နှလုံးအဆီပိုကျစေဖို့ လေ့ကျင့်ခန်းပြုလုပ်ကြပါစို့ - MFTA

နှလုံးအဆီပိုကျစေဖို့ လေ့ကျင့်ခန်းပြုလုပ်ကြပါစို့

အလေးမလေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် Cardioလေ့ကျင့်ခန်းများထက်အဆီကိုပိုမိုလောင် ကျွမ်းနိုင်ကြောင်းကိုဒိန်းမတ်နိုင်ငံရှိ ကိုပင်ဟေပင်တက္ကသိုလ်မှသုတေသီအဖွဲ့များ၏လေ့လာမှုများအရသိရှိရသည်။ကျွန်တော်တို့ပုံမှန်ပြလုပ်နေကျဖြစ်သည့် လမ်းအမြန်လျှောက်၊ စက်ဘီးနင်း ၊ ပြေးခြင်း ၊ရေကူး ၊ကြိုး ခုန်၊လှေကားအတက်အဆင်းပြုလုပ်ခြင်းများသည် နှလုံးကိုအလုပ်ပေးသောCardio လေ့ကျင့်ခန်းများ တွင်ပါဝင်သည်။

၂၀၁၉ခုနှစ် ဂျူလိုင်လထုတ် 𝗝𝗮𝗺𝗮 𝗖𝗮𝗿𝗱𝗶𝗼𝗹𝗼𝗴𝘆 𝗝𝗼𝘂𝗿𝗻𝗮𝗹 တွင်ဖော်ပြထားသော သုတေသီများ၏ လေ့လာမှုအရ အလေးမလေ့ကျင့်ခန်းများပြုလုပ် ခြင်းဖြင့် နှလုံးအမြှေးဖုံးရှိ အဆီများကို ၃၁ရာခိုင်နှုန်းအထိ လျှော့ကျစေပြီး နှလုံးသွေးလွှတ်ကြော မာခြင်း၊ ပိတ်ခြင်း၊ နှလုံးသွေးလွှတ်ကြောပျက်စီးစေ သောရောဂါ (𝗖𝗼𝗿𝗼𝗻𝗮𝗿𝘆 𝗛𝗲𝗮𝗿𝘁 𝗗𝗶𝘀𝗲𝗮𝘀𝗲) တို့မှကာကွယ်ပေးနိုင်ကြောင်းဖော်ပြထားသည်။

လေ့လာမှုတွင် လေ့ကျင့်ခန်းပြုလုပ်သူ ၃၂ ဦးအား အလေးမလေ့ကျင့်ခန်းများမပြုလုပ်မှီနှင့် လေ့ကျင့်ခန်း ၃လကြာပြုလုပ်ပြီးချိန်တို့၌ နှလုံးဓာတ်မှန်ရိုက် စေကာ နှလုံးအမြှေးပါးရှိအဆီလောင်ကျွမ်းမှုပမာ ဏကိုလေ့လာခဲ့ကြသည်။

အဆိုပါလေ့လာမှုတွင် ကာဒီရိုလေ့ကျင့်ခန်းနှင့်အလေးမလေ့ကျင့်ခန်းတို့ကို သီးခြားစီခွဲပြီးလေ့ကျင့်စေခဲ့ခြင်းဖြစ်သည်။ အကယ်၍𝗖𝗮𝗿𝗱𝗶𝗼 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲 နှင့် အလေးမ လေ့ကျင့်ခန်းများကို တွဲဖက်လေ့ကျင့်ပါက နှလုံးကျန်းမာ ရေးအတွက်သာမက တစ်ကိုယ်လုံးရှိအဆီပိုများ လောင်ကျွမ်းမှုကိုပိုမိုထိရောက်စေမည်ဖြစ်ကြောင်းသုတေသနအဖွဲ့၏ဦးဆောင်သူတစ်ယောက်ဖြစ်သည့် 𝗗𝗿 𝗥𝗲𝗴𝗶𝘁𝘀𝗲 𝗛𝗼𝗷𝗴𝗮𝗮𝗿𝗱 𝗖𝗵𝗿𝗶𝘀𝘁𝗲𝗻𝘀𝗲𝗻 ကပြောကြားခဲ့သည်။ထိုကြောင့် အဆီပိုများကို တိုက်ဖျက်ရာတွင် 𝗖𝗮𝗿𝗱𝗶𝗼 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲 ချည်းသီးသန့်ပြုလုပ်ခြင်းထက် အလေးမလေ့ကျင့် ခန်းများနှင့်တွဲဖက်လေ့ကျင့်ခြင်းသည်အကောင်းဆုံးဖြစ်​ပါသည်။

#အောင်အောင်_လှိုင်#cardioexercise#weightloss#weighttraining#joking#running#aerobicexercise#Coronary#heart#Disease#CardiacMRI#Research

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta