အအိပ်နှင့် ကိုယ်အလေးချိန်လျော့ချခြင်း - MFTA

အအိပ်နှင့် ကိုယ်အလေးချိန်လျော့ချခြင်း

လူအတော်များများက ဝိတ်ချတော့မယ်ဆိုရင်အစားတွေလျော့စားကြသလို အအိပ်ကိုပါလျော့လိုက်တတ်ကြတယ်။ အဲ့ဒါက မှားပါတယ်။

ဝိတ်ချတော့မယ်ဆိုရင် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အစားလျော့စား ခြင်းတို့ ကဲ့သို့ ပင်အအိပ်ကလည်း ထပ်တူ အရေးပါပါတယ်။

Study of US Adults ၏အဆိုအရ အရွယ်ရောက်ပီးသူ ၃၀% ဟာ တညကို ခြောက်နာရီ အောက်ပဲ အိပ်ချိန် ရှိပါတယ်တဲ့ဗျာ။ ကျွန်တော်တို့ နိုင်ငံလည်း ထူးမခြားနားပါပဲCoz ဖုန်းအော်ပရေတာတွေက data packages တွေကို ညဖက်မှ Discount ပေးလို့ ပါ

အဆီချဖို့ ခက်နေသူတွေ အနေနဲ့ အအိပ်ရဲ့ အရေးပါပုံကို သတိမပြုမိတဲ့ အချက်ပါ။

အိပ်ရေး မဝခြင်းက အစာစားလိုစိတ်ကို တိုးလာစေနိုင်ပီး ဟိုမုန်း အပေါ်လည်း သက်ရောက်မှု ရှိပါတယ်။(stress)

အအိပ်နည်းခြင်းက မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလျော့ကျစေပါတယ်။ဒါကြောင့် ကယ်လိုရီပါဝင်မှုများသော အစားများကို မှီဝဲမိစေပါတယ်။အဆီချလိုပါက အိပ်ရေးဝအောင် အိပ်ဖို ့က အရေးကြီးသော အချက်ပါလို့ အသိပေးလိုပါကြောင်း။

ဝိတ်ကျဖို့ ခက်နေရင် သင်စားတဲ့ ကယ်လိုရီပမာဏ များနေသေးတာ ဂရုပြုပါ။

ဝိတ်တင်ချင်တာ မတက်ရင် သင်စားတဲ့ ကယ်လိုရီ နည်းနေသေးတယ်ဆိုတာ သတိပြုပါ။

အမျိုးသားတွေ အနေနဲ့ stretching ပိုမိုလုပ်ဖို့ လိုအပ်သလို

အမျိုးသမီးတွေ အနေနဲ့ လည်း အလေးကို နိုင်သလောက် တိုးမဖို့ လိုအပ်ပါတယ်။

တခါတလေ ပိုစားမိလို့ နောက်နေ့ မှာ အစားတွေလျော့စားတာမျိုး ကာဒီရိုပိုလုပ်တာမျိုးမလုပ်ဘဲ ပုံမှန် စနစ်တကျသာ စားသောက်ပါ။

လှုပ်ရှားတက်ကြွစွာ နေပါ။ အထိုင်များခြင်းရဲ့ ဆိုးကျိုးကို ဆောင်းပါး ရေးတင်ပေး ပါဦးမယ်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#FitMyanmarProject#MakeMyanmarFit#gurunaing#sleep#sleepdeprivation#stress#metabolism#hunger#obese#weightgain#weightloss#fat#adipose#lifestyle#calories#Myanmar#Adults

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta