အောင်မြင်မှုနှင့်ဇောက်ချယှဥ်ပြိုင်ခြင်း - MFTA

အောင်မြင်မှုနှင့်ဇောက်ချယှဥ်ပြိုင်ခြင်း

ဇောက်ချလုပ်ပါတဲ့ဒီစကားကို ကျွန်တော်တို့ငယ်စဥ်ဆယ်ကျော် သက်ဘဝဆရာဦးသာအောင်ဆီမှာကစားစဥ်နေ့လည်ဖက်လာကစားသည့်အန်ကယ်လ်တစ်ယောက်အမြဲပြောတတ်သည့်စကား။အရွယ်ရောက်လာတော့လူမှုပတ်ဝန်းကျင်ဆက်ဆံရေးနှင့်လုပ်ငန်းခွင်တွင်ဇောက်ချလုပ်ကိုင်ခြင်းသည်အရေးပါအရာရောက်သည်ဆိုတာကိုသိမြင်လာသည်။

ကိုယ်လုပ်ရမဲ့အလုပ်မှာအောင်မြင်မှုကိုရယူမည်ဟုရည်မှန်းချက်ထားသူတိုင်းကိုယ့်ရည်မှန်းချက်ပြည့်ဝရန်အာရုံထားပြီးဇောက်ချကြိုးစားရမည်။ဇောက်ချမှုမရှိရင်လှုံ့ဆော်မှုမရှိသည့် စွမ်းအင်မရှိသည့်အလုပ်တစ်ခုကိုစလုပ်တာနှင့်တူသည်။ဥပမာပြောရရင် ကျွန်တော်တို့Bodybuilding&Fitnessအားကစားနှင့်မဆိုင် သည့်နယ်ပယ်တစ်ခုဖြစ်သည့်ဘောလုံးနယ်ပယ်မှကမ္ဘာကျော်ဘောလုံးသမား မက်ဆီကို နမူနာယူပြီးပြောပါရစေ။မက်ဆီဟာအလိမ်အခေါက်တွေနဲ့ဂိုးသွင်းကောင်းမွန်မှုကြောင့်ဘောလုံးပရိသတ်အကြိုက်ကစားသမားတစ်ဦးပါ။ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလို့လည်းသတ်မှတ်ခြင်းခံရသူတစ်ဦးဖြစ်တယ်။ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးဆုကို ၂၁နှစ်အရွယ်မှာအမည်စာရင်းပါခဲ့တယ်။တစ်ခြားဆုတံဆိပ်တွေလည်းဆွတ်ခူးနိုင်ခဲ့သူပါ။မက်ဆီ ရယ်လို့ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းမစားခင်က မက်ဆီတစ်ယောက်အခက်အခဲပေါင်းများစွာရင်ဆိုင်ခဲ့ရပါတယ်

၁၁နှစ်သားအရွယ်မှာဟော်မုန်းဓာတ်ကျဆင်းမှူအဆမတန်များလာကြောင်းဆရာဝန်ရဲ့စစ်ဆေးချက်မှာတွေ့ရှိခဲ့တယ်။အဲ့အချိန်မှာ အာဂျင်တီးနားနိုင်ငံရဲ့ကလပ်တစ်ခုဖြစ်တဲ့ ရေဗားပလိတ် ပရီမီးယားလ် ကလပ်အသင်းကသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားတယ်။ဆေးကုသဖို့စရိတ်ကမရှိတဲ့မက်ဆီတစ်ယောက်စိတ်ဓာတ်ကျနေချိန်မှာ FAဘာစီလိုနာ ကလပ်အသင်းက သူ့ကစားပုံကိုကြိုက်နှစ်သက်ပြီး စပိန်ကို လာဖို့ ကမ်းလှမ်းတယ် ဆေးကုသစရိတ်ပါကျခံပေးမယ်လို့သဘောတူညီပြီး သူ့ကိုခေါ်ယူခဲ့တယ်။

အဲ့အချိန်ကစပြီးမက်ဆီတစ်ယောက်သူ့ရဲ့Skillကိုပိုတိုးတက်အောင်လုပ်ဖို့သာ ဇောက်ချလုပ်ကိုင်ခဲ့ပြီး ဟော်မုန်းပြဿနာကို မေ့ကာ ဘယ်လိုနည်းနဲ့မှဒုက္ခိတမဖြစ်စေရအောင်သူကြိုးစားခဲ့တယ်။ကွင်းထဲမှာမက်ဆီတစ်ယောက်အပြင်းအထန်လေ့ကျင့်ခဲ့တယ်။သူ့ရဲ့အရည်အချင်းတွေဟာတစ်ခြားပြိုင်ဘက်တွေကိုကျော်လွန်နိုင်ဖို့သူ့ရဲ့တစ်ခုတည်းသောနည်းလမ်းဟာဇောက်ချ လုပ်မှုပဲဖြစ်တယ်။သူ့ကစားဟန် သူ့အလိမ်အခေါက် သူ့Skillတွေကြောင့်သူ့ကို ဘောလုံးသမားဟောင်း မာရာဒိုနာနဲ့ နှိုင်းယှဥ်လာကြတယ်။မာရာဒိုနာကိုယ်တိုင်ကတောင် ခေတ်သစ်မာရာဒိုနာလို့​ကြေညာခဲ့တယ်။ဘာစီလိုနာရဲ့မရှိမဖြစ်Key player ဖြစ်ခဲ့တယ်။

လူကြိုက်များတဲ့အားကစားလည်းဖြစ်ကိုယ်တိုင်လည်းထူးချွန်သူဖြစ်လာတာမို့ကျော်ကြားမှုအရှိန်အဟုန်ကတော့ယနေ့အထိပါပဲ။ကျွန်တော်တို့နိုင်ငံမှာတော့ Bodybuilding&Fitnessဆိုတာ လူကြိုက်များတဲ့အားကစားထဲမှာမပါသေးပါဘူး။သို့သော်ငြား ကျွန်တော်တို့Myanmarfitnessမှာဆောင်းပါးတွေစတင်ရေးခဲ့သည် ၂၀၀၇နောက်ပိုင်းကာလတွေထက်စာရင်အများကြီးတိုးတက်လာပါပြီ။ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ဝါသနာပါတဲ့အားကစားဟာမြန်မာနိုင်ငံမှာကျော်ကြားမှုနည်းပြီးနောက်လိုက်နောက်ပါနည်းပါးပြီး မြေတောင်မြှောက်အားပေးမှု နည်းတဲ့အားကစားတစ်ခုပါ။

ဒီလိုလူကြိုက်နည်းလှတဲ့အားကစားမှာဇောက်ချပြီးအောင်မြင်အောင်ကြိုးစားနေတဲ့အားကစားသမားတွေကိုအရမ်းလေးစားပါ တယ်။ဒီအားကစားနည်းကိုမှလိုက်စားကြသူလူနည်းစုဟာဒီအားကစားနည်းကိုကစားရတာ အလေးပြားတွေကို ခွန်အားအပြည့်နဲ့ တွန်းထုတ်နေရတာကို ခုံမင်လို့သာ တစ်စိုက်မတ်မတ်ကစားကြတာဖြစ်ပါတယ်။တစ်စိုက်မတ်မတ်နဲ့ ကစားပြီး ယှဥ်ပြိုင်ခြင်းမှသည် အောင်မြင်မှုကိုရရှိခဲ့သူများဖြစ်သည်။

ထိုသို့သော စီနီယာ ပြိုင်ပွဲဝင်များကိုဒီဘက်ခေတ် ဂျူနီယာသမားတွေနမူနာယူရမည်။ပြိုင်ပွဲတက်ဖို့စဥ်းစားထားတယ် ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် စိတ်အတွေးယိမ်းယိုင်ပြီး လမ်းကြောင်း သွေဖည်မသွားပဲ ပြိုင်ပွဲအတွက်ဇောက်ချပြီး သေချာ လေ့ကျင့်ပြင်ဆင်ပါ။လွယ်ကူမှာလား ခက်ခဲမှာလားဆိုတာတော့ မေးစရာမလိုပေ။ပြိုင်ပွဲဝင်သမားတစ်ယောက်အဖို့ အခက်အခဲအတားအဆီးဆိုတာ ဘဝမှာအစိတ်အပိုင်းနဲ့ပါဆယ် ထုတ်ဖြစ်ပါတယ်။

ဒဏ်ရာရမှာလား ၊ အိမ်ကအားပေးမှူရှိရဲ့လား၊လိုအပ်သည့်ကုန်ကျစရိတ်ကိုသုံးနိင်ပါ့မလား၊ပြိုင်ပွဲအမှီTargetထားသည့် ဘော်ဒီဝိတ်ကို တင်နိုင်ချနိုင်ပါ့မလား၊ဝေဖန်ကဲ့ရဲ့မှုတွေဘယ်လောက်များနေမလဲ၊ပြိုင်ဖက်ကောင်းတွေကိုကျော်နိုင်ပါ့မလားစသည့် လားပေါင်းများစွာသင့်ခေါင်းထဲမှာရှိနေမည်။ဒါတွေကို ပြိုင်ပွဲဝင်မှန်ရင် မုချမလွဲကြုံတွေ့ရမည်။ဒါတွေကို ဘယ်လိုကျော်လွားမလဲ?အထက်မှာပြောခဲ့သလို ဇောက်ချလုပ်ကိုင်မှုနဲ့ စိတ်ဓာတ်စွမ်းအားတို့ပေါင်းစပ်ပြီးကျော်လွှားရပါမယ်။ဒါပေ့မယ်လူငယ်လူသစ်တွေဟာလွယ်တဲ့လမ်းပဲအလွယ်လိုက်ပြီး အလွယ်ပဲစွန့်လွှတ်တတ်ကြပါတယ်။ဒီလုပ်ရပ်ဟာနာမည်ကျော်အားကစားသမားတစ်ယောက်ဖြစ်လာဖို့အတွက်အတား အဆီးတစ်ခုပါ။

မိမိတကယ်ဝါသနာပါတယ် တကယ်နာမည်ကျော်ဖြစ်ချင်တယ်ဆိုရင် ဇောက်ချပြီးကြိုးစားပါ။ဇောက်ချပြီး ကြိုးစားတဲ့အားကစားသမားဟာဒီအားကစားကိုဘယ်လောက်မြတ်နိးတယ် ဘယ်လောက်ထိရည်မှန်းချက်ထားပြီး လုပ်ကိုင်နေတယ်ဆိုတာ သက်သေပြနေတာပါ။ဇောက်ချကြိုးစားခြင်းကနေကြုံတွေ့လာတဲ့အခက်အခဲတွေကိုကျော်လွားဖို့အတွေ့အကြုံတွေရရှိလာမှာပါ။စိတ်စွမ်းအားရှိတဲ့နေရာမှာလမ်းကြောင်းရှိတယ်ဆိုတဲ့စကားလိုပါပဲ ဇောက်ချမှူရှိရင် အကျပ်တည်းဆုံးအ က်အခဲတွေတောင်ကျော်လွားနိုင်ပါတယ်။ဒါဟာ စစ်မှန်တဲ့ ရည်မှန်းချက်ရှိတဲ့ အားကစားသမားတစ်ယောက်ရဲ့စိတ်ဓာတ်အမှန်ပါ။ နောက်အပိုင်းမှာ ဇောက်ချယှဥ်ပြိုင်ခြင်းကနေအောင်မြင်မှုရရှိလာသည့်အားကစားသမားများအကြောင်းကို ဆက်လက်ရေးသားပေးပါမည်။

အပိုင်း ၂ ဆက်လက်ရေးသားပေးပါမည်။

အောင်အောင် (လှိုင်)

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta