၀ိတ်မရင်အရပ်ပုမယ်ဆိုတဲ့အယူအဆသည်မှားသည်။ - MFTA

၀ိတ်မရင်အရပ်ပုမယ်ဆိုတဲ့အယူအဆသည်မှားသည်။

၀ိတ်မရင်အရပ်ပုမယ်ဆိုတဲ့အယူအဆသည်မှားသည်။ဘာလို့ လဲဆိုတော့၊ဆယ်ကျော်သက်တွေအလေးမရင်းမတော်တဆတွေဖြစ်၊အရိုးတွေကျိုး၊ Growth plate ပျက်စီးသွားမှသာ ၀ိတ်မရင်လို့ အရပ်မထွက်၊အရပ်ပုသွားတယ်ဆိုတာမျိုးဖြစ်သွားမှာဗျ။ဒါပေမဲ့ကမ္ဘာ့ကာယဗလသမိုင်းမှာနည်းပြအကူအညီနဲ့ ကစားပီးအဲ့လောက်ဆိုးရွားစွာInjury ဖြစ်ဖူးသူရှိပါ့မလားဗျာ။

နောက်တစ်ခုကြုံလို့ ပြောပါရစေဗျ။weight training ကိုစနစ်တကျလေ့ကျင့်မယ်ဆိုရင်အခြားသော အားကစားတွေထက်တောင် ဘေးကင်းတဲ့အားကစားပါဗျ။အရပ်ရှည်ခြင်း၊ပုခြင်းရဲ့ ပင်မအကြောင်းအရင်းကမျိုးရိုးဗီဇကြောင့်ပါ။မိဘက ကင်ပေတိုင်အရပ်နဲ့ သားသမီးက The Rock လောက်ဖြစ်ချင်လို့ မရဘူးလေဗျာ။လိုသလောက်မရပေမဲ့ လုပ်သလောက်ရကြောင်းကို တစ်ချိန်ကဂျပန်ငပုလို့ ကျွန်တော်တို့ခေါ်ခဲ့တဲ့ဂျပန်တွေရဲ့ လက်ရှိ Generation တွေရဲ့ အရပ်ကိုတွေ့ လား။မျိုးဆက်အလိုက် အာဟာရပြည့်ဝစွာစားသောက်နေထိုင်ခြင်းဖြင့်ပျိုးထောင်ခဲ့တဲ့ရလာဒ်တွေပါ။

ဒီတော့ဗျာ၊ဆယ်ကျော်သက်အရွယ်မှာအအိပ်အစားမမှန်၊နေချင်သလိုနေ တခါတလေလစ်ရင်ဆေးလိပ်လေးဘာလေးကစ်နေတာကိုမမြင်ဘဲGym သွားဆော့ကာမှ၊ဒါကြောင့်အရပ်ပုတာလို့ ပြောရင်အရမ်းများသွားပီလို့ ထင်တယ်ဗျာ။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#WeightManagementGuru#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta