အိုမင်းရင့်ရော်မှုနှင့်အာဟာရ (၅မျိုး ) - MFTA

အိုမင်းရင့်ရော်မှုနှင့်အာဟာရ (၅မျိုး )

ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းရှိမော်လီကျူးများသည်အကြောင်းရင်းများစွာကြောင့်အမှုန်လေးများအဖြစ်ပဲ့ထွက်လာကြသည်။ထိုအမှုန်များသည်Oxygenနှင့်ထိတွေ့သောအခါအစွမ်းထက်ပြီးမတည်မငြိမ်ဖြစ်ကာခန္ဓာကိုယ်ရှိအကျိုးပြု Cellများနှင့်မော်လီကျူးများကိုတွယ်ကပ်ဖျက်စီးသည်။ထိုဖျက်စီးမှုကိုကာကွယ်ရန်ခန္ဓာကိုယ်တွင်းမှခုခံအားစနစ်ကလည်းတတ်နိုင်သမျှခုခံသည်ပြန်လည်တည်ဆောက်ပေးသည်။သို့သော်ခုခံအားစနစ်နည်းလာသည်အခါအဖျက်အန္တရာယ်များကိုမကာကွယ်နိုင်ပေ။ထိုအခါထိုအဖျက်အမှုန် FreeRadicalsများသည် DNA Cells ,Gene Cellများသာမက ဇီဝကမ္မဖြစ်စဥ်ကိုပါနှောင့်ယှက်လာသည်။ထိုအခါရောဂါမျိုးစုံနှင့်အိုမင်းရင့်ရော်ခြင်းကိုအရွယ်မတိုင်ခင်တွေ့ကြုံရလာသည်။

ထိုကြောင့် Immune System အားနည်းမှုမရှိစေရန်မှန်ကန်သောစားသောက်မှု၊မှန်ကန်သောလူနေမှုပုံစံများကိုပြောင်းလဲခြင်းတို့ဖြင့်Immune System တောင့်တင်းအောင်ပြုလုပ်ထားပါကအချိန်မတန်ခင်အိုမင်းခြင်းနှင့်ရောဂါဘယဘေးမှကင်းဝေးမည်ဖြစ်သည်။Antioxidantsကြွယ်၀သည့်သဘာ၀အစားအစာများကိုစားသုံးခြင်းဖြင့်Free Radicals များကိုကောင်းစွာချေမှုန်းနိုင်၍သင်၏Cellsများအားကာကွယ်ပေးနိုင်သည်။ဤနည်းဖြင့်ကိုယ်ခံအားမြင့်တက်ကာရောဂါမျိုးစုံမှကာကွယ်နိုင်သည်။အိုမင်းရင့်ရော်ခြင်းနှင့်ရောဂါမျိုးစုံမှကာကွယ်နိုင်သည်အာဟာရ ၅မျိုးကိုသင့်ရဲ့စားသောက်မှုမှာပါဝင်နိုင်အောင်ကြိုးစားပါ။

1️⃣VitaminAပါဝင်သည့် နို့နှင့်နို့ထွက်ပစ္စည်း၊ အသည်း၊ အသား၊ဥများနှင့်ပင်လယ်အစားအစာ၊သဘာဝအဝါရောင်ရောင်ခြယ်ဓာတ်ပါသည့်အသီးများ(သင်္ဘောသီး၊ရွှေဖရုံသီး၊ကန်စွန်းဥနှင့်အခြားသီးနှံမျိုးစုံ)တို့သည်Lymphocytes ခေါ်သွေးဖြူဥ Cellများကိုထုတ်လုပ်ပေးသည့်ThymusGland ကိုပိုမိုအကျိုးပြုသည်။ထိုဂလင်းအားကောင်းမှသာ ရောဂါအမျိုးမျိုးကို တိုက်ထုတ်သည့် Antibody များကို ထုတ်လုပ်ပေးသည့် သွေးဖြူဆဲလ်များအားကောင်းမည်ဖြစ်သည်။

2️⃣Vitamin C သည်ImmuneSystemကိုနိုးကြားစေသလိုသွေးခဲ သွေးပိတ်ခြင်းကိုချေဖျက်နိုင်သည်။ခန္ဓာကိုယ်၏ဆက်တွယ်တစ်သျှူးများတွင်အရေးပါသည့် ကော်လဂျင်တည်ဆောက်မှုကို အကျိုးပြုသည်။၎င်းသည်ညစ်ညမ်းမှုနှင့်အခိုးအငွေ့တို့မှဖြစ်သောအဆိပ်အတောက်များကိုချေဖျက်ရုံမကသွေးနီဥဆဲလ်များကိုထုတ်ပေးခြင်းကြောင့်အနာအကျက်မြန်စေသည်။ဗီတာမင်စီသည်ရှောက်သီး သံပုရာသီး လိမ္မော်သီး ဆီးဖြူသီး မာလကာသီးတို့တွင်သာမက အခြားအသီးအနှံတို့တွင်လည်းပါဝင်သည်မို့ အသီးအနှံစားသုံးဖို့မမေ့ပါနှင့်။

3️⃣Vitamin E သည်ကိုလက်စထရောကိုကျစေရုံသာမက အဆီတွင်ပျော်ဝင်သည့်အတွက်လေထုနှင့်အစားအသောက်တွင်ပါသောအဆိပ်အတောက်များကိုကာကွယ်ပေးသည်။CellMembrane များကိုကာကွယ်ပေးသဖြင့်ဆဲလ်များရှင်သန်ရေးကိုအထောက်အကူပြုသည်။သွေးနီဥဆဲလ်များကိုကာကွယ်ပေးသဖြင့်အိုမင်းရင့်ရော်ခြင်းကိုတားဆီးကာကွယ်ပေးသည်။ပဲပုပ်ဆီ၊နေကြာဆီ၊ပြောင်းဆီ၊ဂျုံစေ့ဆန်၊နေကြာစေ့၊အခွံမာအစေ့အဆန်များနှင့်ဟင်းသီးဟင်းရွက်များတွင်ပါဝင်သည်။

4️⃣စီလီနီယမ်သည်လည်းFreeRacicalsကိုတိုက်ထုတ်ပြီး CellMembraneနှင့်အရေးပါသည့်အင်္ဂါအစိတ်အပိုင်းနှင့်အကျိတ်များကိုကာကွယ်ပေးသည်။ကိုယ်တွင်းရှိဇီဝကမ္မဖြစ်စဥ်မှရရှိသည်ဓာတ်ပစ္စည်းများကိုသန့်စင်ရာတွင်အရေးကြီးသည့်အင်ဇိုင်းတစ်မျိူးကိုထုတ်လုပ်ပေးသည်။စီလီနီယမ်ဓာတ်သည်ကင်ဆာဖြစ်ပွားနှုန်းကိုနည်းစေသည်။ထူးခြားချက်တစ်ခုမှာစီလီနီယမ်ဓာတ်ရှားပါးသည့်အစားအစာအလွယ်တကူရရှိသည့်အရပ်ဒေသများတွင်ကင်ဆာဖြစ်ပွားနှုန်းမြင့်မားခြင်းဖြစ်သည်။သံဖြူ ၊ခဲ ၊ပြဒါးတို့မှ အဆိပ်သင့်ခြင်းတို့ကိုကာကွယ်ပေးသလို ပတ်ဝန်းကျင်ညစ်ညမ်းမှုမှဖြစ်ပေါ်လာသည့်အဆိပ်အတောက်များကိုကာကွယ်ပေးသည်။အဆီနည်းသောအသား၊ပင်လယ်အစားအစာ၊ဥများ၊နို့ထွက်ပစ္စည်းများ၊မဖွတ်မချွတ်ရသေးသည့်ဆန်ဂျုံပြောင်း များနှင့်အသီးအနှံများတွင်ပါဝင်သည်။

5️⃣Zinc အကြောင်းကိုတော့ဆရာဝန်အတော်များများလည်းရေးသားထားတာဖတ်ဖူးကြပါမယ်။သူ့ရဲ့အကျိုးသက်ရောက်မှုကလည်းများစွာရှိတာမို့အကျယ်ချဲ့ရေးရင်ဆောင်းပါးတစ်ပုဒ်ဖြစ်သွားပါမယ်။ခန္ဓာကိုယ်အတွင်းအောက်ဆီဂျင်တိုက်စားမှုကြောင့်ဖြစ်ပေါ်လာသည့်Cellsနှင့်Tissueများပျက်စီးမှုကိုကာကွယ်ပေးပြီး ဟိုမုန်းထုတ်လုပ်မှုကိုအထောက်အကူပြုသည်။Carbonhydrateထုတ်လုပ်မှုဖြစ်စဥ်တွေမှာလည်းအရေးပါသလိုအိုမင်းရင့်ရော်မှုတိုက်ဖျက်သည့်သွေးဖြူဆဲလ်များကိုလည်းကြံ့ခိုင်စေသည်။ အသက်လေးဆယ်ကျော်ရင်အစားအစာမှပါရှိသည့်Zincဓာတ်ကိုစုပ်ယူနိုင်မှုလျော့နည်းလာတာကြောင့်ယင်းဓာတ်ပါရှိသည့်အစားအစာများကို ထိုအသက်အရွယ်များတွင်ပိုမိုသတိထားပြီး အလေးအနက်ထားစားသုံးသင့်သည်။အခွံမာသီး၊အစေ့အဆန်၊ဖရုံစေ့၊နေကြာစေ့၊မှို၊ပဲပိစပ်၊ပင်လယ်စာတို့တွင်ပါရှိသည်။ထိုကြောင့်အိုမင်းရင့်ရော်မှုနှင့်ရောဂါများ၏ အန္တရာယ်မှကာကွယ်ရန်Antioxidantsကြွယ်ဝသည့်အစားအစာများကိုမှန်ကန်စွာရွေးချယ်စားသုံးခြင်းသည် Nutrition Science ၏ နည်းလမ်းတစ်ရပ်ဖြစ်ပေရာ မှန်ကန်သော စားသောက်မှု ၊နေထိုင်မှုပုံစံတို့ဖြင့် ကျန်းမာနုပျိုသည့်ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

#အောင်အောင်_လှိုင်#antioxidantes#VitaminC#VitaminE#Zinc#immunesystem#Carbonhydrate#cellsmembrane#Oxygen

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta