါးရှိတဲ့ အမျိုးသမီးတယောက်ကိုဝိတ်ချပေးနေပါတယ်။ အဲ့ဒီအမျိုးသမီးက လမ်းညွှန်တဲ့အတိုငိး တသွေမတိမ်းလုပ်တယ်။Gym တွေလည်းစုံခဲ့ပီ။ တနေ့ တခြား ဝသထက်ဝလာတယ်။ ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖြစ်မှကျွန်တော်တို့ Team ဆီရောက်လာခဲ့တယ်။သူ့ ကို Train ပေးတဲ့ ကျွန်တော့် Team က သူမနဲ ့ပါတ်သက်ပီး Report တင်လာတာ နားထောင်သူမရဲ့ Problem ကို ကျွန်တော် သဘောပေါက်သွားတယ်။ အဲ့ဒီ Trainer ကို ကျွန်တော် တစ်ခွန်းပဲပြောလိုက်တယ်။ မင်း Client ရဲ့ Mindset ကိုမပြောင်းနိုင်ရင် သူ့ ရဲ့ ရလာဒ် ကိုမမျှော်လင့်နဲ့တော့လို့ ကျွန်တော်ပြောတော့ Trainer ညီငယ်အံ့သြနေတယ်။

သူမရဲ့ ပြသနာက ဘာပဲစားစား ဘယ်လောက်ပဲ လျော့စားစား သူမ ထပ်ဝလာမယ်လို့ ယုံယုံကြည်ကြည် ပြောနေတာပဲ။ သူမအတွေး အပြော တွေက သူမရဲ့ ရလာဒ်ကိုဆွဲခေါ်လာနေတာ သူမသတိမထားမိဘူး။ကျွန်တော်တို့ အနေနဲ့ ကတော့ သူမ Mindset ကိုပြောင်းပေးဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။အကယ်၍ Mindset သာ မပြောင်းလဲနိုင်ခဲ့ဘူးဆိုရင် Body ရဲ့ ရလာဒ်ဟာလည်း——–

ကျွန်တော့်ဆီက Program ဝယ်ယူသူတွေအနေနဲ့ကျွန်တော် လမ်းညွှန်တဲ့ အတိုင်းသာ လိုက်လုပ်ဖို့ တာဝန်ယူပါ။ ရလာဒ်က သင့်အတွက်ပဲဆိုတာအသေအချာ

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားလျက်- နိုင်ဦး-119

#MuscleProfessor#MyanmarFitnessTrainerAcademy#MFTA#MakeMyanmarFit#NaingOo119#GuruNaing#MyanmarFitnessGuru#BodyTransformatips#FatlossSecrect#WeightLossTips#FitnessTrainer#GymTips#GymWorkouts#Cardio#Strength#TrainingProgram#naing_oo_119#muscle_professor

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta