Free Radical &Sugar - MFTA

Free Radical &Sugar

ကျွန်တော်တို့ခန္ဓာကိုယ်တွင်းရှိပုံမှန်ဇီဝဖြစ်စဥ်များ၊ကိုယ်တွင်းရှိအဆိပ်အတောက်များနှင့်ပတ်၀န်းကျင်ရှိအငွေ့အသက်၊ဓာတ်ရောင်ခြည်အဆိပ်အတောက်များကြောင့်Free Radicalတွေထွက်လာပါတယ်။FreeRadicalတွေဟာဆိုးကျိုးအရမ်းပေးပါတယ်။ကိုယ်တွင်းဇီဝဖြစ်စဥ်နှင့်ရောဂါမျိုးစုံဖြစ်ပေါ်လာအောင်အမြဲတမ်းအလစ်ချောင်းနေတဲ့ရန်သူပါ။ကိုယ်တွင်းရှိ Protein ၊ Fat ၊ DNA, RNA တွေကိုဖျက်ဆီးနိုင်သလို ဆဲလ်များကို ကင်ဆာဖြစ်စေခြင်း (သို့) ဆဲလ်များပျက်စီး သေဆုံးခြင်းဖြစ်စေသည်အထိဒုက္ခပေးပါတယ်။

သို့သော်လည်းမရှိမကောင်းရှိမ​ကောင်းပါပမာဏအနည်းငယ်သော ဖရီးရယ်ဒီကယ်တော့လိုအပ်ပါတယ်။ ရောဂါပိုး၊ ဗိုင်းရပ်စ် နှင့် ပြင်ပကဝင်ရောက်လာ တဲ့ ဓာတုပစ္စည်းတွေရဲ့ ဒဏ်မှ ကာကွယ် ပေးနိုင်ပါတယ်။Free radicalများတိုးပွားလာခြင်းသည်အသက်အရွယ်ကြီးရင့်ခြင်း စိတ်ဓာတ်ကျခြင်း ကိုယ်ခံအား နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။အစားအစာထဲတွင် သကြားဓာတ်များစွာ ပါဝင်ခြင်းက ခန္ဓာကိုယ်တွင်း Free Radical များ ပိုမိုစေပါသည်။

New York တက္ကသိုလ်မှ Dr. P. Mohanty ဦးဆောင်သောသုတေသီများသည် အုပ်စုတစ်ခုအား သကြား 75 grams ပါသော ဖျော်ရည်တခွက်သောက်စေခဲ့ပြီး။ကျန် အုပ်စုကို သကြားအတုနှင့်ဖျော်ထားသောအချိုရည် သောက်စေခဲ့သည် ။ထိုအခါသကြားဖျော်ရည်နှင့်ဖျော်ထားသောအချိုရည်သောက်ခြင်းက free radical ဓာတ်များကို ၁၀၀% တိုးလာစေပြီး သကြားအတုနှင့်ဖျော်ထားသော အချိုရည်သောက်သည့်အခါ free radical ဓာတ်များ လုံးဝတိုးမလာခဲ့သည်ကိုတွေ့ရသည်။ထို့ပြင် သကြားဖျော်ရည်သောက်သောသူများသည် Vitamin E ပမာဏမှာ ၄% လျော့ကျခဲ့ပါသည်။ Vitamin E သည် ခန္ဓာကိုယ်အတွင်းဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးသောantioxidant ဖြစ်သည်။

ဤလေ့လာမှု့အရ သကြားဓာတ်များသော ဖျော်ရည်များသောက်ခြင်းကို ရှောင်ရှားခြင်းသည် ဆီးချိုသွေးချိုနှင့်အဝလွန်ခြင်းသာမကအချိန်မတိုင်မှီအိုမင်းရင့်ရော်ခြင်းဖြစ်စေသည့်FreeRadicalများထုတ်လွတ်မှုကိုလည်းတားဆီးရာရောက်ပေသည်။

#အောင်အောင်_လှိုင်#freeradicals#antioxident#sugar#drinks#VitaminE#metabolism#Protein#Fat#DNA

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta