2023-ခုနှစ်ရဲ့ ၁% ကုန်ပီ - MFTA

2023-ခုနှစ်ရဲ့ ၁% ကုန်ပီ

ဒီနှစ်မစခင်လေးက သင့်ကိုယ်သင်ပြောင်းလဲဖို့ သတ်မှတ်ခဲ့တဲ့အကျင့်တွေကို စပြင်နေပီလား??? New year စရင် Gym သွားမယ်ဆိုတဲ့သူတွေGym ရောက်ကြပီလား? Gym အတော်များများမှာ လူတွေနည်းနေဆဲပါပဲ

အကယ်၍သင့်ရဲ့ new year resolution က မနှစ်ကနဲ့ မတူဘူးဆိုရင် မနှစ်ကနဲ့မတူတဲ့ Lifestyle တွေ အလေ့အကျင့်တွေလိုအပ်ပါလိမ့်မယ်။

သူငယ်ချင်းတယောက်က ဇာတ်လမ်းအရမ်းကောင်းတယ်လို့ ညွှန်းတဲ့ series တခုရဲ့ အစပိုင်းepisode တွေဟာဘယ်လောက်ပဲ ပျင်းစရာကောင်းနေပါစေ စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးကြည့်တယ်ဆိုရင် သင့်ကိုချစ်တဲ့ လူကြီး/မိဘ/ဆရာသမားတွေက သင့်ကျန်းမာရေး သင့်ဘဝအတွက်ကောင်းတယ်လို့ လမ်းညွှန်လာတဲ့ ပြုပြင်ပြောင်းလဲစရာတွေက

အစပိုင်းမှာ ပျင်းစရာကောင်းတယ်ဆိုပီးလက်လျော့တော့မှာလား?သင့်ဘဝကို Drama series တခုလောက်တောင်အာရုံမစိုက်ချင်တော့ဘူးလား?

Motivation ကမပေးနိုင်တဲ့ ရလာဒ်ကို Discipline လို့ ခေါ်တဲ့စည်းကမ်းက ပေးနိုင်ပါတယ်။

ဘဝမှာ ဘာကိစ္စအတွက်ပဲဖြစ်ဖြစ် အောင်မြင်ဖို့ ဆိုရင် intensity ထက် Consistency ကထာဝရ အသာရစမြဲပါ။

ဒါကြောင့် ဘယ်သူက ဘယ်လိုကြိုးစားနေတယ်ဆိုတာမျိုးကိုဂရုစိုက်စရာမလိုပါ။

မနှစ်ကကိုယ်ထက် ဒီနှစ်ကိုယ်က ပိုကောင်းဖို့ ပဲလိုတာပါ။ You vs You.

ကျွန်တော်အကြိုက်ဆုံးစကားလေးနဲ့ ဒီပို့စ်လေးအဆုံးသတ်ပါရစေ။

Focus on you

Until the FOCUS is on You. ဆိုတာပါပဲ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#အဆီချလက်စွဲ#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta