Diet မလုပ်သင့်သူများ - MFTA

Diet မလုပ်သင့်သူများ

Training +Diet Plan တွေဝန်ဆောင်မှုပေးနေသူတစ်ယောက်အနေနဲ့ ကျွန်တော်အမြဲတမ်းကြုံနေရတာလေးတစ်ခုက၊ Program ဝယ်ယူသူများနဲ့ Online Coaching ယူသူအများစုသည်၊ ထစ်ကနဲရှိ ဒိုင်းယက်လုပ်မယ်ဆိုတာချည်းပဲ ကြုံရပါတယ်။ ငွေမျက်နှာထက် Clients ရဲ့ ကျန်းမာရေးနဲ့ ရလာဒ်ကောင်းကိုဥိီးစားပေလို့ ဒီပို့ စ်လေးနဲ့ educate လုပ်ပေးပါရေစ။

ဒိုင်းယက်လုပ်မဲ့သူတစ်ယောက်သည် လောလောလတ်လတ် ဒိုင်းယက်လုပ်ထားသူ သို့ မဟုတ် မိမိစိတ်ထင်တိုင်း အစားလျော့ပီးCrash diet နဲ့ ဝိတ်ချထားသူများ Diet မလုပ်သင့်သေးပါ။

Stress (စိတ်ပိုင်း၊ရုပ်ပိုင်း) များသူများDiet မလုပ်သင့်သေးပါ။

Skinny fat လူပိန်ဗိုက်ပူနေသူများ Diet မလုပ်သေးဘဲ maintenance calories သို့ မဟုတ် ၎င်းထက်အနည်းငယ်ပိုစားပီး၊အလေးဖြင့်လေ့ကျင့်ခန်း ပြုလုပ်ပါ။ကြွက်သားထုထည်တက်အောင်အရင် try ပါ။

Diet လုပ်ချင်ပေမဲ့ မိသားစု၊ အလုပ်ပါတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်သေးရင် support မလုပ်ဘဲဝါဒီတွေများစေတယ်ဆိုရင်လည်းဒိုင်းယက်ကိုတိတိကျကျလုပ်ဖို့ ခက်ပါလိမ့်မယ်။

နည်းပြဘဝ စိတ်အညစ်ရဆုံးက Coachလုပ်ရခက်တဲ့ clients တွေပါပဲ။အပြောင်းအလဲလုပ်ဖို့ စိတ်မဝင်စားသလို၊ ကိုယ့်ကိုကိုယ် စိန်ခေါ်ဖို့ လည်း mood မရှိသူတွေ၊ မိန်းမသို့ မဟုတ် ယောက်ကျားကို ကြောက်လို့ သာ လေ့ကျင့်ခန်းလုပ်နေရသူတွေအနေနဲ့ Diet လုပ်ဖို့ မလွယ်ပါ။

Diet မလုပ်ခင်၊ကျန်းမာရေးအတွက်အဓိကကျတဲ့ အအိပ်၊ အစား၊ လှုပ်ရှားတဲ့ lifestyle တွေရှိရပါမယ်။ နို့ မို့ ဆို ဒိုင်းယက်လုပ်တာကကိုယ့်ဒုက္ခကိုယ်ရှာတာနဲ့မခြားပါဘူး။

မိမိကိုယ်ကို ယုံကြည့်မှုမရှိသူတယောက်ဟာ ဘယ်အရာကိုမှ စွဲမြဲစွာလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်ဒိုင်းယက်မလုပ်ပါနဲ့ဦး။

အပေါ်မှာ ပြထားတဲ့အချက်တစ်ချက်လောက်ငြိနေတယ်ဆိုရင်တောင် ဒိုင်းယက်မလုပ်သင့်ပါ။ ငွေကုန်ခံနိုင်လို့ ၊ ကိုယ့်ကျန်းမာရေးကို ရင်းနိုင်တယ်ဆိုရင်တော့ဆက်လုပ်ပါ။ကျန်းမာကြပါစေဗျာ။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#Dieting#stress

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta