2022-အထိသယ်မလာသင့်တဲ့ အယူအဆအမှား - MFTA

2022-အထိသယ်မလာသင့်တဲ့ အယူအဆအမှား

ကာဒီရိုကစားရင် ခန္ဓာကိုယ်မကြီးထွားတော့ဘူးလိုသင်ယုံနေသေးရင် နဲနဲမှားနေပါပီ HIIT တွေဇွတ်ကစားနေရင်တော့ မှန်ပါတယ် တိုးတက်မှုနည်းသွားမှာပါ။ ဒါပေမဲ့ low intensity cardioကို ထုတင်နေချိန်မှာလည်း workout ပီးတိုင်း၁၅ မိနစ်လောက်နေ့စဉ်ကစားလို့ ရပါတယ်။ Intensity ကအရေးအကြီးဆုံးလို့ ထင်နေရင်လွဲနေပါတယ်။ Consistency ဆိုတဲ့စွဲမြဲမှုကအရေးကြီးတာပါ။ သူပါမှ အပင်ပမ်းခံလေ့ကျင့်တဲ့ intensity ကအကျိုးပြုမှာပါ။

ငါတို့ ဆရာက ရှယ်မောင်းတာကွ။ ကစားပီးချိန်ကျ ကိုက်ခဲနေတာပဲဆိုပီးဂုဏ်ယူနေသေးရင်နဲနဲလွဲနေပါတယ်။ ထိထိမိမိ လေ့ကျင့်ရင်တော့ နောက်ဆက်တွဲအနေနဲ့ အနည်းငယ် နာကျင်ကိုက်ခဲတာက သဘာဝဆိုပေမဲ့ နာနေအောင် ကစားမှချွေး တွေရွှဲနစ်နေမှ ထိရောက်တယ်ထင်ရင်သိပ်မမှားပါဘူး။ ၁၀၀ မှာ ၉၀% ပဲလွဲတာပါ Muscle fiber တိုင်းဟာဆံခြည်မျှင်ထက်သေးငယ်ပီး၊ ၎င်းရဲ့ ပင်ကိုယ်အလေးချိန်ထက်အဆ ၁၀၀၀ လောက်လေးတဲ့ဝန်ကို ခံနိုင်ပါတယ်။

Efficient ဖြစ်တဲ့ workout တိုင်းဟာအမြင်မှာရိုးရှင်းနေတတ်ပါတယ်။ Fancy ကျတဲ့Workout တွေကို insta တို့ TikTok တို့ မှာပဲမျက်စိအရသာခံကြည့်လိုက်ပါ။ အမျိုးသမီးအများစု ပေါင်ချိန်စက်ပေါ်က ကိန်းဂဏာန်းတွေမပြောင်းလဲတော့ရင် efforts အားလုံးအလဟသ ဖြစ်ပီလို့ ထင်နေတဲ့ ခံယူချက်လည်းမှားပါတယ်။

ခုမှအားကစား စလုပ်ပီး ၃-လနဲ့ Body Transformation ဖြစ်ဖို ့လောဘမကြီးပါနဲ့။ Foundational phaseအတွက်အချိန်ပေးရပါဦးမယ်။Train hard နဲ့ Train Smart ကြားကခြားနားချက်လေးကို တွေ့ ရှိနိုင်ပီး workouts sessions တိုင်းကိုအကျိုးရှိစွာ အသုံးပြုနိုင်ပါစေ။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ ့Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန် လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta