𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ဆိုက်ကို - MFTA

𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ဆိုက်ကို

𝗙𝗶𝘁𝗻𝗲𝘀𝘀 နယ်ပယ်မှာတိုးတက်မြင့်မားလာသည်နှင့်အမျှ တစ်ဖက်မှာလည်း စီးပွားရေးအကွက်ချောင်းနေသူများက အမျိုးမျိုးသောမက်လုံးများ စပွန်ဆာများဖြင့် ငွေရနိုင်မည့်နည်းလမ်းများချဲ့ ထွင်လာကြသည်။ 𝗚𝘆𝗺 ကစားသူများအတွက် ခေတ်မီ စက်ပစ္စည်းများ စာအုပ်စာပေများ ကမ္ဘာ့ချန်ပီယံများ၏လမ်းညွှန်ချက် အခွေများစာအုပ်များ၊ အဝတ်အစားအသုံးအဆောင်ပစ္စည်းများနှင့် နောက်ဆုံးမှာတော့ တစ်ချို့သော လူငယ်တစ်ချို့ သည်းကြီးမဲကြီး စိတ်ဝင်စားလာကြသည့် 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 များပင်။

အဆိုပါဆေးများသည် တံဆိပ်အစုံ နေရာအစုံ နိုင်ငံအစုံမှ နည်းလမ်းအမျိုးမျိုးဖြင့် မြန်မာပြည်တွင်းသို့ဝင်ရောက်နေပြီဖြစ်သည်။ ဘယ်လိုအမျိုးအစား ဘယ်နိုင်ငံထုတ်ဆိုတာတွေထက် ဘယ်လို အမျိုးအစားတွေပါဝင်တယ် ဘယ်အပိုင်းတွေမှာအကျိုးသက်ရောက်မှု​ပေးတယ်ဆိုတာကို အထုပ်တိုင်း၏ မျက်နှာပြင်မှာ ဝေဝေ ဆာဆာ ရိုက်နှိပ်ပြီး ရောင်းချလာကြသည်။

တစ်လောကပဲလူရဲ့ဆံပင်အတိုအစတွေမှ လည်းကောင်း တီကောင် မှ လည်း ကောင်း 𝗪𝗵𝗲𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 များကို ထုတ်လုပ်နေသည်ဆိုတာ နာမည်ကြီး 𝗪𝗲𝗯𝘀𝗶𝘁𝗲 များက သတိပေး 𝗦𝗵𝗮𝗿𝗲 လုပ်လာကြသည်။ ဘယ်လိုပင်ဖြစ်စေကာမူ မိမိရဲ့ ချွေးနည်းစာ မရှိမဲ့ရှိမဲ့ ငွေတစ်ချို့ကို အတုဆိုသည့်အရာများအပေါ်မှာအရွေးမမှားအောင် ဂရုစိုက်သင့်သလို အရေးကြီးသည့် အချက်တစ်ခုမှာ 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ပါမှ ကြွက်သားကြီးထွားဖို့ အထောက်အကူပြုမယ် 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 မပါရင်𝗚𝘆𝗺 မကစားချင်ဘူး ဆိုသည့် အတွေးမျိုးကိုတော့ဖျောက်ဖျက်ပစ်ပါ။

ဆေးအပေါ်မှာပဲ ယုံကြည်မှုလွန်ကဲပြီး သဘာဝအစားအသောက်အပေါ်မှီခိုမှု အားနည်းသည်ဆိုတာကို ကျွန်တော့်ဆီ 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 လာ ဝယ်သူ လူတော်တော်မျာများ၏ အမေးမှာ ပေါ်နေသည်။

1️⃣ဒီဆေးသောက်ရင် ကြွက်သားတွေကြီးလာမှာပေါ့နော်။ Gymတော့မကစားဖြစ်ဘူး ဒီဆေးသောက်ပြီး ဒိုက်ထိုး ဘားခိုလောက်နဲ့ ဒီလို 𝗕𝗼𝗱𝘆 မျိုးရနိုင်မလားဆိုပြီး 𝗙𝗶𝘁𝗻𝗲𝘀𝘀 𝗠𝗼𝗱𝗲𝗹 ပုံပြပြီး မေးတဲ့သူ။

2️⃣ 𝗖𝗹𝗮 သောက်ပြီး အဆီတကယ်ကျမှာလား 𝗚𝘆𝗺 တော့မသွား ဖြစ်သေးဘူးခင်ဗျ။ညဘက်အိပ်တာလည်းနောက်ကျတယ် ဘော်ဒါ တွေနဲ့ညဘက်ဆုံတိုင်းတော့ ဘီယာ အရက်နည်းနည်းပါးပါးချတယ် အဆီကျနိုင်မလားမေးတဲ့သူ။

3️⃣𝗖𝗿𝗲𝗮𝘁𝗶𝗻𝗲 သောက်ရင် အလေးနိုင်တယ်ဆိုခင်ဗျ။ တစ်ခါသောက် ၁ဇွန်းဆို ဘယ်လောက်အလေးတိုးနိုင်မလဲခင်ဗျ။ ၂ဇွန်း သောက်ရင် ၂ဆနိုင်မှာပေါ့နော်လို့ဆိုသူတွေ။

4️⃣𝗩𝗶𝘁𝗮𝗺𝗶𝗻 နဲ့ 𝗣𝗿𝗼𝘁𝗲𝗶𝗻 ဆိုတာ ဘယ်ကရနိုင်သလဲ။ဘာတွေ စားရမလဲ 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 သောက်ရင် ပရိုတိန်းပါတာစားစရာမလိုတော့ဘူးပေါ့ 𝗩𝗶𝘁𝗮𝗺𝗶𝗻 ဆိုတာ ဘယ်ဟာသောက်ရင် အဆင်ပြေမလဲ။

5️⃣မနက်ဖြန် ဆေးကုန်ပြီ မြန်မြန်ပို့ပေးပါအကိုရာ ၁ပတ်ပဲလိုတော့တယ် သင်္ကြန်နီးနေပြီ 𝗕𝗼𝗱𝘆အမြန်တက်ဖို့ ဆေးကိုအပီအပြင်တစ်နေ့ ၄ခွက်လောက်သောက်မလို့အကိုမြန်မြန်ပို့ပေးပါဆိုသူ။

6️⃣𝗚𝘆𝗺 ကဆရာကပြောတယ်မင်းပိန်နေတယ် 𝗪𝗲𝗶𝗴𝗵𝘁 𝗚𝗮𝗶𝗻𝗲𝗿 များများသောက် ထမင်းကို မနက်ပိုင်းပဲစားဆိုလို့ 𝗪𝗲𝗶𝗴𝗵𝘁 𝗴𝗮𝗶𝗻𝗲𝗿 ဆိုတာ ဘာလဲအကို ဆရာကတော့ 𝗪𝗲𝗶𝗴𝗵𝘁 𝗴𝗮𝗶𝗻𝗲𝗿 ဆိုတာပဲ ညွန် လိုက်တယ် ဘာတွေပါလဲဆိုတာ သူလည်းမသိဘူး အကိုရှင်းပြပေးပါအုံးဆိုသူ။

အစရှိသဖြင့် အမျိုးမျိုးသော မေးခွန်းပေါင်းစုံနဲ့𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 အပေါ် မှာမူတည်ပြီး ရောက်လာကြသည်။ထူးခြားတာတစ်ခုကတော့ သူတို့ တွေရဲ့အတွေးထဲမှာ ဆေးဆိုတာ နံပတ် ၁ နေရာကနေ ဖြစ်နေသည်။

နောက်တစ်ခုက ဆောင်းပါးတွေလည်း ဓာတ်ပြားဟောင်း ၁ ချပ်လို အပ်ကြောင်းထပ်အောင် တင်ပြပေးခဲ့သော်လည်း နားလည်အောင်မဖတ်ပဲ ပေါကြောင်ကြောင်နိုင်စွာမေးနေကြတာပါ။ ဆေးသောက်ဖို့ ညွန်တဲ့ နည်းပြတစ်ချို့ကလည်းတကယ်တမ်းဆေးရဲ့ အာနိသင် ဘယ်လို အကျိုးသက်ရောက်မှုတွေရနိုင်တယ် ဘယ်လိုအချိုးအစားတွေပါဝင်တယ်ဆိုတာ တပည့်လုပ်သူအပေါ် ရှင်းပြနိုင်ရင် ပိုပြည့်စုံပါတယ်။

အခုတော့သဘာဝအစားအစာ နှင် လေ့ကျင့်မှု အနားယူမှု အာဟာ ရပိုင်းဆိုင်ရာတွေကို ထည့်မတွက်ကြတော့ဘူးလားမသိ။ ကမ္ဘာကျော် ချန်ပီယံကြီးများသည်လည်း 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁 ဗူးကြီးပိုက်ပြီး အိပ်ယာပေါ် စိတ်ကူးယဉ်နေရုံနဲ့ ချန်ပီယံ ကြီးတွေဖြစ်လာကြသည်မဟုတ် ထက်သန်သော ဇွဲ လုံ့လ ဝရီယ တွေ စည်းစနစ်ရှိသော လေ့ကျင့်မှု အာဟာရစားသောက်မှုတို့အပေါ်မှာ ရပ်တည်ပြီး 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ဆိုတာကို တစ်ဖက်က ထပ်ပေါင်းထားခြင်းဖြစ်သည်။

𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 မလိုဘူးတော့မဟုတ် လိုအပ်ပါသည် ဒါပေ့မယ် သူမပါရင် မဖြစ်ဘူးဆိုတာကိုတော့ ခေါင်းထဲကထုတ်လိုက်ပါ။ ကျွန်တော်တို့ 𝗚𝘆𝗺 စကစားကာစ ´´ ဆရာဦးသာအောင် ရှေ့မှာ𝗪𝗲𝗶𝗱𝗲𝗿 တံဆိပ် အမိုင်နို ၂လုံး ပါးစပ်ထဲပစ်ထည့်နေချိန် ဆရာမြင်တော့ ကမြင်းမသားတွေ မင်းတို့ ဒီဆေးမပါရင် အလေးမနိုင်ဘူး မလန်းဘူး ဟုတ်လား ငါ အလေးချန်ပီယံဆုတွေ ကာယဗလ ဆုတွေ တစ်သီကြီး ရခဲ့တာ ထမင်းနဲ့ ဟင်း ငါးပိရည်နဲ့ ကြက်ဥ ငှက်ပျောသီး ဒါတွေပဲ စားပြီး ပြိုင်ခဲ့တာကွ “ ဆိုပြီးပြောဖူးတာလေးပြန်သတိရမိပါ တယ်။

ဒါကြောင့် ဆေးဆိုတာ မရှိမကောင်း ရှိမကောင်း ဆိုတာလို အသိဉာဏ်လေးနဲ့ချင့်ချိန်ပြီး သုံးစွဲဖို့လိုသလို တစ်ဖက်ကလည်း အတုအစစ်ဆိုတဲ့ အတုအယောင်တောထဲကလောဘသားတွေရ လှည်ဖျားမှုမှ ကင်းဝေးဖို့ သတိပြုကြပါ။

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။ https://www.facebook.com/profile.php?id=100012464049943#အောင်အောင်_လှိုင်#Supplements#Weider#Amino#whey#joeweider#MrOlympia#Contest#psycho

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta