အဝလွန်သူများနှင့် Visceral Fat ရဲ့ အန္တရာယ် - MFTA

အဝလွန်သူများနှင့် Visceral Fat ရဲ့ အန္တရာယ်

ကျွန်တော့်ဆီက ပရိုဂရမ် ဝယ်သူများဖြစ်စေ၊ကျွန်တော့်Team က Trainer များနှင့် Personal Training ကစားလိုသူများကို ဖြစ်စေ ၎င်းတို့ ထံမှ ကျွန်တော်ပထမဆုံး တောင်းဆိုသည်က Tanita ဖြင့် Body Fat ရော visceral fat ပါတိုင်းပေးရန် ဖြစ်သည်။ အကယ်၍ Client နေထိုင်ရာ အရပ်ဒေသတွင် Tanita တိုင်းရန် မလွယ်မှသာ second option ကိုစဉ်းစားခြင်းဖြစ်သည်။

ဒီတော့ လိုရင်းပြန်ဆက်ရရင် Tanita တိုင်းခိုင်းခြင်းရဲ့ Main Reason သည်၊ visceral fat ကိုသိရှိရန်ဖြစ်သည်။ Subcutaneous fat သိချင်ရုံလောက်နဲ့ တော့ Skinfold caliper သုံးရင်တောင် အိုခေနေပါပီ။

Subcutaneous Fat ဆိုတာ ခန္ဓာကိုယ် အရေပြားအောက်မှာ သိုလှောင်ထားသော အဆီဖြစ်ပီး

Visceral Fat သည်၊ ဝမ်းဗိုက်အတွင်း ကလီစာများပါတ်လည်နှင့် ကလီစာများအတွင်း သိုလှောင်သော အဆီဖြစ်ပီး၊ အဝလွန်ခြင်းရဲ ့ဆိုးကျိုးအားလုံးလိုလိုသည် ၎င်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည် ။

Visceral fat သည် pro inflammatory molecules များကိုထုတ်လွှတ်ပေးပီး၊ ၎င်းမော်လီကျူးများသည်၊ ကိုယ်တွင်း အင်္ဂါများ၏ လုပ်ဆောင်ချက်များကို ဖောက်လွဲ ဖောက်ပြန်ဖြစ်စေသည်။

ဥပမာ- အသည်းသည် Triglycerides များများ ထုတ်ပေးသည့် ဖြစ်စဉ်မျိုးနှင့် Pancreas သည်၊ အင်ဆူလင်ကောင်းမွန်စွာ မထုတ်လုပ်တော့ခြင်းမျိုး ဖြစ်စေနိုင်ပါသည်။ ကိုယ်တွင်းမှာ Visceral Fat များလေလေ၊

နှလုံးရောဂါ

ဆီးချို

သွေးတိုး

Sarcopenia ခေါ် skeletal muscle massနှင့် ၎င်း၏လုပ်ဆောင်ချက်များ ဆုံးရှုံးခြင်း၊

Metabolic Syndrome ဟုခေါ်သော ရောဂါဆိုးများ၏ အရင်းအမြစ်နှင့်၊ အသက်သေဆုံးခြင်းသို့ တိုင် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေပါသည်။

ကယ်လိုရီ များစွာ စားသုံးခြင်းသည်၊အဆီသိုလှောင်စေနိုင်သော်လည်း အချို့ သူများတွင်BMI နိမ့်သော်လည်း genetic အရ Visceral Fat များစွာ သိုလှောင်ထားမိနိုင်သည်။

လေ့ကျင့်ခန်း မလုပ်ခြင်းကလည်း၊ visceral fat သိုလှောင်မှု များစေနိုင်သည်။စားသုံးသော အာဟာရတွင် saturated fat(ပြည့်ဝဆီ) များစွာပါဝင်ခြင်းနှင့်၊ sugar၊ကယ်လိုရီများစွာ ပါဝင်ခြင်းက visceral fat ပမာဏတက်ရသည့်၊ အခြေခံ အကြောင်းအရင်းများဖြစ်သည်။

Visceral fat လျော့ချမယ်ဆိုရင်

-ကိုယ်အလေးချိန် လျော့ချရပါမယ်။

ယုတ်စွအဆုံး လေ့ကျင့်ခန်း လုပ်တဲ့အခါကိုယ်အလေးချိန် မကျရင်တောင် visceral Fat ကျသွားပါတယ်။ ပြန်ဖတ်ပါ၊။

လေ့ကျင့်ခန်း လုပ်ပီဆိုရင် ဝိတ်ကျ/မကျ ထက်ဆိုးကျိုးများလွန်းတဲ့ visceral fat ကျသွားမှာကမြေကြီးလက်ခတ် မလွဲပါ။

ပြည့်ဝဆီလျော့စားပါ။ ကယ်လိုရီ လျော့စားပါ။ အချို လျော့စားပါ။

ဒီတော့ ဝတာက ပြသနာမဟုတ်ပေမဲ့ visceral Fat ကပြသနာ ဆိုတာရယ် ၊Gym ကစားပီးဝိတ်မကျလို့ စိတ်ဓါတ်ကျစရာမလိုပေမဲ့ visceral fat ကျသွားတာက ဝမ်းသာစရာဆိုတာရယ် သိရင် ကျေနပ်ပီ။

ဘာတွေဆော့ရမလဲ၊ ဘာတွေစားရမလဲ၊ ဘယ်လောက်စားရမလဲ တိတိကျကျ လမ်းညွှန်ချက်ရယူလိုပါက၊ ကျွနိတော်တို့ ရဲ့ Service ကိုရယူနိုင်ပါသည်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#Obesity#Fat#VisceralFat#ObesityCheck#BMI#BMR#BodyFatTips#Health#Genetic#ExerciseGuide#ExerciseTips#FatLossTips#GymTrainer#WorkoutTips#SaturatedFat#UnsaturatedFat

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta