အမျိုးသမီးတွေရဲ့ ၂၅% လောက်က မိမိခန္ဓာကိုယ်ကိုမကြာခဏ ဆန်းစစ်နေတတ်တယ်လို့ သုတေသနတွေကဆိုပါတယ်။ - MFTA

အမျိုးသမီးတွေရဲ့ ၂၅% လောက်က မိမိခန္ဓာကိုယ်ကိုမကြာခဏ ဆန်းစစ်နေတတ်တယ်လို့ သုတေသနတွေကဆိုပါတယ်။

(ကျွန်တော့်အမြင်အဲ့ထက်ပိုမယ်လို့ ထင်တယ်ဗျ ဘာလို့ လဲဆိုတော့ မှန်အရှေ့ ကဖြတ်လျောက်တိုင်း ကွကိုယ်ပြန်ကြည့်တတ်တာမိန်းမတိုင်းလိုလိုပဲလေ )

90% ခန့် သော အမျိုးသမီးငယ်တွေဟာသူတို့ လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံရနိုင်ကောင်းပါရဲ့ ဆိုတဲ့အတွေး တွေနဲ့ ကျန်းမာရေးထိခိုက်သည်အထိ အစားလျော့စားဖို့ တောင်Ready ရှိနေတယ်လို့ survey တစ်ခုကဆိုပါတယ်။ ဒါကြောင့်လည်း တပွဲတိုး ဝိတ်ကျဆေးတွေ၊ ဒိုင်းယက်တွေ၊ influencer တွေရဲ့ Program တွေက အမျိုးသမီးတွေကိုတားဂတ်ထားတာ မြင်နိုင်ပါတယ်။

ဘာကြောင့်အဲ့လိုတွေဖြစ်ရသလဲဆိုတော့ – ကိုယ်အလေးချိန်နဲ့ အချိုးအစားကို အတိုင်းထက်အလွန် တန်ဖိုးထားခြင်းနှင့် တခြားသူတွေကိုယ့် body အပေါ်အာချောင်တဲ့မှတ်ချက်တွေကို serious ဖြစ်လွန်းခြင်း တို့ ကြောင့် extreme dieting mistakes တွေရယ်၊ unhealthy weight control behavior တွေနဲ့ လက်ပွန်းတတီးဖြစ်ပီး၊ ရေရှည်မှာ အကျိုးထက်အဆိုးတွေသာ ကြုံရမှာဖြစ်ပါတယ်။

ဒါကြောင့် physical appearance ထက်Physical health and mental wellbeing ကပိုအရေးကြီးတာမမေ့ပါနဲ့ ။

မှတ်ထားပါ ညီမတို့ – ပေါင်ချိန်စက်ပေါ်ကကိန်းဂဏာန်းတွေက၊ ညီမတို့ ရဲ့ ဖြစ်တည်မှုကိုတိုင်းတာတဲ့စံနှုနိးတွေမဟုတ်လို့ ၊ ကိုယ်ရဲ့ Self worth ကို physical appearance နဲ့ တန်ဖိုးမဖြတ်မိပါစေနဲ့ ။ ဒါဆိုရင် healthy Ways တွေနဲ့ ဝိတ်ချဖို့ အတွက် စိတ်ရှည်လာမှာပါ။ ပုသည် ဖြစ်စေ၊ ရှည်သူဖြစ်စေ ဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေမဲသည်ဖြစ်စေ You are better than you Think ပါ

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta