၀ိတ်ချမှာလား? အဆီချမှာလား? - MFTA

၀ိတ်ချမှာလား? အဆီချမှာလား?

ဒီ Topic နဲ့ ပါတ်သက်ပီး ကျွန်တော့်အနေနဲ့ ဆောင်းပါးအတော်များများ ရေးသားခဲ့ပီးဖြစ်ပါတယ်။အခြားသော Fitness Professionals တွေလည်းရေးသားထားကြပီးဖြစ်ပါတယ်။ယခုမှ ကျန်းမာရေးလိုက်စားသူအချို့ အမှတ်မှားနေတာကို မြင်ရတဲ့အတွက် ဒီပို့စ်နဲ့ အသိပညာမျှဝေပါရစေ။ဝိတ်ချခြင်းနဲ့ အဆီချခြင်းမတူပါလို့ ပြောတော့ ဘာတွေမတူလည်း သိချင်ကြမှာသေချာပါတယ်။ရှင်းပြပါမယ်။

၀ိတ်ချခြင်း Weight Loss ဆိုတာက ကြွက်သားတွေ၊ ကိုယ်တွင်းမှရေဓါတ်တွေ၊အဆီဓါတ်တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်လျော့ကျသွားခြင်းကိုဆိုလိုပါတယ်။

အဆီချခြင်း Fat Loss ဆိုတာကိုယ်တွင်းမှ အဆီများကိုသာလျော့ချခြင်းဖြစ်ပါတယ်။

၀ိတ်ချဖို့ ဆိုရင်၊ လမ်းလျောက်၊ ရေကူး၊ဘောကန်၊ ပြေး၊ကြိုးခုန်၊ခုန် စတဲ့ကာဒီရိုလေ့ကျင့်ခန်းတွေလုပ်ရုံနဲ့၊ကာဗိိုဟိုက်ဒရိတ်(ဆန်။ဂျုံ၊ပြောင်း၊ပဲ၊အာလူး၊ခေါက်ဆွဲ အစရှိတဲ့)တွေကို အလွန်အကျူးလျော့စားခြင်းသို့ မဟုတ်လုံးဝဖြတ်ထားခြင်း နဲ့ အစားလျော့စားရုံဖြင့် ၀ိတ်တွေတဝုန်းဝုန်းကျပါတယ်။ဒါပေမဲ့ ခန္ဓာကိုယ်အချိုးအစားမပြောင်းလဲသလို၊ လူကလည်းပျော့စိစိနဲ့ ၊ရလာဒ်ကိုလည်းရေရှည်ထိန်းထားနိုင်မှာမဟုတ်ပါဘူး။ပိုဆိုးတာက ၀ိတ်ချခြင်းကြောင့် ခန္ဓာကိုယ်ထဲကကြွက်သားတွေ Loss ဖြစ်သွားခြင်းပါ။ Fat to Muscle Ratio မှာ၊ကြွက်သားနည်းလေလေ၊ metabolic syndrome, heart Diseases and Diabetes နဲ့ ရောဂါဆိုးတွေဖြစ်နိုင်ချေမြင့်လေလေပါပဲ။

အဆီချမယ်ဆိုရင်၊ ၀ိတ်မရမယ်။ ကယ်လိုရီနည်းနည်းစီလျော့ရမယ်။ တန်းပီးကြောင်စာလောက်မစားရဘူး။အသားများများစားရမယ်။ ကာဒီရိုကိုလိုအပ်သလောက်ပဲလုပ်ရမယ်။ရလာဒ်ကအချိန်ကြာမယ်။ဒါပေမဲ့ ရှယ်တန်တယ်။ ခန္ဓာကိုယ်အချိုးအစားစွန်းလှလာမယ်။ပိုကျန်းမာလာမယ်။ စွမ်းအင်ပြည့်လာမယ်။

ဒါကြောင့် ပေါင်ချိန်စက်ပေါ်က၊ ကိန်းဂဏာန်းကို အာရုံမစိုက်ပါနဲ့ ။ပြောင်းလဲလာမဲ့၊ ခန္ဓာကိုယ်အချိုးအစားနဲ့ ကျန်းမာရေးကို အာရုံစိုက်ပါ။တစ်ခုမေးပါရစေ။ သင့်နည်းပြက၊ သင့်ကိုဘယ်လိုစနစ်နဲ့ လမ်းညွှန်နေတာလဲ? ပေါင်ချိန်စက်ပေါ်ကနံပါတ်တွေကျရေးပဲအာရုံပြုနေရင်တော့—– ဒါကြောင့် ၀ိတ်ချခြင်းသည် no good အဆီချခြင်းသည် so good ပါ။

ဒါဆိုဆရာက၊ ဆရာ့စာအုပ်ကို ၀ိတ်ချခြင်းအနုပညာလို့ ဘာလို့ နာမည်ပေးထားသလဲလို့ မေးရင် ရှင်းပြပါမယ်။ SEO အရ weight loss က ပိုပီး Reach ရောက်တဲ့အတွက်ရယ်၊ General public က Google ခေါက်လေ့လာရာမှာ ပထမဆုံးရှာတဲ့စကားလုံးက weight loss ဖြစ်နေလို့ ပါ။ လူများများရဲ့ အယူအဆမှားတွေကိုပြုပြင်နိုင်ဖို့ ဆိုရင်ကိုယ့်အသံသူတို့ ဆီရောက်ဖို့ လိုတယ်လို့ ခံယူပါတယ်။ဒါကြောင့် ၀ိတ်ချခြင်းအနုပညာလို့ နာမည်ပေးလိုက်တာပါ။ စာအုပ်ထွက်တဲ့အခါ ဖတ်ကြည့်ပေါ့ဗျာ။ ဘယ်လောက်သိပ္ပံနည်းကျတဲ့လမ်းညွှန်ချက်တွေနဲ့ အဆီပိုတွေကိုလျော့ချဖို့ ကူညီပေးထားလဲဆိုတာကို။

Are you Ready?

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#FatLoss#WeightLoss#ArtOfWeightLoss#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta