အဝလွန်တယ်ဆိုတာ - MFTA

အဝလွန်တယ်ဆိုတာ

အဝလွန်တယ်ဆိုတာ အလွယ်ပြောရရင်ရှိသင့်တဲ့အဆီပမာဏထက်များတာကိုဆိုလိုတာပါ။ခန္ဓာကိုယ်မှာအဆီမရှိသူဆိုတာမရှိပါဘူး။နည်းတာနဲ့များတာပဲကွာပါတယ်။အဆီပြင်တွေကိုအဆီဆဲလ်နဲ့တည်ဆောက်ထားတာပါ။

အရွယ်ရောက်သူအမျိုးသမီးတစ်ဦးမှာအဆီပြင်ပမာဏဟာကိုယ်အလေးချိန်ရဲ့ ၁၈%မှ၃၀%ခန့်ရှိပါတယ်။အမျိုးသားမှာ၁၀%မှ၁၈%လောက်ရှိတတ်ပါတယ်။ကြွက်သားတွေအတိပြီးနေတဲ့ကာယဗလသမားတစ်ယောက်မှာအဆီရာခိုင်နှုန်းက ၄%ထိနည်းတတ်ကြတယ်။ခန္ဓာကိုယ်ဟာအစားအစာကရတဲ့ကာဘိုဟိုက်ဒရိတ်ကိုဂလူးကို့စ်သကြားအဖြစ်ပြောင်းပြီးအလုပ်လုပ်ရာမှာအင်အားအဖြစ်သုံးပါတယ်။မသုံးဖြစ်သေးတဲ့ဂလူးကို့စ်တွေကိုနောင်လိုအပ်ရင်သုံးဖို့အတွက်ဂလိုက်ကိုဂျင်ဆိုတဲ့ကာဘိုဟိုက်ဒရိတ်အဖြစ်ကြွက်သားများနှင့်အသည်းမှာသိမ်းဆည်းပါတယ်။

ဒီထက်ပိုတာတွေကိုအဆီပြင်အဖြစ်ခန္ဓာကိုယ်မှာသိမ်းဆည်းတယ်။အစားအစာကရတဲ့အဆီဓာတ်ကိုခန္ဓာကိုယ်ဆဲလ်များတည်ဆောက်ခြင်းဟော်မုန်းများထုတ်လုပ်ခြင်းဆိုတဲ့လုပ်ငန်းတွေမှာအသုံးပြုပြီး အစားအစာကရတဲ့ပရိုတင်းကိုခန္ဓာကိုယ်ကြွက်သားများတည်ဆောက်ခြင်းအင်ဇိုင်းများထုတ်လုပ်ခြင်းကလီစာတည်ဆောက်ခြင်းမှာသုံးပါတယ်။ပိုနေတာတွေကိုနောင်အခါလိုအပ်ရင်သုံးဖို့အဆီပြင်အဖြစ်ပြောင်းလဲစုဆောင်းပါတယ်။

ဒီတော့ကာဘိုဟိုက်ဒရိတ်ဖြစ်ဖြစ်ပရိုတင်းဖြစ်ဖြစ်လိုတာထက်ပိုစားရင်အဆီပြင်ဖြစ်တာပါပဲ။တစ်နေမှာ၅၀၀ကယ်လိုရီပိုစားရင်တစ်ပတ်ဆို၃၅၀၀ကယ်လိုရီစုဆောင်းမိပြီးအလေးချိန်၁ပေါင်တက်လာနိုင်ပါတယ်။ဒါဟာကိုယ်အလေးချိန်တိုးရခြင်းကိုအကျဉ်းချုံပြောပြတာပါ။အဆိုပါကိုယ်အလေးချိန်တက်လာခြင်းအပေါ်မှာစိုးရိမ်စိတ်ကြီးပြီးအလောသုံးဆယ်ဖြင့်အဆီချ့ကြိုးစားရင်းအဆီမကျဖြစ်နေတဲ့သူတစ်ချို့အတွက်သတိမထားမိတဲ့အချက်လေးတွေကိုရေးသားပေးလိုက်ပါတယ်။

အဆီမကျမှုနှင့်အလုပ်အကိုင်အဆီချသူတစ်ယောက်အနေနှင့်တစ်နေကုန်နီးပါးထိုင်ရသောအလုပ်မျိုး (ဥပမာ -ငွေကိုင်-ကွန်ပျူတာစာစီသမား)လုပ်နေရသူတစ်ဦးဆိုပါစို့။ထိုသူသည်အဆီချလေ့ကျင့်ခန်းများပြုုလုပ်နေသော်လည်းအခြားအဆီချသူနှင့်နှိုင်းယှဉ်လျင်ပို၍ကြန့်ကြာတတ်သည်။လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီးအဆီမြန်မြန်ကျရန်မလွယ်ကူပေ။

အကောင်းဆုံးဖြေရှင်းနည်းကအချိန်ရခိုက်တွင်လမ်းလျောက်ပေးပါ။လမ်းလျောက်ခြင်းသည်နေရာမရွေးအချိန်မရွေးသက်သက်သာသာပြုလုပ်နိုင်သောနည်းလမ်းဖြစ်သည်။တစ်နေ့ကိုခြေလှမ်းတစ်သောင်းခန့်လျောက်ပေးနိုင်လျင်အကောင်းဆုံးပင်ဖြစ်သည်။

ကယ်လိုရီပမာဏကိုသတိပြုပါအဆီချသမားများအများဆုံးပြောတတ်ကြသည်မှာအစားလျော့စားနေတာပဲဝိတ်မကျဘူးဆိုတာပါ။အကြောင်းရင်းတွေဆန်းစစ်ကြည့်လိုက်ရင် စားသောက်တဲ့ပမာဏလျော့စားပေ့မယ်စားသောက်နေတဲ့အစားအစာမှာကယ်လိုရီပမာဏပါဝင်မှုသိပ်သည်းနေတတ်ပါတယ်။ဒါကြောင့်အင်တာနက်မှဖြစ်စေနားလည်တတ်ကျွမ်းသူများထံမှဖြစ်စေအစားအသောက်နှင့်ပတ်သက်၍ကယ်လိုရီပမာဏအချိန်အဆများကိုလေ့လာပါ။ကယ်လိုရီများလေအဆီပိုစုလေဆိုတာမမေ့ပါနဲ့။အာဟာရကိုဂရုတစိုက်တွက်ချက်စားသောက်ခြင်းသည်လည်းအဆီချရာတွင်အဓိကသော့ချက်ဖြစ်သည်။

အင်ဆူလင်ကိုရယူပါအစားအသောက်ကိုစနစ်တကျတွက်ချက်စားသောက်သော်လည်းတစ်ချို့အဆီမကျသည့်အပြင်ပိုဝလာသူများရှိသည်။ဒါဆိုရင်အင်ဆူင်ဟော်မုန်းဓာတ်ကိုရယူဖို့ဆန့်ကျင်နေတာဒါမှမဟုတ် metabolic sydromeဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်။ခန္ဓာကိုယ်ဟာသွေးတွင်းသကြားဓာတ်ကိုချေဖျက်ပေးနိုင်တဲ့အင်ဆူလင်ကိုခုခံနေသူဆိုရင်သင်စားလိုက်တဲ့အစားအစာတွေကိုစွမ်းအင်အဖြစ်မသိုလှောင်ပဲအဆီပိုအဖြစ်ပြောင်းလဲလိုက်တာကြောင့်ကိုယ်အလေးချိန်တိုးနိုင်ပါတယ်။

အင်ဆူလင်ပြန်လည်ရရှိရန်အလွယ်ကူဆုံးနည်းလမ်းကကာဘိုဟိုက်ဒရိတ်လျော့စားပြီးလေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်းပါ။အဆီများတဲ့အစားအစာနှင့်အချိုဓာတ်များတဲ့မုန့်တွေရှောင်ပါ။အသီးအရွက်နှင့်ပရိုတိန်းဓာတ်ပါသောအစားအစာစားသုံးပေးပြီးလေ့ကျင့်ခန်းပြုလုပ်ခြင်းလမ်းမှန်မှန်လျောက်ပေးခြင်းတို့ကဇီဝရုပ်ဖြစ်ပျက်မှုကိုကောင်းမွန်စေပြီးအဆီကျစေပါတယ်။

လေ့ကျင့်ခန်းနှင့်စားသုံးမှုလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီးတစ်ဖက်ကအစားအသောက်မဆင်ခြင်ရင်လည်းအချည်းနှီးပါ။မနက်စောစောခရီးရှည်ပြေးလေ့ရှိသူတစ်ယောက်ဟာအပြန်မှာဗိုက်ဆာဆာနဲ့အဆီပါဝင်မှုများတဲ့အစားအသောက်တွေစားသုံးမယ်ဆိုအိမ်မှာထိုင်နေတာအကောင်းဆုံးပါ။လေ့ကျင့်ခန်းလုပ်တာကျန်းမာရေးအတွက်ကောင်းပါတယ်ဒါပေမယ့်အချိန်အများကြီးပေးပြီးမှအဆီမကျဘူးဆိုရင်သင်တစ်ခုခုလိုအပ်ချက်ရှိနေပါပြီ။အလောတကြီးစာသုံးခြင်းအစာအသောက်ကိုဝံပုလွေတစ်ကောင်ကိုအငမ်းမရအလောသုံးဆယ်စားသုံးတတ်ခြင်းသည်သင့်ကိုဝိတ်တက်စေသည့်အကြောင်းရင်းများတွင်တစ်ခုအပါအဝင်ဖြစ်သည်။

ယနေ့ခေတ်လိုITအသုံးအဆောင်တွေပေါများနေချိန် အလုပ်တွေများနေချိန်မှာအစားအသောက်ကိုတစ်လုတ်ချင်းကြေညှက်အောင်မဝါးနိုင်ခြင်းကလည်းဇီဝဖြစ်ပျက်မှုပျက်ယွင်းပြီးအဆီပိုက်စေပါတယ်။အစားအသောက်ကိုဖြည်းဖြည်းစားသုံးခြင်းကအလွယ်တကူဗိုက်ပြည့်တင်းတိမ်စေပြီးအများကြီးစားသုံးမိခြင်းမဖြစ်စေပါဘူး။(ထိုအကြောင်းအရာကိုနောက်ပိုင်းတွင်အသေးစိတ်ရေးပေးပါမည်)နံနက်စာမစားခင်လေ့ကျင့်ပါအဆီချနေသူတစ်ယောက်အနေနှင့်နံနက်စာမစားခင်လေ့ကျင့်တာပိုထိရောက်ပါတယ်။

ဆိုလိုတာကတစ်ညလုံးအစာမစားထားတော့သွေးထဲမှာသကြားဓာတ်နည်းနေပါတယ်။လေ့ကျင့်ခန်းပြုလုပ်ချိန်သွေးထဲမှာသကြားဓာတ်နည်းနေတော့အင်အားအတွက်အဆီကိုထုတ်သုံးပါတယ်။ကာယလှုပ်ရှားမှုပြီးပြီးချင်းမှာအစာမစားသင့်ပါဘူး။မစားဘဲနေရင်သွေးထဲမှာရှိတဲ့အဆီကိုကြွက်သားတွေကအင်အားအဖြစ်ယူသုံးလိုက်ပါတယ်။တဖြည်းဖြည်ချင်းအစားလျော့ပါအဆီကျချင်စိတ်လွန်ကဲပြီးအစားအသောက်အလွန်မင်းလျော့ချချင်းကအသက်အန္တရာယ်ရှိပါတယ်။တဖြည်းဖြည်းချင်းလျော့ပြီးစာသုံးသွားချင်းသည်အောင်မြင်မှုကိုရရှိရန်စောင့်ဆိုင်းချိနိကြာသော်လည်းရေရှည်ရလဒ်ကောင်းပါတယ်။

#အောင်အောင်_လှိုင်

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta